Knowledge

အဲကွန်းကို အမြင့်ဆုံးဖွင့်ထားပေမယ့် နေ့လည်နေ့ခင်းဖက်မှာ မအေးရတဲ့ အကြောင်းရင်း

အဲကွန်းကို အမြင့်ဆုံးဖွင့်ထားပေမယ့် နေ့လည်နေ့ခင်းဖက်မှာ မအေးရတဲ့ အကြောင်းရင်း..

ပုံမှန်အခြေအနေမှာအေးနေတဲ့အဲကွန်းတွေ နေ့လည်ရောက်ရင်မအေးတာက ပြင်အပူချိန်က အဲကွန်းစက်အများစုရဲ့ ဒီဇိုင်းအပူချိန် ကျော်ကိုကျော်နေလို့ပါ။ အဲကွန်းအောက်ဒိုးက အရိပ်ထဲရှိမနေတဲ့ စက်အများစုက စက်ဖွင့်ထားပေမယ့် နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီလောက်ကြား မအေးတတ်ပါ။ ညပိုင်းကြရင် ပြန်အေးပါလိမ့်မယ်။ (ညပိုင်းထိ ပြန်မအေးရင်တော့ ကျွမ်းကျင်သူသာခေါ်ပါတော့)

မီးအားနိမ့်တဲ့နေရာတွေဆိုရင် အပူချိန်အရမ်းမြင့်ချိန်မှာဖွင့်ရင် စက်ပျက်တာတွေပါဖြစ်နိုင်ပါတယ်။ တချို့ကလဲ စက်က အပူချိန်များလွန်းလို့ စက်မအေးရင် ပိုအေးအောင်ဆိုပြီး.ရီမုတ်ကို 16’C ထိ လွဲမှာစွာထားတတ်ကြပါတယ်။ ရီမုတ်ကို အပူချိန်နိမ့်ထားလို့လည်း စက်ကပိုအေးတာမဟုတ်ပါ။ ရီမုတ်ကအပူချိန်က အခန်းရဲ့အပူချိန်ကို ကိုယ်လိုချင်တဲ့အနေအထား အပူချိန်ကိုချိန်ပေးတာပါ။ စက်ကိုပိုအေးအောင် မလုပ်ပေးနိုင်ပါ။ ရီမုတ်က အပူချိန်ကို နှိမ့်ထားလေလေ မလိုအပ်ပဲ မီတာခပိုကုန်တာပဲအဖတ်တင်မှာပါ။

အကောင်းဆုံးထားသင့်တဲ့အပူချိန်က 22’C နဲ့ 25’C ကြားပါ။ စက်ကောင်းနေရင် အေးပါတယ်။ တကယ်လို့ ဒီရာသီမှာစက်က ကောင်းကောင်းမွန်မွန်အလုပ်လုပ်လို့ အခန်းအပူချိန်နိမ့်ထားမိရင်..မတော်တဆ အပြင်ကပြန်လာချိန် အဲဒီအခန်းထဲဝင်မိရင် အပူချိန်ကွာဟချက်က.. 40’C.. ကနေ 20’C အောက်အခန်းထဲရောက်သွားလို့ ခန္ဓာကိုယ်အတွက် အပူချိန်အပြောင်းအလဲများလွန်းလို့ မလိုလားအပ်တဲ့ပြသနာဖြစ်ပြီး ဖျားတာနာတာဖြစ်နိုင်ပါတယ်။

အခုအချိန်မှာ စက်ကပူလွန်းလို့အလုပ်မလုပ်နိုင်ရင် ခဏတနာရီလောက်အနားပေးပြီးမှပြန်ဖွင့်ပါ။ ဒါမှမဟုတ် Fan Mode ပဲ High ထားပြီးဖွင့်ထားပါ။ ညပိုင်းထိပြန်မအေးတော့ရင်တောဖြစ်စေ၊ အဲကွန်းအောက်ဒိုးက ကျနေဘက်မှာ မရှိပဲ အရိပ်ထဲမှာ ရှိနေလျှက်နဲ့ မအေးတော့ရင်ဖြစ်စေ အဲကွန်းကိုဆားဗစ်လုပ်ပါ။ တတ်ကျွမ်းသူနဲ့စစ်ဆေးပါ။ ဆားဗစ်မလုပ်လို့ ညစ်ပတ်နေပြီး အပူထုတ်အားကျလို့ အခန်းထဲမှာအပူချိန်မကျပဲ စက်ကမအေးတာလဲဖြစ်နိုင်သလို ဂက်စ်နည်းလို့ စက်ချွတ်ယွင်းနေလို့လည်းဖြစ်နိုင်လို့ပါ။

ကိုနန္ဒမိုး

Leave a Comment

You cannot copy content of this page