Knowledge

မြန်မာတွေအတွက် လုံးဝ ကြောက်စရာမလိုတဲ့ မျောက်ကျောက်ရောဂါနဲ့ အချက် (၃) ချက်

မြန်မာတွေအတွက် လုံးဝ ကြောက်စရာမလိုတဲ့ မျောက်ကျောက်ရောဂါနဲ့ အချက် (၃) ချက်..

မျောက်ကျော်ရောဂါ Monkeypox (မြန်မာတွေက pox တွေကို ကျောက်လို့ခေါ်တတ်ကြတော့ မျောက်ကျောက်ပဲဆိုပါတော့) ကူးစက်မှုတွေ ရှိတယ်ဆိုတာအမှန်ပါ။ ဒါပေမယ့် အာရှဘက်မှာ ကူးစက်မှုမတွေ့ရသေးဘဲ အမေရိက၊ ဥရောပနဲ့ ဩဇီတို့ဘက်လောက်ပဲရှိပါတယ်။

၁။ ကူးစက်မှုဟာ မပြင်းထန်ပါဘူး။ သေဆုံးနှုန်းက ၁ ရာနှုန်းသာရှိပြီးအများစုက ပြန်ကောင်းတယ်။ ကျောက်တွေလည်း ၂ ပတ်လောက်နေရင် ပြန်ကောင်းတယ်။ ကျောက်ကြီး (Smallpox) ကိုလည်းနိုင်ပြီးသားဖြစ်တယ်။

၂။ လေကနေမကူးစက်ဘဲ ကျောက်တွေထနေသူနဲ့ အသားချင်းထိတာကနေ ကူးစက်တာမျိုးပဲရှိလို့ အခုဖြစ်နေတဲ့ ကိုဗစ်လိုမျိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေလိုမျိုး ကူးစက်နှုန်းမမြန်ဘူး။

၃။ ကျောက်ကြီးကာကွယ်ဆေးက ဒီ Monkeypox ကိုလည်း ကာကွယ်ပေးနိုင်တယ်။ ခြုံပြောရရင် ဒီအနီးအနားမှာ ဖြစ်တာလည်းမရှိလို့ ဒီမှာလည်း ရှိနေစရာမရှိဘူး။ ပုံတွေလျှောက်ပြနေသလိုလည်း မပြင်းထန်ဘဲ ကူးစက်နှုန်းလည်းမမြင့်ဘူး။ ကာကွယ်ဆေးကလည်း ရှိပြီးသားပါ။ စိုးရိမ်စရာမရှိပါဘူး။ အခု ပြန့်နေတဲ့ပုံတချို့က တခြားအရေပြားရောဂါတစ်မျိုးမျိုး၊ ဒါမှမဟုတ်လည်း ရေကျောက်လို ကူးစက်မှုမျိုးဖြစ်ပါလိမ့်မယ်။ (ဒေါက်တာသူရိန်လှိုင်ဝင်း)

Leave a Comment

You cannot copy content of this page