News

အလိမ်အညာ ပွဲစားများနှင့် ထိုင်းထဲကို ခိုးဝင်ဖို့ ကြံတဲ့ မြန်မာတွေကို ကိုရဲမင်း သတိပေးပြီ

အလိမ်အညာ ပွဲစားများနှင့် ထိုင်းနိုင်ငံထဲကို ခိုးဝင်ဖို့ ကြံစည်တဲ့ မြန်မာတွေကို ကိုရဲမင်း သတိပေးပြီ..

ထိုင်းနိုင်ငံထဲကို ခိုးဝင်ဖို့ ကြံစည်ထားရင် နောက်ပြန် ဆုတ်လိုက်ပါ.. လူကယ်ရီပွဲစားများစကား မယုံပါနဲ့.. သေချာပေါက် ဖမ်းခံထိမှာပါ.. ထိုင်းအစိုးရက အထောက်အထားမဲ့တွေကို ပန်းရောင်ဘတ်ကဒ်လုပ်ပေးတာ ထိုင်းနိုင်ငံအတွင်း ရှိနေပြီးသား လူတွေကိုပါ.. ခုမှ ခိုးဝင်လာသူတွေကို မလုပ်ပေးပါ၊ နယ်စပ်မှာ ခိုးဝင်လာလို့ ဖမ်းမိရင် ငွေဒဏ် ဘတ် (၂၀,၀၀၀) ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ် ချမှတ်ပါတယ်။

ဒီရက်ပိုင်းလေးမှာပဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ကလေး (၂) ဦး အပါအဝင် လူပေါင်း (၅၀) ဦး ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်၊ ခုတလော ထိုင်းအစိုးရက ပန်းရောင်ဘတ်ကဒ် လုပ်ပေးမယ်ဆိုတာကို ပွဲစားတွေက အခွင့်ကောင်းယူပြီး မြူဆွယ်ခေါ်လာတယ်၊ ၁၄ ရက်နေ့ ၁ လပိုင်းက ကျား (၁၇) မ (၁၄) ကလေး ကျား (၂) ဦး ရနောင်းဘက်က လှေစီးပြီးခိုးဝင်တာ ထိုင်းစစ်တပ်က ဖမ်းမိတယ်၊ အခြားနေရာ (၁၇) ဦး ဖမ်းမိတယ်၊ ပွဲစားခကို တစ်ယောက် ဘတ် ၆၅၀၀ (မြန်မာငွေ ၂ သိန်း ၈ သောင်း) ပေးရပါတယ်။

ယခု ဖမ်းမိတဲ့သူတွေကို ကိုဗစ်ထိန်းချုပ်ရေးစခန်းမှာ ထားပါတယ်၊ ၁၄ ရက် ကျော်ရင် ဥပဒေအတိုင်းသူတို့ကို အရေးပေါ် စီမံချက်ဥပဒေနဲ့ အရေးယူမှာ ဖြစ်တာကြောင့် သေချာပေါက် ထောင်ဒဏ် ကျတော့မှာပါ၊ မြန်မာသံရုံးလည်း ကယ်လို့မရသလို AAC လည်း ကူလို့ ကယ်လို့ မရပါ။

သတိထားပါ အယုံမလွယ်ကြပါနဲ့၊ ကိုယ်ဖြစ် ကိုယ်ခံပါ ပွဲစားက လှည့်မကြည့်ပါဘူး၊ ကိုယ်ချင်းစာတယ် ဝမ်းရေးအတွက် ခက်ခဲလို့ ခိုးဝင်ရတာ ပိုဆိုးတဲ့ အခြေအနေတွေ မဖြစ်စေ ဖို့ AAC က သတိပေးတာပါ၊ လိုက်နာကြစေချင်ပါသည်။

မှတ်ချက်။ ။ ခိုးဝင်ပြသာနာ မထိန်းနိုင်တာ ထိုင်း မြန်မာနယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်ခြင်း မရှိတာက အဓိကကျနေတာ တွေ့မြင်ရပါကြောင်း..

ပုံ – ထိုင်းနယ်စပ်မှာ ယခုရက်ပိုင်း ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရသော ခိုးဝင်မြန်မာနိုင်ငံသားများ..

ကိုရဲမင်း (AAC မဟာမိတ်အဖွဲ့) ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက် ရေးကော်မတီ..

Leave a Comment

You cannot copy content of this page