EV (လျှပ်စစ်) Taxi ကားတွေ မြန်မာပြည် ဝင်လာပြီတဲ့.. ကားတစ်စီး ပေးရမည့်တန်ဖိုးက 700 ဆိုတော့ အရင်းသိန်း700 + ဘဏ်တိုး 5 နှစ် သိန်း 300 = သိန်း 1000 ကျတယ်။ တရုတ်ကားရဲ့ Taxi ဆွဲလျှင် ခံနိုင်မည့် သက်တမ်း 5 နှစ် တစ်နှစ် 365 ရက်နဲ့ 5 နှစ် ဆိုတော့ 1825 ရက်၊ သိန်း1000 ÷ 1825ရက် = 54794 ကျပ်၊
တစ်ရက် ရှာဖွေရမည့်ငွေ အရင်း 54794+ လျှပ်စစ်အားသွင်းခ 1000+ ယာဉ်မောင်းကြေး10000 = 65794ks ရှိမယ်။ မြန်မာပြည်မှာ Taxi တစ်စီးတစ်ရက် 65794 ks ရှာနိုင်တဲ့သူ ရှိလား?
ဒါတောင် Bank နှင့် ချိတ်ဆက်ထားတာမို့ 5 နှစ်အတွင်း ပေးရမည့် ကားအာမခံအတွက် ကုန်ကျငွေ မပါသေးဘူး။ 5 နှစ်အတွင်း တရုတ်ကားရဲ့ ပြင်ဆင်စရိတ် ပြုပြင်စရိတ် မပါသေးဘူး။ Taxi ကုမ္ပဏီထောင်မယ်ဆိုရင် Management လုပ်မည့် ကုမ္ပဏီရဲ့ ရုံးဝန်ထမ်းလစာ မပါသေးဘူး။ ခုလိုအချိန် လက်ရှိအနေအထားအရတော့ EV Taxi ကုမ္ပဏီထောင်မယ်ဆိုရင် ခိုးထားတဲ့ငွေရှိတဲ့သူတွေမှဘဲ အဆင်ပြေမယ်ထင်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ EV Taxi ကုမ္ပဏီထောင်တဲ့သူဟာ သေချာတယ် သူခိုးကြီးတွေဘဲ။
နောက်တစ်မျိုး ထပ်တွက်ကြည့်မယ် Bank ချိတ်ပြီး ဝယ်စရာ မလိုဘူး လက်ထဲမှာ မြန်မာငွေ လိုသလောက်ရှိတယ် ဆိုတဲ့ လူတစ်ယောက်က အဲ့ဒီ EV Taxi ကားကို သိန်း 700 နဲ့ လက်ငင်းပေးဝယ်လိုက်မယ်။ Taxi မောင်းမည့်သူကို ကားတစ်စီး တစ်ရက် 20000ks နှင့် အငှား ပေးမယ်ဆိုရင်တစ်လ 6 သိန်း ရမယ် 1 နှစ် 12 လဆိုတော့ 72 သိန်းလောက်ရမယ်။
10 နှစ်လောက်ရှိမှ သိန်း 720 ရမယ် အဲ့လို့ဆိုတော့ 10 နှစ်နဲ့တောင် အရင်း မကြေသေးဘူး။ 10 နှစ်အတွင်း ကုန်ကြမည့် ကားအာမခံ ပြင်ဆင်စရိတ် ကားတာယာ နှစ်စဉ်ပေးဆောင်ရမည့်အခွန် မော်တော်ယာဉ်သက်တမ်းတိုး ကုန်ကျစရိတ် အဲ့လိုဆိုတော့ လက်ထဲငွေရှိတဲ့ ဘောစိတွေတောင် မကိုက်သေးဘူး။ ခုချိန်မှာတော့ ခိုးထားတဲ့ငွေရှိမှဘဲ အဆင်ပြေမှာပါဆိုတာ တွက်ပြတာပါ။ (Si Thu Aye)