အမြန်လမ်းမှာ ဘယ်နားကီလိုဖမ်းတာလဲ မေးမေးနေတဲ့သူတွေအတွက် ကျနော်မောင်းတဲ့အချိန် ကီလိုဖမ်းတဲ့နေရာတွေ လွတ်အောင်ရှောင်တဲ့ အတွေ့အကြုံလေးပြောပြပါမယ်။ ဒီလိုရေးရတာကလဲ ဒီကာလပိုက်ဆံ တစ်သိန်းကျော်ဆိုတာ နည်းတာများတာထက် မလှူစေချင်တာလဲပါလို့ပါ။
အမြန်လမ်းကို အခေါက်ပေါင်းမနည်း ဖြတ်လာတာနဲ့အမျှ ဒီနည်းက အိပ်ချင်လဲပြေသလို ကီလိုဖမ်းတဲ့သူတွေနဲ့ စိန်ပြေးလိုက်တန်းကစားသလိုဖြစ်လို့ ကျနော့်အတွက်တော့ အတော်အဆင်ပြေပါတယ်။ အောက်က အချက်လေးတွေက ကျနော့်အတွေ့အကြုံလေးတွေပါ လိုတာလေးတွေ ဖြည့်ပေးလို့ရပါတယ်။
(၁) Express ကားတွေ အခြေအနေကိုကြည့်ပါ.. သူတို့ရဲ့ သတ်မှတ်အမြန်နှုန်းသတ်မှတ်ချက်က 90km/hr ပါ.. ဒါပေမဲ့ သူတို့မောင်းတာက 120 ပတ်ဝန်းကျင်ရှိလို့ သူတို့အရှိန်နဲ့မောင်းနေတဲ့အခါမျိုး လိုက်မောင်းလို့ရပါတယ်။
(၂) လမ်းဘေးမှာရပ်ထားတဲ့ကားတွေကို သတိထားပါ။ အများဆုံးက super custom ရယ် light truck ကားတွေပါ။ သူတို့ရပ်ထားပုံကိုကြည့်တာနဲ့ ပုံမှန်ရပ်ထားတာနဲ့မတူပါဘူး။ လမ်းဘေးချရပ်ထားပေမဲ့ တစောင်းလေးရပ်ထားသလို ကားနောက်မှာ ပစ္စည်းတခုခုတင်ထားတာမျိုး တွေ့တာနဲ့ အရှိန်တန်းလျှော့ပလိုက်ပါ။ အဓိကက အရှေ့ကိုကြိုကြည့်ရတော့ အိပ်ချင်လဲပြေသလို ပိုပီးတက်ကြွစေပါတယ်။
(၃) လမ်းလယ်ကျွန်းက ပုံမှန်မဟုတ်တဲ့ပစ္စည်းတွေပါ။ ကျနော်သွားတဲ့တောက်လျှောက် လမ်းလည်ကျွန်းမှာ အပင်တောက်လျှောက်များတဲ့နေရာမျိုးမှာ ဖမ်းစက်ဆင်ထားတာမျိုး ရှိမနေပါဘူး။ မြင်ကွင်းရှင်း လမ်းဖြောင့် ဒါမှမဟုတ်ရင် ကုန်းဆင်းလိုနေရာမျိုးမှာ ခုံပေါ်မှာဖမ်းစက်ဆင်ထားပီး သစ်ရွက်သစ်ခက်တွေနဲ့ ကာထားတာမျိုးလုပ်လေ့ရှိပါတယ်။ အဲ့တော့ အပင်တွေရှင်းနေတဲ့နေရာမျိုးဆို ဂရုစိုက်ကြပါ။
(၄) နောက်တစ်ခုကလဲ လမ်းလယ်ကျွန်း U turn လိုနေရာမျိုးမှာ light truck ဒါမှမဟုတ် ကားရပ်ထားရင် အရှိန်လျှော့ပါ။ သူတို့ကလဲ တမျိုးတဖုံ ဖမ်းစက်ဆင်ထားတပ်ပါတယ်။
(၅) နောက်ဆုံးအချက်ကတော့ အမြန်လမ်းက ရဲစခန်းလိုနေရာမျိုးတွေနဲ့ အနီးဆုံးနေရာ ဒါမှမဟုတ် အရှေ့မှာ ဖမ်းစက်တွေ ဆင်ထားတပ်ပါတယ်။ ဘယ်လောက်ပဲအမြန်မောင်းနိုင်တယ်ပြောပြော အမြန်လမ်းတချို့နေရာတွေက လမ်းအနေအထားမမှန်လို့ ကိုယ့်အရှိန်ကိုယ်ထိန်းနိုင်တဲ့ အရှိန်မျိုးနဲ့သာ မောင်းသင့်ပါတယ်လို့ပြောချင်ပါတယ်။ (Nya Nay)