ကိုဗစ် သေတယ်ဆိုပြီး ကလိုရင်း (Bleaching powder) လိုက်ဖြန်းနေကြတဲ့ ကိစ္စ အယူမှားတာတွေနဲ့ ပတ်သက်ပြီး ပြောရပါမယ်။
ကလိုရင်းဆေးရည်ဟာ သိနားလည် ကွပ်ကဲမှုမပါဘဲ အရပ်ထဲ အလွယ်လိုက်ဖြန်းဖို့ မသင့်တော်တဲ့ စားလောင်စေတတ်သော၊ အဆိပ်ဖြစ်စေနိုင်သော ဓါတုပစ္စည်းပါ။ သောက်တဲ့ရေထဲ ကလိုရင်းခတ်တယ်ဆိုပေမယ့် ခပ်တဲ့ပမာဏ ကွာပါတယ်။ ကလိုရင်းဆေးဟာ ပြင်းအားမှန်မှန်နဲ့ ထိတွေ့ချိန်လုံလောက်ရင် ဆေးရည်ထိတဲ့နေရာက ပိုးသေစေတယ်။ ဆေးခြောက် အာနိသင်ပြယ်သွားပြီးရင်တော့ ထပ်လာကပ်တာမတားနိုင်ဘူး။
ပိုးက ဆေးဖြန်းမှ သေတာမဟုတ်။ ရပ်ကွက်တွေ၊ ခြံတွေ လမ်းတွေပေါ်မှာ လူတစ်ယောက်ယောက်ဆီက ကျန်ခဲ့ရင်တောင် နေရောင်နဲ့ သူ့အလိုလို သေပါတယ်။ ဒီလိုနေရာတွေ ဆေးလိုက်ဖြန်းတာ အကျိုးမရှိပါ။ သတ္တုထည်၊ ကားဘော်ဒီ၊ လူအရေပြား၊ အဝတ်အထည်တွေ လောင်စားတဲ့ အာနိသင်ရှိပါတယ်။
ရောဂါပိုးရှိတဲ့လူနာ နေသွားတဲ့အခန်း၊ နေရာလိုမျိုးကိုပဲ ဆေးဖြန်းရပါတယ်။ ရပ်ကွက်ထဲကို ဖြန်းရင်ကျ ဖြန်းတိုင်းရနေမယ့် ဘေးထွက် အဆိပ်အတောက် ဆိုးကျိုးတွေရမှာနဲ့ နေ့စဥ်တောင် ဖြန်းနိုင်ကြတာမှမဟုတ်တာ။ အလကားနေ ရပ်ကွက်ထဲ ဆေးဖြန်းတာ မလုပ်ရပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ် ပိုးသတ်ခြင်း၊ ကူးစက်မှု ထိန်းချုပ်ရေးနည်းလမ်းတွေအရ ပြောတာဖြစ်ပါတယ်။ ခါတော်မီ နိုင်ငံရေး၊ စီးပွားရေး ပေါ်ပင်လုပ်စားတာတွေကို မယုံကြပါနဲ့။
WHO Guideline အရ ဆေးရုံတွေမှာ ပိုးသတ်ဖို့ သုံးခိုင်းတာက sodium hypochlorite 0.1% (1000 ppm) နဲ့ Ethanol 70-90% တွေပါ။ ဒါတောင် ဆေးရည်နဲ့ထိတွေ့ချိန် ၁ မိနစ်လိုပါတယ်။ Handgel လည်း alcohol % ပြည့်ရင် အာနိသင်ရှိပါတယ်။
Shein Lin Oo