Knowledge

သားသမီးက မိဘစကား နားထောင်သင့်လား၊ မိဘက သားသမီးစကား နားထောင်သင့်လား အဖြေ

သားသမီးက မိဘစကား နားထောင်သင့်လား၊ မိဘက သားသမီးစကား နားထောင်သင့်လား အဖြေ..

ဓမ္မဒူတရှင်ဆေကိန္န ကလေးတရားပွဲမှာ ကလေးမလေးတစ်ယောက်က ဆရာတော်ကို မေးလျောက်ပါတယ်.. မှတ်သားလိုက်နာသင့်တာလေးမို့ မျှဝေလိုက်ပါတယ်..

မေး – အရှင်ဘုရား တပည့်တော်တို့ကိုမိဘတွေက ငယ်စဉ်ကထဲက ပြောကြပါတယ်.. နင်တို့မိဘစကားနားထောင် မိဘစကားနားမထောင်ရင် ဒုက္ခရောက်မယ်.. ဒီလိုပြောကြပါတယ်..

ဒါပေမယ့် ဘုရားအလောင်းကျတော့ မိဘစကားနားမထောင်ပဲ တောထွက်တရားကျင့်ခဲ့လို့ ဘုရားအဖြစ်ကိုရောက်ခဲ့ပါတယ်,, တပည့်တော်တို့လဲ ကိုးကွယ်ရာ ရရှိခဲ့ပါတယ်,, ဒါကြောင့် မိဘတွေဆုံးမတဲ့ မိဘစကားနားထောင်က အမှန်လား ဘုရားအလောင်းလို မိဘစကားနားမထောင်တာ အမှန်လား ရှင်းပြပေးပါဘုရား..

ဆရာတော်အဖြေ – မိဘစကားနားထောင်ရမယ် လူကြီးသူမစကားနားထောင်ရမယ်ဆိုတာက မိဘက သားသမီးထက် အသိဉာဏ်ပညာ ပိုကြီးရင် သားသမီးက မိဘစကားနားထောင်ရမယ်.. သားသမီးက အသိဉာဏ်ပညာပိုကြီးရင် မိဘက သားသမီးစကားနားထောင်ရမယ်.. ဒီလိုပဲ အိမ်တိုင်းအိမ်တိုင်းမှာ အသိဉာဏ်ပညာပိုကြီးသူရဲ့စကားကို နားထောင်ကြရမယ်..

အိမ်ထောင်ဦးစီးခင်ပွန်းက အသိဉာဏ်ပိုကြီးရင် ခင်ပွန်းစကားနားထောင်ရမယ်.. ဇနီးက အသိဉာဏ်ပိုကြီးရင် ဇနီးစကား နားထောင်ရမယ်.. သားသမီးက အသိဉာဏ်ပိုကြီးရင် သားသမီးစကားနားထောင်ရမယ်.. ငါကမိဘမို့ ငါ့စကားနားထောင် ငါကခင်ပွန်းမို့ ငါ့စကားနားထောင် ငါကအသက်ပိုကြီးလို့ ငါ့စကားနားထောင်ဆိုတာ မမှန်ပါဘူး.. အသိဉာဏ်ကြီးသူရဲ့ စကားနားထောင်ကြမှ အိမ်တစ်အိမ်က တိုးတက်မှာပါ ။

ဓမ္မဒူတရှင်ဆေကိန္န ကလေးတရားပွဲမှ

Leave a Comment

You cannot copy content of this page