ကားကြီးကွင်းမှာ ရိုးသားတဲ့ အဖိုးကြီးမောင်းတဲ့ Taxi ဆိုပြီး ငှားစီးမိတာ ကားခ (၈၀,၀၀၀) ပေးခဲ့ရတဲ့ အဖြစ်

ကျွန်တော့် သူငယ်ချင်းနှစ်ယောက် မော်လမြိုင်ကနေ ရန်ကုန်ကို လာတာ အောင်မဂ်လာအဝေးပြေးကွင်းကို ည ၉ နာရီမှ ရောက်ပါတယ်.. သူတို့ကားပေါ်ကဆင်းတော့ taxi ငှားပါတယ်.. taxi သမားပုံစံကလည်း အသက်နည်းနည်းကြီးပြီး လူရိုးကြီးပုံစံကြီးပါတဲ့.. နောက်ပြီး သူကလည်းပြောပါသေးတယ်.. ငါ့တူတို့ ဒီအချိန်ကြီးက အန္တရာယ်လည်းများတယ်.. ကားတွေလည်း သိပ်မရှိကြတော့ဘူးလို့ ပြောတယ်..

အဲ့တာနဲ့ ယုံပြီးလိုက်သွားကြတယ်ပေါ့ (အ့ထိတော့ အဆင်ပြေနေသေးတယ်) နောက် မကြာဘူး ကားခနရပ်ပြီး လူနှစ်ယောက် ထပ်တက်ပါတယ်.. သာမာန် လူပိုတင်သလိုမျိုးလုပ်ပါတယ်.. အ့အချိန်မှာ ကျွန်တော့်သူငယ်ချင်း​တွေကလည်း ဒါမူမမှန်တော့တာကို သိသွားပါတယ်.. ဒါပေမဲ့ အ့လူနှစ်ယောက်ထပ်တပ်လာပြီးတော့လည်း ကျွန်တော့်သူငယ်ချင်းတွေကို ဘာမှမလုပ်ပါဘူး..

ဒါပေမဲ့ မရောက်ခင် ပိုက်ဆံတောင်းပါတယ် ဟုတ်ပြီ ပေးပါမယ်ပေါ့ ဘယ်လောက်လဲမေးတော့ လေးသောင်းကျပါတယ်တဲ့.. ပုံမှန်သွားနေကြစျေးက 4,000 လောက်ပဲရှိတဲ့ ခရီးကို 40,000 တောင်းပါတယ်.. အတူပါလာတဲ့ သူငယ်ချင်းနောက်တစ်ယောက်က ပေးလိုက်ပါပေါ့..

အ့တာနဲ့ 40,000 ထုတ်ပေးလိုက်တော့ တစ်ယောက်ကို 40,000 နှစ်ယောက်ကို 80,000 ပေးရမယ်လို့ပြောပါတယ်.. ကဲမထူးတော့ဘူးလေ အခုအချိန်မှာ သူတို့ပြုသမျှ နုရတော့မှာပေါ့ဆိုပြီး သူတို့တောင်းတဲ့ပိုက်ဆံကို ပေးလိုက်ပါတယ်တဲ့..

ကဲဗျာ တကယ်လို့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်သာ သူတို့တောင်းတဲ့ငွေ မပါလာခဲ့ရင်.. မပေးခဲ့ဘူးဆိုရင်.. ဘာလုပ်ပစ်မလဲဆိုတာလည်း တကယ်မတွေးရဲစရာပါ.. ဆိုတော့လေ အခုအချိန်အခါမျိုးက အဘိုးကြီးလည်း မယုံရသလို ဘယ်သူ့ဘယ်သူမှ ယုံလို့မရတော့တဲ့ အခြေအနေကြီးပါ..

နယ်ဝေးကသူတွေ အထူးသဖြင့် ရိုးသားတဲ့ တောသူတောင်သားတွေ ကားစီးရင် ဆိုက်ရောက်အချိန်ကို ညမှရောက်တဲ့ အချိန်ကို မစီးကြပါနဲ့တော့ တကယ်ကို ကိုယ့်အသက်ကို အစိုးမရနိုင်တဲ့အချိန်အခါမှာ ကိုယ့်အတွက် အတတ်နိုင်ဆုံး safe ဖြစ်အောင်သာနေကြပါ..

ကားခက မစီးခင်ကတည်းက 4,000 ဆိုတာပြောပြီးသားပါ​နော်.. လူကြုံဆိုတာကလည်း အတင်ခံတာမဟုတ်ပါဘူး.. ကားသမားက မပြောမဆိုနဲ့ ရပ်လိုက်ပြီး အ့လူနှစ်ယောက်ကို တင်ခေါ်လာတာပါ.. လက်နက်ပါလား မပါလားလည်းမသိ ကိုယ်တွေဘက်က ဘာမှ အကာကွယ်မရှိတဲ့ အနေအထားတစ်ခုပါ.. ပြောချင်တာက သတိထားပြီး ဘယ်သူ့မှမယုံဘဲ safe ဖြစ်အောင်နေကြဖို့ပါ.. (KSH)

Leave a Reply

Your email address will not be published. Required fields are marked *