International News

ကမ္ဘာ့ပထမဦးဆုံး လျှပ်စစ်စွမ်းအင်သုံး တောင်ပံဝတ်စုံကို BMW က စမ်းသပ်ပြသမှု အောင်မြင်

လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်ပျံသန်းတဲ့ ကမ္ဘာ့ပထမဦးဆုံး တောင်ပံဝတ်စုံကို BMW က ပြသလိုက်ပါတယ်။

BMW i, Designworks နဲ့ သြစတြီးယားနိုင်ငံသား တောင်ပံဝတ်စုံပိုင်းလော့တ် ပီတာဆော့ဇ်မန်း တို့အတူ ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်တောင်ပံဝတ်စုံနဲ့ အစမ်းပျံသန်းမှုကို ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

မော်တော်ကားတွေသာမက အနာဂတ်နည်း ပညာပိုင်းမှာပါ တိုးတက်မှုတွေကို အမြဲ ရှာဖွေဖန်တီးနေတဲ့ BMW အနေနဲ့ လျှပ်စစ်စွမ်းအင်သုံးတဲ့ ရွေ့လျားသွားလာမှု နည်းပညာတွေကို အဓိကပစ်မှတ်ထား ကြိုးပမ်းလာနေခဲ့တာဖြစ်ပါတယ်။

တကယ့်ကို ထူးခြားပြီး စွမ်းအင်အပြည့်နဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ တောင်ပံဝတ်စုံဖြစ်ပြီး စွမ်းအင်သိုလှောင်တဲ့စနစ်က ဝတ်စုံဆင်မြန်းပြီး ပျံသန်းတဲ့သူအတွက် ထူးခြားတဲ့ ပျံသန်းမှုအတွေ့အကြုံကို ဖြည့်ဆည်း ပေးနိုင်စွမ်းရှိခဲ့တယ်လို့ ပိုင်းလော့တ် ပီတာဆော့ဇ်မန်က ဆိုပါတယ်။ တစ်နာရီကို ၁၈၆ မိုင်နဲ့အထက် အမြန်နှုန်းနဲ့ ပျံသန်း နိုင်စွမ်းရှိပြီး ဝတ်စုံကို အသုံးပြုချိန်မှာ အရှိန်ကို ချက်ချင်းမြှင့်တင်နိုင်စွမ်းရှိတာက အတော်လေးထူးခြားတဲ့အတွေ့အကြုံပါပဲလို့ ၎င်းကဆိုပါတယ်။

ပီတာနဲ့အတူ နောက်ထပ်ပိုင်းလော့တ်နှစ်ဦးပါ လိုက်ပါ ပျံသန်းခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်နဲ့ ဝေဟင်ထက်ကို လိုက်ပါသွားပြီးတော့မှ အမြင့်ပေ ၉၈၀၀ ကျော်ကနေ တောင်ပံဝတ်စုံနဲ့ ခုန်ဆင်းကာ သြစတြီးယားက တောင်ထိပ်နားမှာ ပျံဝဲစီးနင်းခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သူတို့ ၃ ဦးလုံးက လေထီးတွေဖွင့်ပြီး သတ်မှတ်ထားတဲ့မြေ ပြင်နေရာကို ဆင်းသက်ခဲ့ကာ တောင်ပံ ဝတ်စုံနဲ့ ပျံသန်းစီးနင်းမှုကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

BMW Wingsuit

Leave a Comment

You cannot copy content of this page