သူတပါး မိသားစုကို ပျက်စီးအောင် အောက်လမ်းနည်းနဲ့ တိုက်ခဲ့သူတစ်ယောက်ရဲ့ ဘဝနိဂုံး..
ခုတလော ဒေါ်ငွေခင် ဟိုဘက်အိမ်က မလေးမူ ဆိုသော မိန်းမကို ကြည့်မရ ထောင်လွှားနေတယ် ထင်မိလေသည် ။ ရေစက်ပါလာတာကလဲ နဲတာမဟုတ်ပေ ဒေါ်ငွေခင် နှင့် မလေးမူသည် အိမ်ချင်းကပ်လျှက် သာမဟုတ် ဈေးထဲတွင်လဲ အထည်ဆိုင်းချင်း ကပ်လျှက်ဖြစ်သည် မလေးမူ က နုတ်ချိုကာ စိတ်သဘောထား ဖြူစင်သူမို့ သူ့ဆိုင်တွင် ဖောက်သည် များကာ ရောင်းကောင်း သလောက် ဒေါ်ငွေခင် ဆိုင်မှာတော့ ဖောက်သည် မရှိသလောက် ရှားလေသည် စိတ်ထားကလဲ မကောင်း မနာလိုစိတ်ကလဲ များသည်လေ ဒေါ်ငွေခင် စီးပွားက တရိပ်ရိပ် ကျလာသလောက် မလေးမူတို့ စီးပွားရေးက တရိပ်ရိပ်တက်လာသည် ။
ဒေါ်ငွေခင်တွင် သားတယောက် သမီးတယောက် ရှိကာ မလေးမူ မှာတော့ သမီးကလေး နှစ်ယောက် ရှိလေသည် ။ ဒေါ်ငွေခင်သမီးနှင့် သားသည် ဆိုးသလောက် မလေးမူ သမီးကလေးနှစ်ယောက်က လိမ္မာရေးခြားရှိလေသည် ။ ဒီတော့ ဒေါ်ငွေခင် မလေးမူတို့ မိသားစုကို မနာလို မကောင်းကြံဘို့ စိတ်ကူးလေသည် ။ ဒေါ်ငွေခင် ယောင်္ကျားသည် လူပျင်းဖြစ်ကာ ဘာမှမလုပ် မိန်းမလုပ်စာ အခန့်သားထိုင်စားသည် ။ မလေးမူ ယောင်္ကျားက ကန်ထရိုက်လုပ်ငန်းလုပ်ကာ ဘုရားတရားမြဲလေသည် ။
မနက် မိုးလင်းသည်နှင့် မလေးမူအိမ်ဘက်မှ ဘုရားသံတရားသံ ကြားရပေမဲ့ ဆန့်ကျင်ဘက် ဒေါ်ငွေခင့် အိမ်ဘက်မှာတော့ ရန်ဖြစ်သံနှင့် အိုးခွက်ပန်းကန် လွှတ်ပစ်သံများဖြင့် ဆူညံနေစမြဲ တနေ့ ဒေါ်ငွေခင်လင်မယားနှင့် မလေးမူတို့မိသားစုတို့ ခြံစည်းရိုးကာသော ကိစ္စနှင့် စကားများလေသည် လောဘကြီးသော ဒေါ်ငွေခင် လင်မယားက မလေးမူတ့ို မြေကြီးကို ခိုး၍ ပိုယူသောကြောင့်ဖြစ်သည် သူခိုးကလူပြန်ဟစ်သညိပဲ ဆိုရမလို ဒေါ်ငွေခင်ကလဲ ဆဲဆိုသလို ဒေါ်ငွေခင်ယောင်္ကျားကလဲ လက်သီးလက်မောင်းတန်းကာ ထိုးမယ်ကြိတ်မယ်ဖြစ်နေ၍ ရှက်တတ်သော မလေးမူမိသားစုက အလျှေ့ာပေးလိုက်လေသည် ။ ထိုကိစ္စက ရပ်ကွက်ရုံးရောက်သွားကာ အကျယ်မဖြစ်ပေမဲ့ သူတို့မိသားစုနှစ်စု အမုန်းပွားစရာ ဖြစ်သွားလေသည် ။
ဒီတော့ ဒေါ်ငွေခင် မလေးမူမိသားစု ပျက်စီးရာပျက်စီးကြောင်း မကောင်းကြံဘို့ အကြံပေါ်လာသည် ။ အကောင်အထည်ဖေါ်ဖို့ အစွမ်းထက်သော အောက်လမ်းဆရာ တယောက်ကို ဒေါ်ငွေခင် အသဲအသန်ရှာလေသည် နောက်ဆုံးမိတ်ဆွေ တယောက်ပြောသော အောက်လမ်းဆရာအိမ်ကိုရောက်သွားလေသည် ။
အောက်လမ်းဆရာက လူလတ်ပိုင်း အရွယ် သူ့အိမ်တွင် အစီအရင်များစွာ ပြုလုပ်ထားသည်ကို တွေ့ရသည် ။ နေတာကလဲမြို့ပြင်ဆိုတော့ ခြံကျယ်သည် ခြံထဲတွင် အပင်ကြီးများ အုပ်စိုင်းကာ စိုက်ထားပြီး အပင်များတွင်လဲ အစီအရင်ကြိုးများ ချည်ထားသည်ကို တွေ့ရသည် ။ ခြံထဲရောက်သည်ဆိုရင်ပဲ အမျိုးအမည်မသိသောခံစားမှု့မျိုး ဒေါ်ငွေခင်ရကာ ချမ်းစိမ့်စိမ့်ဖြစ်သွားလေသည် ။
ဒေါ်ငွေခင်က အောက်လမ်းဆရာအား ” ဆရာ ကျွန်မအိမ်ဘေးက မလေးမူတို့မိသားစုကို စီးပွားပျက်အောင် အိမ်သားများ ဒုက္ခရောက်အောင် မိသားစုဝင်များ သေအောင် အရပ်ထဲနလန်မထူအောင် လုပ်ပေးပါ ။ ငွေဘယ်လောက်ကုန်ကုန် ပေးမယ် ဒီမိသားစု ပြောင်းလဲသွားမှ ကျွန်မစိတ်ချမ်းသာမယ် ” ဟုဆိုလေသည် အောက်လမ်းဆရာပညာကိုလဲ လက်တွေ့ သိချင်မိသောကြောင့် ” ဆရာကို ကျွန်မယုံပါတယ် ဆရာ့ အစွမ်းကလေး သိပါရစေ” ဒီတော့ အောက်လမ်းဆရာက သူ့အစွမ်းကို ပြသည့်အနေဖြင့် ကြိုးတချောင်းကိုယူ၍ မန်းမှုတ်ကာ ဘာရေမှန်းမသိတဲ့ ခွက်တခုထဲကရေနဲ့ ကြိုးစကို တောက်လိုက်တဲ့အခါမှာတော့ အလွန်အဆိပ်ပြင်းသော မဲနက်တောက်ပြောင်နေသည့် မြွေတကောင်ဖြစ်သွားလေသည် ။
ထိုမြွေသည် ချက်ချင်းပါးပျဉ်းထောင်လာသည့်အခါ ဒေါ်ငွေခင် အလွန်လန့် သွားလေသည် ။ အမလေး လုပ်ပါအုံးဆရာ ကျွန်မ လာပေါက်နေပါအုံးမယ် ။ သူတစ်ပါးကိုဒုက္ခပေးမည့်သူက ကိုယ်တိုင်ဒုက္ခရောက်မှာတော့ အသေကြောက်တတ်ကြသည့် တစ်ဘို့ထဲသမားများ ဖြစ်သည် ။ ”မပူပါနဲ့ကျူပ်အမိန့်ပေးမှ လူပ်ရှားမှာပါ ။ ” ဒေါ်ငွေခင်အောက်လမ်းဆရာအစွမ်းကို အတော်သဘောကျသွားသည် ။ ဒါါနဲ့ ငွေတချို့တဝက်ကိုပေးကာ အောက်လမ်းဆရာအား အသေအချာမှာကာ ပြောလိုက်သည် ။
’ဒီမြွေနဲ့တိုက်ရင်လူသေနိုင်သလားကျွန်မကတော့သူတို့အိမ်သားတယောက်ယောက်သေမှဖြစ်မှာ ဒါမှအလုပ်မလုပ်နိုင်စီးပွားပျက်ပြီးသောကရောက်မှာ သေချာအောင်တော့လုပ်ပေးပါဆရာ လူသေရင်နောက်ထပ်ငွေလာပေးမယ်” စိတ်သာချကျူပ်ဒီအလုပ်လုပ်စားလာတာအန်တိုနေပြီဲီ မျိုးရိုးစဉ်ဆက် အောက်လမ်းဆရာ လုပ်စားလာတာအိမ်လိပ်စာအတိအကျပြောခဲ့ ကူျုပ်တပည့်ကို တိုက်မြွေသွားလွှတ်ခိုင်းလိုက်မယ် ကံနိမ့်သူတယောက်ယောက်တော့သေကိုသေစေရမယ်”
ဒေါ်ငွေခင် ကျေနပ်သွားသည် အောက်လမ်းဆရာအား လိုအပ်သည်များမှာကြားကာ ပြန်သွားလေသည် ။ သူ့မစိတ်ထဲတွင်မလေးမူတိုမိသားစုဒုခ္ခရောက်တော့မှာကိုတွေးပြီးဝမ်းသာနေမိသည်။ ”ငွေခင်အကြောင်းသိစေရမယ် ငွေခင်တဲ့တစ်ခင်ထဲရှိတယ်ဟေ့ ” လို့လဲ စိတ်ထဲကြိမ်းဝါးနေလေသည် ကြောက်စရာကောင်းသော စိတ်ဓာတ်ပိုင်ရှင် တယောက်ဖြစ်သည် ။ ဒေါ်ငွေခင် အောက်လမ်းဆရာအိမ်ကပြန်လာပြီးကထဲက ဟိုဘက်အိမ်ကို မသိမသာအကဲခတ်နေလေသည် ။ ဘာ အမင်္ဂလာသတင်းများကြားရလိမ့်နိုးနိုး စောင့်မျှော်နေမိသည်သို့ပေမဲ့ ဘာမှထူးမလာပါ။
တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ ဒေါ်ငွေခင်အားကိုးသောသမီးသည် ခြံထဲဆင်းရင်း မြွေကိုက်၍ သေလေသည် ။ ဒီမှာတင် ဒေါ်ငွေခင့် ဒေါသသည် ငယ်ထိပ်သို့ရောက်ကာ အောက်လမ်းဆရာ အိမ်ရောက်သွားလေသည် အောက်လမ်းဆရာကလဲ သူ့တပည့်ကိုခေါ်မေးရာ အိမ်နံပတ် 35 နှင့် 36 ကိုမှားခဲ့ခြင်းဖြစ်သည် ။ ဒေါ်ငွေခင့် အိမ်နံပါတ် 35 သည် ကံဆိုးချင်တော့ 5 နေရာတွင်အစွန်းတခုပေ၍ 6 ဖြစ်နေတာကြောင့် အောက်လမ်းဆရာတပည့်သည် အစီအရင်အား ဒေါ်ငွေခင်ခြံထဲပြစ်ခဲ့လေသည် ။
ဒေါ်ငွေခင်လဲ အောက်လမ်းဆရာအား သူ့သမီးအသက်ပြန်ရှင်အောင်လုပ်ခိုင်းပေမဲ့ အချိန်လွန်သွား၍ မရတော့ပေ ဒေါ်ငွေခင်ဆောက်တည်ရာမရ ဒေါသဖြစ်ကာ အောက်လမ်းဆရာအား ””’နင်ကဘာဆရာလဲ နင့်ကိုတရားစွဲမယ် သုံးမကျတဲ့အလကားဆရာ အခုငါ့ငွေတွေပြန်ပေး နင်စားခွက်ပျောက်အောင်ငါလုပ်ပြမယ် ဒေါ်ငွေခင်က အော်ကျယ်ဟစ်ကျယ် အသံကုန်ဆဲဆိုကာ အောက်လမ်းဆရာအိမ်က ပစ္စည်းများ ကိုင်ပေါက်ဝိုင်းဒိုင်းကြဲကာပြန်လေသည် အောက်လမ်းဆရာ အိမ်ရောက်နေသူများလဲ အလျိူအလျိူ ပြန်ကုန်ကြလေသည် ထို့ကြောင့်အောက်လမ်းဆရာက ဒေါ်ငွေခင်ကိုမျက်ထောင့်နီကြီးဖြင့်ကြည့်ကာကျန်ခဲ့လေသည် ။
အကုသိုလ်ဆိုတာ အဖေါ်နဲ့အပေါင်းနဲလာစမြဲမို့ သမီးသေပြီး တလလောက်အကြာမှာတော့ ဒေါ်ငွေခင် အလွန်ချစ်သောသားသည် ညဘက်အရက်မူးကာပြန်လာရင်း ကားတိုက်၍သေပြန်လေသည် ။ သူများသားသမီးများအား သေစေချင်ခဲ့သော အတ္တအလွန်ကြီးသော ဒေါ်ငွေခင်တို့ လင်မယား အရူးမီးဝိုင်းဖြစ်ကာ အလွန်ဆိုးဝါးသော သောကများကိုခံစားရလေသည် ဘယ်သူမပြု မိမိပြုသောမကောင်းမှု့သည် မိမိကို ပြန်အကျိုးပေးသည်ကို ဒေါ်ငွေခင် လက်မခံနိုင် ပြင်းထန်သော မနာလိုစိတ်တွေက ဒေါ်ငွေခင်စိတ်ကို ဖောက်ပြန်စေသည် ။
ထိုအခါအိမ်ထဲတွင်လဲ မြွေတကောင်ကို ဟိုနေရာမှာတွေ့လိုက် ဒီနေရာမှာတွေ့လိုက် ဒေါ်ငွေခင်တို့ လင်မယား ကျီးလန့်စာစားနေရသလို နေမထိထိုင်မသာဖြစ်နေကာ မြွေကိုသတ်ဖို့ကြိုးစားရာတွင်လဲ မျက်စိရှေ့တွင် ပျောက်သွားပြန်သည် ကြာတော့ ဒေါ်ငွေခင်လင်မယား မြွေကိုက်သေမှာစိုးလာသည် သွေးပျက်လာသည် ။ မကျွတ်မလွတ်သောသမီးနှင့်သားကိုလဲ မကြာမကြာတွေ့နေရာ ”သမီးရေ အမေကိုတစ်ယောက်ထဲမထားခဲ့နဲ့နော် သားရေအမေဆီလာပါအုံး”
ဒေါ်ငွေခင်တစ်ယောက်ထဲ စကားတွေပြောရင်း ရီလိုက်ငိုလိုက်ဖြင့် စိတ်မခိုင်သောဒေါ်ငွေခင်တယောက် နောက်ဆုံးမှာတော့ စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်သွားလေသည် ။ မယုံမရှိနဲ့ တကယ့်အဖြစ်အပျက်ပါ သူတစ်ပါးမကောင်းကြံ ကိုယ်သာခံရမည်ဖြစ်ပြီး ဒီဘဝကော နောင်သံသရာပါ မအေးချမ်းနိုင်သော အဖြစ်ပင် ဖြစ်ပါသည်။