ဘဲဥအခြမ်း (၇၀၀) ကို အနှစ်မထွက်အောင် ချက်နည်း

ဘဲဥအခြမ်း (၇၀၀) ကို ဘယ်လိုအနှစ်မထွက်အောင် ချက်လဲဆိုတော့..

ဘဲဥကို တညလုံး မီးအေးအေးနဲ့ တင်းကျစ်လာတဲ့အထိ ပြုတ်ပြီး အခွံနွှာပါတယ်။ ပြီးရင် အပ်ချည်ကြိုးနဲ့ ထက်ခြမ်း ခြမ်းပါတယ်။ ဓါးနဲ့ခြမ်းတဲ့အခါ အနှစ် လိပ်ပြီးပါလာလို့ ချက်တဲ့အခါ အနှစ်ထွက်တက်ပါတယ်။ ဘဲဥခြမ်းရဲ့ အနှစ်လေးတွေကို ဆား ဝှေ့ချွမ် ဟင်းရွက်မှုန့်လေးနဲ့ ဖိပြီးအရသာဝင်အောင် သိပ်ပေးထားပြီး ချက်မယ့်အိုးထဲမှာ စီစီရီရီထားပါတယ်။

ကြက်သွန်ဖြူနီ ငရုတ်သီးကို ဆီသပ်ပါတယ်။ ဆီသပ်တဲ့အခါမှာကျတော်တို့က ကြက်သွန်ကို ရေနှစ်ရေလောက်ထည့်ပြီး ကြာကြာလေး ဆီသပ်ပါတယ်။ ဟင်းလည်းအထားခံသလို ကြက်သွန်လည်းအနှစ်ကျ အရောင်လှပြီး စားလို့ ကောင်းလို့ပါ။

ကြက်သွန်ငရုတ်သီး ဆီပြန်ပြီး လိမ့်လာရင် ပုစွန်ခြောက်ကို ဇလိုဇလု ထောင်းထားတာလေး ထည့်ပါမယ်။ ငံပြာရည် ဆား ဟင်းရွက်မှုန့် ထည့်ပါတယ်။ နောက်ဆုံးမှာ မကျီးသီးအနှစ်နဲ့ မဆလာထည့်ပြီး ဆီ မပြန်တပြန်လေး ဖြစ်အောင် ရေ ထပ်ထည့်ပါတယ်။

ပြီးမှ ဘဲဥတွေပေါ် လောင်းချပြီး ဘဲဥချဥ်ရည်ဟင်းကို ဆီပြန်လာတဲ့အထိ ချက်ပါတယ်။ ဒီအပိုင်းမှာတော့ ဘဲဥကိုလုံးဝမမွှေဘဲ အိုးကို အသာလှုပ်ပေးပြီး ချက်ပါတယ်။ ကြာကြာချက်လေ ဘဲဥသားလေး ညိုတင်းလာလေ မို့ ပိုပြီးစားကောင်းပါတယ်နော်။ (Ah Nyo)

Leave a Reply

Your email address will not be published. Required fields are marked *