စိန် မထွက်တဲ့ ဘယ်လ်ဂျီယံနိုင်ငံနှင့် စိန်ရောင်းသူတွေ ပြောရောင်းနေကြတဲ့ ဘယ်လ်ဂျီယံစိန်

“Belgium Diamond (ဘယ်လ်ဂျီယံ စိန်)”

စိန်​ရောင်းသူ အ​တော်များများက သူတို့စိန်ကို ဘယ်လ်ဂျီယံစိန် လို့ ​ပြော​​ရောင်းကြတယ်၊ Belgium မှာ စိန်မထွက်ပါဘူး။ ဒါ​ပေမယ့် စိန်​သွေးတယ်၊ စိန်​ရောင်းတယ်၊ ကမ္ဘာမှာ စိန် ဝယ်လို့​ကောင်းတဲ့နိုင်ငံလို့ နာမည်ကြီးတယ်..

တချို့က Belgium မှာ စိန်မထွက်မှန်း သိ​တော့ သူ့စိန်ကို Belgium Cutting (ဘယ်လ်ဂျီယံမှာ ​သွေးတယ်) လို့ ​ပြော​ရောင်းကြတယ်။ စိန်တပွင့်ကို ဘယ်မှာ ​သွေးတာလဲ ဆိုတာကို စစ်​ဆေးလို့ မရပါဘူး။ GIA Certificate မှာလဲ ဘယ်မှာ​သွေးတယ် မ​ရေးထားပါဘူး။ ​သွေးပုံ ​ကောင်း မ​ကောင်းပဲ ​ရေးထားတာပါ။

စိန်ရဲ့ တန်ဖိုးက 4C (Color, Carat, Clarity, Cutting) နဲ့ ဆုံးဖြတ်တာပါ။ ဘယ်လောက်ဖြူလဲ၊ ဘယ်​လောက် အ​လေးချိန်ရှိလဲ၊ ဘယ်​လောက် သန့်စင်လဲ၊ ဘယ်​လောက် ​သွေးပုံ​ကောင်းလဲ ကြည့်ရတာပါ။ ဘယ်နိုင်ငံက ထွက်တာလဲ၊ ဘယ်နိုင်ငံမှာ ​သွေးတာလဲ ဆိုတာ​တွေက အ​ရေးမပါပါဘူး။ ဆရာဇော် (​ရွှေဘုံသာ ​​ရွှေသင်တန်း)

“စိန် အကြောင်း သိကောင်းစရာ”

ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာအမျိုးပေါင်း (၃၀၀၀) ကျော်ရှိသည့်အနက် စိန်က အဖိုးထိုက်တန်ဆုံး ကျောက်မျက်ရတနာတစ်ခုဖြစ်ပါတယ်။ မာဆင့် (၁၀) ၌ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများရဲ့ ဘုရင်လို့ ခေါ်စမှတ်ပြုကြပါသည်။ စိန်ဟာ သိဒ္ဓိဓာတ်အားကောင်းတဲ့ ရတနာတစ်မျိုးလည်းဖြစ်ပါတယ်။

စိန်ကို ဘယ်နေရာ၊ ဘယ်အချိန်က စတင်တွေ့ရှိတာလဲဆိုရင် ဘယ်သူမှ တိတိကျကျမပြောနိုင်ပေမဲ့ အိန္ဒိယနိုင်ငံ၊ ရိလ်ကွန်ဒါအရပ်တွင် စတင်တွေ့ရှိသုံးစွဲခဲ့ပြီး၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၈၀၀) ခန့်ကဟု ယူဆကြပါတယ်။ ၁၈ရာစုတွင် အိန္ဒိယနိုင်ငံရှိ စိန်တွင်းများကုန်ခမ်းသွားပြီးတဲ့နောက် ဘရာဇီးနိုင်ငံတွင်တွေ့ရှိခဲ့ပါတယ်။

စိန်၏ အရည်အသွေးကို အရောင် (Colour)၊ ကာရတ်ချိန် (Carat Weight)၊ အနာအဆာကင်းစင်မှု (Clarity)၊ သွေးကွက် (Cut) ဆိုပြီး အင်္ဂလိပ်အက္ခရာဖြစ်တဲ့ (C) လေးလုံးဖြင့် ဖော်ပြပါတယ်။ စိန်မှာ ဝါ နီ ပြာ စိမ်း ပန်းရောင်စသဖြင့် အရောင်အမျိုးမျိုးလည်းရှိပါတယ်။

စိန်သည် မာကြောမှုအမြင့်မားဆုံး ရတနာတစ်ခုဖြစ်တဲ့အတွက် ဖန်၊ မှန်၊ ကြွေထည်တွေဖြတ်တောက်တဲ့အခါနှင့် သွားပေါက်ဖာတဲ့အခါမှာ စိန်ကိုအသုံးပြုကြပါတယ်။ နောက် အပူဓာတ်ကိုလည်း ကောင်းစွာစုပ်ယူနိုင်တဲ့အတွက် သိပ္ပံပညာရှင်များက ကြယ်တာရာများကို အပူချိန် တိုင်းတာတဲ့အခါမှာ အသုံးပြုသည့်အပြင် လေထုကို ထိုးဖောက်တဲ့အခါမှာလည်း စိန်ကိုအသုံးပြုကြပါတယ်။ ၉၂၀ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ အပူချိန်ကို ခံနိုင်ရန်အတွက် အာကာသယာဉ်ရဲ့ ပြတင်းပေါက်ကိုလည်း စိန်ဖြင့် ပြုလုပ်ခဲ့ကြပါတယ်။

အများအားဖြင့် စိန်ကို Wedding Ring နှင့် Engagement Ring တို့အဖြစ် လက်သူကြွယ်တွင်ထားပြီး ပြုလုပ်ဝတ်ဆင်ကြပါတယ်။ Single အများစုကတော့ စိန်လက်စွပ်ကို လက်သန်း၊ လက်ခလယ်၊ လက်ညှိုးတို့တွင် ထားပြီးဝတ်ဆင်လေ့ရှိကြပါတယ်။

ကမ္ဘာပေါ်ရှိ ဂမ္ဘီရပညာရှင်တွေကတော့ စိန်ကို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ (Symbol of Love) လို့ ယူဆထားကြပါတယ်။ စိန်ဟာ တန်ဖိုးကြီးမားတဲ့အပြင် မေတ္တာတရားတွေနဲ့ ချစ်ခြင်းတွေကိုပါ ဖော်ဆောင်ပေးနေကြောင်း တွေ့ရှိရပါတယ်။ (ဦးထုံ)

Leave a Reply

Your email address will not be published. Required fields are marked *