အခုလိုအချိန်မှာ ကိုဗစ်လား၊ တုပ်ကွေးလား၊ ရိုးရိုးအအေးမိတာလား ဘယ်လိုခွဲခြားကြမလဲ

အခုလိုအချိန်မှာ ကိုဗစ်လား၊ တုပ်ကွေးလား၊ ရိုးရိုးအအေးမိတာလား ဘယ်လိုခွဲခြားကြမလဲ..?

ကျနော်တို့ဆိုတာလည်း လည်ချောင်းထဲနာသလိုလိုဆို ကိုဗစ်ကြီးကို ပြေးမြင်တော့တာကိုး။

အကိုရေ ကိုဗစ် ဖြစ်နေသလားမသိဘူး စိတ်ပူတယ်ဆိုသူတွေအတွက် ယူကေနိုင်ငံ National Health Service ရဲ့ ရောဂါလက္ခဏာ အကြမ်းဖျင်းခွဲခြားပုံကိုတင်ပြပါ့မယ်။

COVID-19 ဖြစ်ခဲ့ရင် အများဆုံးတွေ့ရတာက ကိုယ်ပူတက်တာ ((37.8 C (သို့) 100 F ရဲ့အထက်) ကိုကိုယ်ပူတာ။ အပူချိန်ဂန်းနဲ့တိုင်းရင် မတိကျတတ်ဘူး။ ချောင်းအခြောက်ကိုရက်အတန်ကြာဆိုးတာ။ တခါတလေ ကိုယ်လက်နာကျဉ်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အသက်ရှုရခက်တာတွေဖြစ်တတ်တယ်။

မှတ်သားစရာက နှာပိတ်တာနဲ့နှာစေးတာဖြစ်ခဲတယ်။ နှာမချေတတ်ပါတဲ့။ ဝမ်းလျှောတာဖြစ်တတ်ပေမယ့်ရှားတယ်။ ကိုဗစ်မှာ အနံ့အရသာပျောက်တာဖြစ်တတ်တယ်။ အသက် ၄၀ အောက်တွေမှာ ပိုတွေ့လာရတယ်။

သိထားဖို့တစ်ခုက ကိုဗစ်-၁၉ ဟာ လူပေါ်မူတည်ပြီး အပျော့ဆုံး asymptomatic ရောဂါလက္ခဏာလုံးဝမပြတာကနေ အတော်ပြင်းထန်တာနဲ့ ICU အထူးကုသဆောင်ပို့ပြီး အသက်လုရတာလောက်အထိ ရောဂါပြင်းထန်တတ်တယ်။

UK NHS က အနံ့ပျောက်တာကို ရောဂါလက္ခဏာထဲမထည့်ပေမယ့် သူတို့ဆီဖုန်းဆက်ပြီး အနံ့ပျောက်တဲ့လူတစ်ယောက်ကို ကိုဗစ် မဖြစ်နိုင်ဘူးပြောရာက အဲ့ဒီလူက အိမ်မှာမိဘတွေနဲ့ isolated လုပ်ကာ ကြိုတင်ကာကွယ်ရာမှ ကိုဗစ် positive လို့တွေ့ဖူးပါတယ်။ ဒါကြောင့်အနံ့ပျောက်တာကို ကျနော်ထည့်ပြောပါတယ်။

“ရိုးရိုးအအေးမိတာ” (Colds)

အဖြစ်အများဆုံးက နှာချေတာ၊ မျက်နှာပြင်ကနှာရိုးတွေနာလာမယ်။ နှာရည်တွေယိုလာမယ်။ နှာညှစ်လို့ရလာမယ်။ နှာပိတ်မယ်။ လည်ချောင်းနာချင်လာမယ်။ ချောင်းပျော့ပျော့ဆိုးတတ်တယ်။ ပင်ပန်းနွမ်းနယ်တတ်တယ်။ ဒါပေမယ့်မှတ်သားစရာက ကိုယ်ပူတက်ခဲတယ်။ ခေါင်းကိုက်ခဲတယ်။ ပြီးတော့ အအေးမိရင် ရောဂါလက္ခဏာတစ်ခုပြီးမှတစ်ခုဖြေးဖြေးချင်းပြတယ်။

ဥပမာ – ဟတ်ချိုးစချေတယ်၊ နောက်တော့နှာရည်ယိုလာတယ်၊ နှာပိတ်လာတယ်၊ အဲ့ဒီနှာရည်တွေ nasal cavity ထဲစုလာရာကနေ နှာရိုးတွေနာလာကိုက်လာပါတယ်။

ကျနော်ဆိုရင် ရေနွေးအိုးအသေးနဲ့ nasal cavity ကိုဆေးပစ်ပါတယ်။ ရေနွေးခံနိုင်ရုံလောက်မှာ သူ့မှာပါတဲ့ဆားထည့်ပြီးဆေးပစ်တာနဲ့ အတော်သန့်ပြီးနေလို့ကောင်းသွားပါတယ်။ အအေးမိတာ (Colds) က ဝမ်းမလျှောပါ။ အသက်ရှုရမခက်ပါ။

“တုပ်ကွေး” (Flu)

ကိုယ်ပူပါတယ်။ ပင်ပန်းနွမ်းနယ်မယ်။ ခေါင်းကိုက်မယ်။ ချောင်းခြောက်ဆိုးမယ်။ ကိုယ်လက်နာကျဉ်ကိုက်ခဲမယ်။ တခါတရံ နှာစေးမယ်၊ နှာပိတ်မယ်၊ လည်ချောင်းနာမယ်။

ကလေးတွေမှာ တုပ်ကွေးနဲ့ ဝမ်းလျှောတာတွဲဖြစ်တတ်ပါတယ်။ မှတ်သားစရာက တုပ်ကွေးက နှာခဏခဏချေတာဖြစ်လေ့မရှိဘူး။ အထူးသဖြင့် အသက်ရှုရခက်တာမဖြစ်ဘူး။ တုပ်ကွေးက အအေးမိတာလိုတဖြေးဖြေးမလာပဲ ရောဂါလက္ခဏာတွေစုပြုံပြီးချက်ခြင်းပြတယ်။

အပေါ်ကရေးခဲ့တာက အိမ်ထဲမှာတစ်ခုခုဆို ကိုဗစ် ဖြစ်လားဆိုပြီး ကူးမှာစိုးလို့ ဆေးခန်းလည်းမသွားရဲတဲ့လူတွေအတွက် အကြမ်းဖျင်းရှင်းပြတာသာဖြစ်ပါတယ်။ ဘယ်ရောဂါလက္ခဏာမှ ရာနှုန်းပြည့်ပုံသေပြောမရပါ။ Covid ဆိုတဲ့အသံကြားရင်တောင် လည်ချောင်းထဲက နာချင်ချင်ဖြစ်တတ်တာပါ။

နှာချေရင်တောင် အကြောင်းအမျိုးမျိုးရှိတတ်သေးတာမလား။

Richard Myo Thant (19.92020)

Leave a Reply

Your email address will not be published. Required fields are marked *