“ဘေထုပ်နဲ့ Vintage ကွဲပြားပါစေ”
အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့ သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ ထူးဆန်းနေလိမ့်မယ် ။ ဘာလို့ဆို ဒီနိုင်ငံမှာက Vintage ဆိုတဲ့ အထည်တော်တော်များများကလည်း ဘေထုပ်ဖထဲကဘဲ ရတာကိုး ။ ဟုတ်ပါတယ် အဲ့ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ် ။
Vintage တွေခေတ်စားနေတဲ့ နိုင်ငံတွေမှာတော့ Vintage Tee, Vintage Cap, Vintage အသုံးဆောင်တွေရဖို့ကို ဈေးကြီးပေးဝယ်ကြရပါတယ် ။ တစ်ကယ်တန်ဖိုးထားတဲ့ သူတွေအတွက်တော့ Vintage Tee တစ်ထည်ဟာ ရွှေထက် တန်ဖိုး ရှိပါတယ် ။ ဒါကြောင့် သူများနိုင်ငံတွေမှာ Vintage ကို ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးထားကြပါတယ် ။
ဘေထုပ်.. Bale ဆိုတာကတော့ English အခေါ်ဝေါ်ဖြစ်ပြီး အထုပ်လိုက် ထုပ်ထားတာဖြစ်လို့ မြန်မာပြည်ရောက်တော့ ဘေထုပ်ဖြစ်သွားတာပါ ။ ဘေထုပ်ဆိုတာ အလွယ်ပြောရရင်အထုပ်ထဲက ထွက်တာမှန်သမျှကို ဘေထုပ်လို့ခေါ်နိုင်ပါတယ် ။ ဘေထုပ်ထဲမှာတော့ အတုတွေ အစစ်တွေ အသစ်တွေ အဟောင်းတွေ အကုန်ရနိုင်ပါတယ် ။ ဒါကြောင့် ဘေထုပ်ထဲကပါတဲ့ အထည်တိုင်း Authentic ဖြစ်မနေပါဘူး ။ Legit Check ဖို့တော့ လိုပါလိမ့်မယ် ။ ဒါမှမဟုတ် စိတ်ချရတဲ့ Page တွေမှာဝယ်ယူဖို့ အကြံပြုပါရစေ ။
Vintage Clothing ဆိုတာကတော့ အထုပ်ထဲက ထွက်သမျှ Vintage Clothing ဖြစ်မနေပါဘူး ။ Vintage Tee တစ်ထည်မှာ ရှိသင့်တဲ့ Treadmark တွေ Copyright ခုနှစ်ဘာညာ နဲ့ Vintage Tee တစ်ထည်လို့ ခေါ်ရလောက်တဲ့ Print တွေ Tag တွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ် ။ VintageTee တစ်ထည်ဟာ အနည်းဆုံး နှစ် ၂၀ လောက်တော့ ရှိသင့်ပါတယ်။
အလွယ်နည်းနဲ့ ပြောရရင် Uniqlo တစ်ထည်မှာ ဟိုးအရင်က ခုနှစ်တွေ ထည့်ထားတာဟာ Vintage မဟုတ်ပါဘူး ။ (Reproduction) လို့ အလွယ်ခေါ်ပါတယ် ။ အခု နောက်ပိုင်း အသစ်လိုက်ထုတ်ထားတာတွေလည်း ရှိပါတယ် ။ အပြဲအထာတွေ အဟောင်းအထာတွေ အဲ့တာတွေကလည်း Vintage မဟုတ်ပါဘူး ။ (Vintage Style) လို့တော့ခေါ်နိုင်ပါတယ် ။
ဘေထုပ်နှိုက်ခြင်း အနုပညာ.. ဘေထုပ်နှိုက်တာကလည်း ထင်သလောက် မလွယ်ကူပါဘူး ။ သူတို့ရဲ့ အချိန်တွေ ငွေတွေ ပညာတွေ ရင်းပြီးမှရတာပါ ။ Round Two Founder Sean Wotherspoon ဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲ ။ သူဆိုရင်လည်း သူ့ရဲ့ပညာနဲ့ သူရှာဖွေထားတဲ့ အထည်တွေကို Round Two မှာ ပြန်တင်တယ် ။ သူ ဒီအထည်တွေကို ဘယ်လောက်နဲ့ ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး ။ သူတို့ စိတ်ဝင်စားကြတာက ဒါကိုဘယ်အချိန်တင်မလည်း ။ ဘာတွေပါမလည်း ။ ဘယ်တော့သွားဝယ်ကြမလည်း ။ အဲ့ဒါတွေဘဲ သူတို့ စိတ်ဝင်စားကြတာပါ ။ ဆိုတော့.. ပြောချင်တာက ဈေးကြီးတိုင်းလည်း မကောင်းသလို ဈေးနည်းတိုင်းလည်း မကောင်းတာမဟုတ်ပါဘူး ။ အဓိက ကတော့ ကိုယ်ကြိုက်နေဖို့ပါဘဲ ။ (ကိုယ်အရမ်းကြိုက်နေတဲ့ အရာက လုံးဝ မိုက်နေရင်တော့ Perfect ပေါ့ဗျာ)
For ဂျင်း Sellers.. စောစောက ကျနော်ပြောခဲ့သလိုဘဲ စိတ်ချရတဲ့ Page တွေတစ်ကယ်နားလည်တဲ့ သူတွေထည်းက ဝယ်ယူပါ ။ ဘာလို့ဆို Vintage Clothing အမည်ခံပြီး Sellers တွေ ကိုယ်တိုင်ကိုက Google မှာ ရိုက်ရှာလို့ ပေါ်လာရင် အစစ်ထင်နေတဲ့ သူတွေ အရမ်းများလာလို့ပါ ။ တစ်ချို့ကလည်း သိသိကြီးနဲ့ ဂျင်းကြတယ် (စီးပွားရေးအတွက်ဆို Thailand ကို USA ဖြစ်အောင် ပြောဖို့ကသူတို့အတွက် အရမ်းလွယ်ကူလွန်းပါတယ်)
Vintage Culture ကို ခေတ်မစားခင်ထည်းက မပျက်စီးစေချင်ရုံ စေတနာနဲ့ ပြောခြင်းပါ ။ ကျနော် အကြံပြုချင်တာကတော့ Collector လုပ်ဖို့ဘဲဖြစ်ဖြစ် တစ်ထည်, နှစ်ထည် ဝယ်ဖို့ဘဲဖြစ်ဖြစ် ကောင်းတာကိုဘဲ ဝယ်ပါ မကောင်းတာ နှစ်ထည်နဲ့ကောင်းတာ တစ်ထည်က ဈေးတူနေမယ်ဆိုရင် လုံးဝ မတွေဝေပါနဲ့ အဖြေကအရှင်းကြီးပါ လူတိုင်းကောင်းတာ ကြိုက်ကြတာဘဲလေ ။ ပိုက်ဆံ အကုန်ကျခံပြီး ဝယ်တာခြင်းအတူတူတော့ ကောင်းတာဘဲဝယ်ဖို့ အကြံပြုပါရစေ ။
အခုကစပြီး Vintage Culture ကို Bangkok ကိုမမှီရင်တောင်မှ အခုကစပြီး မှီအောင် ကြိုးစားစေချင်ပါတယ် ။ အတု အယောင်တွေကို ဖယ်ရှားပြီး အစစ် အမှန်တွေနဲ့ Vintage Culture ကြီး တိုးတက်လာအောင်အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။ (သုတ)