Knowledge

ယူနက်စကို ဝင်ထားတဲ့ နေရာတခုကို လုပ်ချင်တိုင်း လုပ်နေတဲ့ ဝမ်းနည်းဖွယ်ရာ ပြည်မြန်မာ

ယူနက်စကို ဝင်ထားတဲ့ နေရာတခုကို လုပ်ချင်တိုင်း လုပ်နေတဲ့ ဝမ်းနည်းဖွယ်ရာ ပြည်မြန်မာ..

အမိုးအတွက်မှန်ဆိုတော့ အနည်းဆုံးတော့ 12mm အထူသုံးပါလိမ့်မယ်။ အဲ့ဒါ အလေးချိန်တွက်မယ်ဆိုရင် တစ်ပေပတ်လည်ကို ၃ ကီလိုဝန်းကျင် အလေးချိန်ရှိတယ်။

အခုဘုရားရဲ့ ပင်မအဆောင်က 40 ft x 42ft ဝန်းကျင်လောက်ဖြစ်မယ်။ ဒီတော့ 1680 sqf ရတယ်။ အဲ့ဒီဂဏန်းကို ၃ ကီလိုနဲ့မြောက်တော့ 5040 ကီလိုရတယ်။ တန်ချိန်တွက်မယ်ဆို 907 ကီလိုမှာ တစ်တန်။ တစ်တန်မှာ ကီလိုတစ်ထောင်ထားဦး။ အကြမ်းတွက် တွက်မယ်ဆိုရင်ဘဲ ဘုရားပေါ်တင်တဲ့ အလေးချိန်ဟာ တန်ချိန် ၅ တန်ရှိတယ်။ အိုင်ဘင့်တွေထပ်ပေါင်းရင် စုစုပေါင်း ၇ တန်ဝန်းကျင်လောက်ရှိမယ်။

အလယ် မဏ္ဏိုင်ကနေ ထောက်မထားတာတွေ့ပေမယ့် အမိုးစွန်းတွေဟာ တိုက်မနံရံပေါ် တင်ထားတယ်။ နံရံတွေဟာ မှန်အမိုးရဲ့ အလေးချိန်ကိုထမ်းထားရသေးတယ်။ အဲ့ဒါမလုပ်ရဘူး။ သီးခြားကော်လံတိုင်ထောင်ပီး ထောက်မသင့်တယ်။

မဖြစ်မနေ မှန်သုံးရမယ်ဆိုလည်း သုံးပါ။ ဒါပေမယ့် သုံးထားတဲ့ အမိုးဟာ stand alone ဖြစ်ဖို့လိုမယ်။ နံရံတွေကို မမှီခိုသင့်ဘူး။

အခုလုပ်ထားတာက မိုးဒါဏ် ၊ သဘာဝဘေးဒါဏ် ကိုအပြည့်ဝကာကွယ်ပေးတာလည်း မဟုတ်ဖူး။ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ သိပ်ကိုဆောက်ချင်တယ်ဆိုရင်လည်း မူလရှိရင်းဆွဲ ၁၂ ရာစုအဆောက်ဦးနှင့် ကိုက်ညီတဲ့ ဒီဇိုင်းမျိုး သေချာပြင်ဆင်ဒီဇိုင်းဆွဲသင့်တယ်။

ရှေးပုဂံသားတွေဟာ ဘုရားဘေးကပ်ရက်မှာ ပြဿာဒ်ဆောင် ဆောက်တဲ့ အလေ့ရှိတယ်။ ဒီတော့ အပေါ်ကမိုးမယ့် အဆောင်ကို မှန်သုံးပီး မြန်မာမှု မြန်မာဟန်လုပ်လိုက်ရင် master piece တောင်ဖြစ်သွားနိုင်တယ်။ ခုဟာက ရွှေဉာဏ်တော် စူးရောက်တာ။ ပဲရစ်မြို့က Louvre Museum ကိုအားကျဟန်တူတယ်။ ပိုက်ဆံလည်းပေါနေတော့ ဘာမှ ချင့်ချိန်စဉ်းစား မနေဘဲ ချကွာဆိုပီး လုပ်ဟန်တူတယ်။

ရှေး/သုမှာ တာဝန်ရှိတယ်။ ကျောင်းတိုက်အတွင်းမှာဆို ဘုန်းကြီးမှာ တာဝန်ရှိတယ်။ အလှူရှင်မှာ တာဝန်ရှိတယ်။ ကန်ထရိုက်တာကလည်း ငွေရတိုင်းမလုပ်ပဲ သင့်တော်ရာဒီဇိုင်းကို ပြောင်းလဲရေးဆွဲပီး တည်ဆောက်သင့်တယ်။

ဘာဆက်ပြောရမှန်းမသိလို့ ယဉ်ယဉ်ကျေးကျေး ပြောရရင် Heritage Impact Assessment ဆိုတာ ဖားခရု ပါ။ (Zay Myo Lin)

Leave a Comment

You cannot copy content of this page