ရွှေစက်တော်ချည့် ဂျင်းမဟုတ်ပါဘူး။ တပြည်လုံးက ဘာသာရေးကိုအသုံးချတဲ့ ဂျင်းကများများ လ္ဘက်သားကနဲနဲရယ်..
တကယ်တော့ ဂေါတမမြတ်စွာဘုရားရဲ့ အရပ်က (၆) ပေပဲရှိပါတယ်။ ဟာ.. ဒါဆိုရွှေစက်တော်က ခြေတော်ရာကြီးကရောလို့ မေးခွန်းထုတ်စရာရှိတယ်။
တတိယသင်္ဂါယနာတင်တုန်းက သီဟိုဠ်ဘုန်းကြီးတွေဟာ သက္ကတဘာသာကနေပါဠိလို ဘာသာပြန်ရာမှာ (၁၈) သစ်ကို (၁၈) တောင်လို့ မှားပြီးဘာသာပြန်ခဲ့တာလို့ ဆရာတော်ရှင်ဥက္ကဋ္ဌက ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတိုင်းတာတဲ့စနစ်က “မိုက်၊ တောင်၊ ထွာ” စနစ်ပါ။ အခုခေတ်လို”လက်မ၊ ပေ၊ ကိုက်” စနစ် မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့အရပ်က (၁၈) သစ်ပါ။ (၁) သစ်ကို (၄) လက်မ၊ (၁၈) သစ်ဆိုတော့ (၇၂) လက်မ = (၆) ပေပေါ့။
ဝိနည်းထဲက နန္ဒသိက္ခာပုဒ်ကိုကြည့်ရင်လည်း ဘုရားရဲ့အရပ် ၁၈ တောင်မဟုတ်ဘူးဆိုတာ ကိုသိနိုင်တာပဲ။ ညီတော်နန္ဒကဘုရားနဲ့လည်း ရုပ်ခြင်းတူတယ်။ အရပ်ကလည်း လေးလက်မလောက်ပဲနိမ့်တယ်။ တခါက ဘုရားနဲ့အရောင်ဆင်တဲ့သင်္ကန်း ဝတ်လာတာကို ရဟန်းတွေက မြင်လိုက်တာကို ဘုရားကြွလာတယ်ထင်ပြီး အရိုအသေပေးကြရာမှာ အနားရောက်တော့မှ နန္ဒရဟန်းဖြစ်မှန်းသိရာက ဘုရားနဲ့အရောင်ကော အရွယ်ကောတူတဲ့သင်္ကန်းကို မဝတ်ရုံရဆိုတဲ့ နန္ဒသိက္ခာပုဒ်ဖြစ်လာတာ။
ဘာရောင်ချည်တော်စက်ဝိုင်းတို့။ ခေါင်းကဆံပင်မို့မို့ကြီးတို့။ နားရွက်အရှည်ကြီးတို့က ရှိမှမရှိတာဆိုတာကို နန္ဒသိက္ခာပုဒ်ကိုကြည့်ရင် သိနိုင်တာပဲလေ။ ဘုရားနေခဲ့တဲ့ဗုဒ္ဓဂါယာရဲ့ အဆောက်အဦပုံစံ၊ လမ်းအနေအထားဘာညာအရ (၆) ပေအရပ်နဲ့ကွက်တိပါပဲ။ ရွှေစက်တော်ကခြေရာကြီးအတိုင်းဆို ဘုရားရဲ့အရပ်က ဒိုင်နိုဆောလိုလို ဘာလိုလိုနဲ့။
မြတ်စွာဘုရားက နတ်တန်ခိုးရှင်မဟုတ်ပါ။ ဖန်ဆင်းရှင်မဟုတ်ပါ။ လူသားစစ်စစ်နေ သစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်သော အတုမရှိသော ဥာဏ်တော်နဲ့ သုံးလောကထွက်ထား ဘုရားဖြစ်လာတဲ့ “လူဘုရား” ပါ။ အဲဒီတော့ လူတွေရဲ့အရပ်ပဲရှိရပါတယ်။
တချို့လူတွေက ပြောတယ်။ အတောင် (၂၀) ဝတ် ဘာညာဆိုပြီး။ အဲ့အချိန်တုန်းကမချုပ်တတ်ကြလို့ လူကိုဒီအတိုင်းပတ်ပြီးဝတ်ထားကြတာကို သူတို့မသိကြဘူး။ မျက်လုံးထဲမြင်ကြည့်ပါ။ ကြည့်ရတာကိုကကို့ရို့ကားယားနဲ့။
မြန်မာပြည်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် အလိမ်အညာ အဖြီးအဖြန်းတွေက လက်ညှိုးထိုးမလွဲလို့ ပြောရမယ်။ အကောင်းဆုံးဥပမာကိုပြပါဆိုရင် ဘုရားသမိုင်းတွေပါ။ ဘုရားသမိုင်းတွေကိုကြည့်ရင် မြတ်စွာဘုရားဟာဘယ်တုန်းက ဒီနေရာကိုလာပြီး ဗျာဒိတ်ပေးသွားတယ် ဘာညာဆိုပြီး ဘုရားဖူးများများလာပြီး ပိုက်ဆံတွေများများရအောင် သမိုင်းလိမ်တွေကို မျက်နှာပြောင်ပြောင်နဲ့ ရေးပြီးအလှူငွေတွေကို အိတ်ထဲထည့်၊ ဘာမှမသုံးတတ် မစားတတ်တဲ့ဘုရားကို ဗန်းပြပြီး လုပ်စားနေကြတာက အထင်အရှားပါပဲ။
တကယ်တော့ ဗုဒ္ဓဟာ အိန္ဒိယနိုင်ငံရဲ့အပြင်ဘက်ကို ခြေတစ်ဖဝါးမှ သွားဖူးတာမဟုတ်တဲ့ အပြင်သူ့နိုင်ငံထဲကိုတောင် နှံ့အောင်လိုက်ကြွနေတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ငါးသိုင်းချောင်းမြို့သား ငဝန်မြစ်တဖက်ကမ်း ထောင့်ကြီးရွာဇာတိ ဝါးခမောက်ကို ပထမဆုံးစတင်ခဲ့တဲ့နေရာမှာ မွေးခဲ့တဲ့ ကမ္ဘာကျော်သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းပြောခဲ့တာပါ။ “သမိုင်းဆိုတာ မ အ အောင်သင်တာ” ပြန်ပြောချင်ရင် သူ့နောက်လိုက်သွားပီးမေးပါ။