Knowledge

အခုတလော ကားဈေး ကျဖို့ရှိလား ထပ်တက်နိုင်လား၊ ကွဲကွဲပြားပြားသိဖို့ မူဝါဒနဲ့ ဥပဒေ

အခုတလော ကားဈေး ကျဖို့ရှိလား ကားစျေး ထပ်တက်နိုင်လား၊ ကွဲကွဲပြားပြားသိဖို့ မူဝါဒနဲ့ ဥပဒေ..

အခုတလော ကားဈေးကျဖို့ရှိလား ကားဈေးထပ်တက်နိုင်လားလို့ သုံးသပ်ပေးပါဦးဆိုပီး မိတ်ဆွေတွေလာမေးကြတယ်။ ကားဈေးဘာကြောင့်တက်မယ် ကျမယ်ဆိုတာထက် မူဝါဒနဲ့ ဥပဒေကို ရှင်းပြပါရစေ။

မူဝါဒဆိုတာ မနက်ဖြန် သဘက်ခါ မတူညီနိုင်ပါ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ အချိန်မရွေး ဖြစ်ပေါ်လာတဲ့ အခြေအနေလိုက်ပီး ပြောင်းလဲလို့ရပါတယ်။ ဒါပေမယ့် ဥပဒေကတော့ ပြောင်းလဲဖို့ အချိန်အကြာကြီးယူရပါတယ်။ မလွယ်ကူပါဘူး။ (ကားအကြောင်းပြောတာပါ။)

ဒီတော့ ကားမူဝါဒကြောင့် ပါမစ်ပိတ်ထားလို့ ကားဈေးတက်လာတယ်ဆိုတာ အားလုံးအသိပါ။ ပြည်ပက CIF တန်ဖိုးနဲ့ တင်သွင်းထားတဲ့ ကားတွေဖြစ်လို့ ဒေါ်လာဈေးအတက်အကျနဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။ ကားပါမစ် ဘယ်တော့ ပြန်ဖွင့်မလဲ ဆိုတာ ကတော့ အခြေအနေကြောင့် မူဝါဒ ဖြစ်လို့ အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။

လက်ရှိ လုပ်ငန်းသုံး ကားပါမစ်တွေ ချပေးနေပါတယ်။ သို့သော် အရေအတွက် အရမ်းနည်းပါတယ်။ တစ်လနီးပါး ကြာပါတယ်။ ပါမစ်တစ်ဆောင် ကျဖို့ကိုပါ။ လူစီးကားပါမစ် တွေကတော့ ဒေါ်လာဈေး အရ အုံလိုက်ကျင်းလိုက် ဖောဖောသီသီ ကျဖို့ဆိုတာ မဖြစ်နိုင်သေးပါ။ အတိုင်းတာ တစ်ခုအထိ ပြန်လည်တော့ ခွင့်ပြုလာနိုင်ပါတယ်။ (EV + အနည်းငယ်သာ)

အချူပ်အားဖြင့် ကားဈေးကျဖို့ဆိုတာ မူဝါဒနဲ့ သက်ဆိုင်သလို ဒေါ်လာဈေး ပါမစ် မဟုတ်ဘဲ တစ်ခြား ကန့်သတ်ချက် ခွင့်ပြုချက် ထွက်ပေါ်လာရင်လည်း ကားဈေး အနည်းငယ် ကျဆင်းလာနိုင်ပါတယ်။ (လတ်တစ်လော ကြိုခန့်မှန်းလို့မရနိုင်ပါ။) လက်ရှိအခြေအနေကတော့ ကားဈေး တက်နေတယ်ဆိုတာ အားလုံး အသိပါ။ ကားဈေးကွက်အရ အမျိူး အစား (၃) မျိူး ယေဘုယျခွဲကြည့်ပါမယ်။

(၁) ပြည်ပကတိုက်ရိုက်တင်သွင်းတဲ့ ကား.. CBU (၂) ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD.. (၃) ပြည်တွင်းမှာ သွင်းထားပီး အသုံးပြုနေတဲ့ ညာမောင်းကားများ.. ကားဈေးတက်မှုကလည်း အစဉ်အလိုက် ဖြစ်နေပါတယ်။ အမြင့်ကားဈေးပါလာလို့ အောက်ကားတွေ ဈေးပါလာတာပါ။ မူဝါဒ ပြောင်းလဲရင် ကားဈေးအတက်အကျ ကြမ်းနိုင်မယ့်ကားတွေလည်း သတိပြုစရာပါ။

လက်ရှိအချိန်မှာတော့ ကားဈေး တက်တက် ကျကျ ကားနဲ့ ပက်သက်ပီး လုပ်ငန်းလုပ်ကိုင်သူကတော့ ဘယ်အခြေအနေရောက်ရောက် လုပ်ငန်းကတော့ လုပ်နေကြမှာပါ။ ညာမောင်းကနေ ဘယ်မောင်း ပြောင်းလဲသွားလဲ လုပ်ကိုင်နေကြတာပါ။ ဘယ်တက်နဲ့ ဖြစ်ဖြစ် ပြောင်းလဲမယ့် လှိုင်းဒဏ်ကို လှော်ခတ်တက်ပီးသားပါ။ ကားနဲ့ မရင်းနှီးသူအဖို့ကတော့ အခြေအနေတစ်ခု အပြောင်းအလဲဖြစ်လာရင် သတိပြုစရာလိုပါတယ်။ ကားဈေးတက်မလား ကျလာမလား ဆိုတာတော့ ဘယ်သူမှ ကြိုမသိကြပါ။

အခုလို ကားဈေးတက်မယ်ဆိုတာ သိခဲ့ရင်လည်း ဈေးအရမ်းတက်လာမယ့် ကားကို အစီးရေ ထောင်နဲ့ချီသွင်းပီး အရောင်း ပိတ်ထားကြမှာပါ။ Hp အရစ်ကျစနစ်နဲ့လည်း ကားအစီးရေ ရာချီ အကြွေး အော်ဒါ မှာထားကြမှာပါ။ ကားအကြောင်း မရေးဖြစ်တာ ကြာခဲ့ပါပီ။ မူဝါဒ ဥပဒေ ကွဲပြား သိဖို့ ရေးသားလိုက်ရတာပါ။ အားလုံးလုပ်ငန်းတွေ အဆင်ပြေကြပါစေ။ အရေးအသား အမှားပါခဲ့ရင် နားလည်ခွင့်လွတ်ပေးကြ ပါခင်ဗျာ။ (နေပြည်တော် သိန်းဆွေ)

Leave a Comment

You cannot copy content of this page