“မြန်မာပြည်မှာ ပျောက်ကွယ်သွားတဲ့ သမန်းကျား မျိုးဆက်များ” (ဒဏ္ဍာရီကနေ အမှန်ဖြစ်သွားတဲ့ ဖြစ်ရပ်)

မြန်မာနိုင်ငံတွင် ထူးခြားသည့် သတ္တဝါတစ်မျိုးရှိပါသည်။ ဒါကတော့ မြန်မာနိုင်ငံအထက်ပိုင်းက သမန်းကျားတွေပါ။ သမန်းကျားဆိုသည်မှာ လူကနေ ကျားအသွင်ပြောင်းလဲနိုင်သော မျိုးနွယ်စုကို ခေါ်ဆိုတာပါ။ ထိုလူမျိုးကို ထမန်းလူမျိုးဟုလည်း ခေါ်ဆိုကြပါတယ်။ ထမန်းလူမျိုးသည် တိဗက် မြန်မာအစုဝင် သက်အုပ်စုခွဲတွင် ပါဝင်၍ မြန်မာနိုင်ငံအထက် ချင်းတွင်းခရိုင်၏မြောက်ဘက် ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေတို့ ဆုံရာဒေသတွင် နေထိုင်ကြပါသည်။ လူဦးရေ နှစ်သောင်းခန့်ရှိ၏။ ထမန်းတို့ပြောဆိုသော စကားသည် …

“မြန်မာပြည်မှာ ပျောက်ကွယ်သွားတဲ့ သမန်းကျား မျိုးဆက်များ” (ဒဏ္ဍာရီကနေ အမှန်ဖြစ်သွားတဲ့ ဖြစ်ရပ်) Read More

တောင်းရမ်း စားသောက်သူတွေကို ပေးကမ်းသင့်ရဲ့လား ဆိုတဲ့ မေးခွန်းနဲ့ တကယ်ရှိသင့်တဲ့ စေတနာ

“တကယ်ရှိသင့်တဲ့ စေတနာ” အာဖရိကတိုက် အလယ်ပိုင်း ကုန်းတွင်းပိုင်းနိုင်ငံ ရေ၀န်ဒါ (Rwanda) မှာပါ။ ကြည့်လိုက်ရုံနဲ့ စိတ်မချမ်းမြေ့စရာပါ။ အခြေအနေက ထင်ထားတာထက် အများကြည့် စိတ်ပျက်စရာ ကောင်းလွန်းလှပါတယ်။ အနယ်နယ် အရပ်ရပ် စေတနာ၀န်ထမ်းလူငယ်များကို တင်ဆောင်လာတဲ့ ထရပ်ကားကြီးများဟာ ကယ်ဆယ်ရေး ပစ္စည်းများနဲ့အတူ စခန်းကို ဆိုက်ရောက်လာပါတယ်။ ထိုင်၀မ်မှ လူငယ်တစ်ဦးဟာ မိမိမြင်လိုက်ရတဲ့မြင်ကွင်းအပေါ် တော်တော်လန့်သွားပါတယ်။ အားနည်းပိန်လီပြီး မျက်၀န်းဟောင်းလောင်းဖြစ်နေတဲ့ …

တောင်းရမ်း စားသောက်သူတွေကို ပေးကမ်းသင့်ရဲ့လား ဆိုတဲ့ မေးခွန်းနဲ့ တကယ်ရှိသင့်တဲ့ စေတနာ Read More

သင်္ဘော တက်မပေါ်မှာ ပုန်းခိုလိုက်လာတဲ့ နိုက်ဂျီးရီးယား (၃) ဦးနှင့် ကိုယ်တွေ့ ဇာတ်လမ်းလေး တပုဒ်

ကိုယ်တွေ့ ဇာတ်လမ်းလေး တခုပါ.. နိုက်ဂျီးရီးယားနိုင်ငံ လာ့ဂိုစ့်မြို့က သင်္ဘောပြန်အထွက်မှာ ကိုယ့်နိုင်ငံက ဆင်းရဲလွန်းလို့ တခြားနိုင်ငံတစ်ခုခုကို ပြန်လည်ထွက်ခွာလာတဲ့ သင်္ဘောနဲ့ အတူ ပုန်းခိုလိုက်လာတဲ့အကြောင်းလေး ဖတ်မိလိုက်တော့ ဟိုးအရင် နှစ် ၂၀ လောက်ကအကြောင်းလေး ပြန်သတိရမိသည်။ ကျွန်တော်တို့၏ MV Alyia အမည်ရ ကုန်တင်သင်္ဘောဟာ လွန်ခဲ့တဲ့အနှစ် ၂၀ ဝန်းကျင်က အာဖရိကတိုက် နိုက်ဂျီးရီးယားနိုင်ငံ လာ့ဂိုစ် …

သင်္ဘော တက်မပေါ်မှာ ပုန်းခိုလိုက်လာတဲ့ နိုက်ဂျီးရီးယား (၃) ဦးနှင့် ကိုယ်တွေ့ ဇာတ်လမ်းလေး တပုဒ် Read More

ဆင်ဖြူလည်း တိရစ္ဆာန်ပဲ၊ မယုံရင် အနင်းခံကြည့်လို့ ပြက်ရယ် ပြုခဲ့တဲ့ သမိုင်းပညာရှင်၊ နှစ်ပေါင်း (၁၇) နှစ် ရှိပါပြီ

ဆင်ဖြူလည်း တိရစ္ဆာန်ပဲ၊ မယုံရင် အနင်းခံကြည့်လို့ ဆင်ဖြူ ကိုးကွယ်သူတွေကို ပြက်ရယ် ပြုခဲ့တဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ကွယ်လွန်ခဲ့တာ နိုဝင်ဘာလ ၃၀ ရက်နေ့ကဆိုရင် နှစ်ပေါင်း ၁၇ နှစ်ရှိပါပြီ။ မအအောင် သမိုင်းသင်ရတယ် ဆိုတဲ့ နာမည်ကြီးစကားမျိုး၊ ဗမာပုဆိုးဟာ အိန္ဒိယက ယူတယ်ဆိုတဲ့ စကားတွေဟာ ဒီကနေ့လူတွေကြားမှာ ကိုးကားနေကြတုန်းပါ။ သီပေါမင်း ရက်စက်သမျှ အင်္ဂလိပ်တာဝန် …

ဆင်ဖြူလည်း တိရစ္ဆာန်ပဲ၊ မယုံရင် အနင်းခံကြည့်လို့ ပြက်ရယ် ပြုခဲ့တဲ့ သမိုင်းပညာရှင်၊ နှစ်ပေါင်း (၁၇) နှစ် ရှိပါပြီ Read More

အသက်ကြီးလာတဲ့အခါ အေးအေးဆေးဆေး မုန့်ဟင်းခါးဆိုင်လေး ဖွင့်ချင်သူတဦးရဲ့ အိမ်မက်

တကယ်တော့ အသက်ကြီးလာတဲ့အခါ အေးအေးဆေးဆေး မုန့်ဟင်းခါးဆိုင်လေး ဖွင့်ချင်တာ။ မွင်းခါးရောင်းပြီဆိုတော့ အသက်က ငါး ပဲ။ ဒီတော့ ငါးတွေကို လိုက်စုံစမ်းကြည့်တော့ စိတ်တိုင်းကျတယ်ရယ်လို့ကို မရှိဘူး။ ဒီလိုနဲ့ပဲ အသက်ကြီးလာတဲ့အခါ မွင်းခါးဆိုင် ဖွင့်ဖြစ်ဖို့ ငါးလည်းအဆင်ပြေအောင် ခုတည်းက ငါးကန်လေးထောင်ပြီး ငါးမွေးလိုက်တယ်။ ငါးကန်လုပ်ပြီးမှ သိလိုက်ရတာက ငါးစာက တော့်တော့်ကို စျေးကြီးတာပဲ။ ဒါနဲ့ မိတ်ဆွေတယောက်ရဲ့ အကြံပေးမှုကြောင့်ပဲ …

အသက်ကြီးလာတဲ့အခါ အေးအေးဆေးဆေး မုန့်ဟင်းခါးဆိုင်လေး ဖွင့်ချင်သူတဦးရဲ့ အိမ်မက် Read More

“ဆောင်းအိပ်မက်” (အကြည်တော်၏ ခေတ်ကာလ မိန်းကလေးများအကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတပုဒ်)

“ဆောင်းအိပ်မက်” (အကြည်တော်) တစ်ခါ တစ်ခါ မိဘနှစ်ပါးကို မြန် မာဗီဒီယိုဇာတ်ကားထဲ ထည့်ထားပေးချင်စိတ်ပေါက်တယ်။ ဟုတ်တယ်လေ။ ဒီတော့မှ မြန်မာဗီဒီယိုဇာတ်ကားထဲက မိဘတွေလို အလုပ်မရှိ၊ အကိုင်မရှိ၊ အားယားနေပြီး ကိုယ့်သားသမီး အိမ်ထောင်ချပေး ဖို့သိမှာ။ လူပျိုကြီးဖြစ်ရတာလည်း သိပ်တော့လွယ်လှတာမဟုတ်ဘူး။ လူတိုင်းက ရောင်းမထွက်တဲ့ရှေးဟောင်းလို ကြည့်သွားတာတစ်မျိုး။ တချို့ကလည်း လောကကြီးကို သေးပေါက်ဖို့လောက် ရောက်လာတယ်ကပြောသေး။ ဒီကြားထဲ ကိုယ့်ပတ်ဝန်းကျင်က မိန်းမတွေ၊ …

“ဆောင်းအိပ်မက်” (အကြည်တော်၏ ခေတ်ကာလ မိန်းကလေးများအကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတပုဒ်) Read More

ရှေးရှေးတုန်းက လ္ဘက်ရည် (သို့) အဆင့်ဆင့် ပြောင်းလဲလာတဲ့ မြန်မာပြည်က လ္ဘက်ရည်ဆိုင် သမိုင်း

ရှေးရှေးတုန်းက လ္ဘက်ရည် (သို့) အဆင့်ဆင့် ပြောင်းလဲလာတဲ့ မြန်မာပြည်က လ္ဘက်ရည်ဆိုင် သမိုင်း.. ရှေး နန်းတွင်းလက်ထက်တော်ကြီးမှာတော့ “လ္ဘက်ရည်တော်” ဆိုတဲ့ ရာထူးပို့စ် တစ်ခုရှိခဲ့ကြောင်း ဖတ် မှတ်ဖူးပါတယ်ဗျာ။ သို့သော် နို့ သကြား ဘာညာ မပါတဲ့ ဗမာ့လ္ဘက်ရည်အခါး၊ အဖန် ၊ အကြမ်း ပဲလို့ ယူဆမိပါတယ်။ နယ်ချဲ့ရောက်လာပြီးမှ ဒီ “လ္ဘက်ရည်အချို” …

ရှေးရှေးတုန်းက လ္ဘက်ရည် (သို့) အဆင့်ဆင့် ပြောင်းလဲလာတဲ့ မြန်မာပြည်က လ္ဘက်ရည်ဆိုင် သမိုင်း Read More

“ကျားရဲ ငါ” (ဟံသာဝတီ ဦးဝင်းတင်)

“ကျားရဲ ငါ” (ဟံသာဝတီ ဦးဝင်းတင်) နေပြင်းလျှင် နှင်းမှုန်လျှင် ဆွေ့ဆွေ့ခုန် အိုက်လိုအိုက် ခိုက်ခိုက်တုန် ချမ်းလိုချမ်း.. အခန်းကျဉ်းကျဉ်း အလင်းမဝင် လေမဝင် နေမမြင် လမမြင် လူမမြင် သူမမြင် ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး အိပ်လျှင်အိပ် မအိပ်လျှင်တွေး.. သတင်းမေးဖို့ ဝေးရော သီချင်းလေးမှ မဆိုရ စာဖတ်ဖို့ ဝေးရော ကဗျာလေးမှ မစပ်ရ တရားဟောဖို့ …

“ကျားရဲ ငါ” (ဟံသာဝတီ ဦးဝင်းတင်) Read More

“အရောင်ထွက်နေလျှင် သတိထားပါ” – ဆရာနန္ဒာသိန်းဇံရဲ့ နောင်တ ကင်းရာသို့ ထဲက ပုံပြင်လေး

အရောင်ထွက်နေလျှင် သတိထားပါ.. တစ်ခါက ကုန်သည်တစ်စု သဲကန္တာရကို ဖြတ်သန်းသွားကြတယ်။ နေ့ခင်းမှာ ပူလွန်းလို့ ရွက်ဖျင်တဲတွေနဲ့ နားနေကြပြီး ညမှသာ ခရီးဆက်ကြတယ်။ ဒီလိုနဲ့ တစ်နေ့ နေဝင်လထွက် ညဘက်ရောက်လို့ ခရီးဆက်ကြဖို့ လူစုကြတာပေါ့။ နောက်ဆုံးမှရောက်လာတဲ့သူက..” အဆွေတို့ ကျုပ် ဟောဟိုနားမှာ တွင်းကြီးတစ်တွင်းတွေ့ခဲ့တယ်.. အထဲမှာလည်း အရောင်တွေ တဖိတ်ဖိတ်တောက်နေတာပဲ မဟုတ်မှလွဲရော ခိုးသားတွေဝှက်ထားတဲ့ ရတနာတွေလား.. သဘာဝ …

“အရောင်ထွက်နေလျှင် သတိထားပါ” – ဆရာနန္ဒာသိန်းဇံရဲ့ နောင်တ ကင်းရာသို့ ထဲက ပုံပြင်လေး Read More

“လောက” – မကြာခင်ပြီးဆုံးမယ့် လူ့ဘဝကို အထင်းသား ဖော်ပြနေတဲ့ ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်

“လောက” ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်က စရမယ်… ကြက်သမားတစ်ယောက်မှာ ကြက်ခြင်းကြီး တစ်ခုရှိသတဲ့… အဲ့ဒီကြက်ခြင်းကြီးထဲမှာ ကြက်တွေအမြေက်အများ ပြွတ်ကျိတ်နေအောင် ထည့်ထားတယ် ကြက်တစ်ကောင်ခြင်း ကြပ်ညပ်နေလို့ အသက်ရှူရခက်လောက်အောင်ဖြစ်ကြတယ် အထူးသဖြင့် အောက်မှာပိနေတဲ့ ကြက်တွေပဲ.. သူတို့တစ်တွေ အသက်ရှူရကြပ်တဲ့အခါ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိတ်တွန်းထုပ်ပြီး ခေါင်းဝင်လို့ အသက်ရှူကြရတယ်.. ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်.. အဲ့ဒီအတွက် …

“လောက” – မကြာခင်ပြီးဆုံးမယ့် လူ့ဘဝကို အထင်းသား ဖော်ပြနေတဲ့ ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ် Read More