International News

ပါကစ္စတန်လေတပ်မှ တရုတ်ထုတ် JF-17 တိုက်လေယာဉ်တစ်စီး ပျက်ကျ (တရုတ်လေယာဉ်တွေကတော့ သိတဲ့အတိုင်းပါပဲ)

ပါကစ္စတန်လေတပ်မှ တရုတ်ထုတ် JF-17 တိုက်လေယာဉ်တစ်စီး ပျက်ကျ (တရုတ်လေယာဉ်တွေကတော့ သိတဲ့အတိုင်းပါပဲ)

ပါကစ္စတန်လေတပ်မှ JF-17 တိုက်လေယာဉ်တစ်စီး Attock ခရိုင်အနီးတွင် ပျက်ကျခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ် ယင်းလေယာဉ်အမျိုးအစား တတိယမြောက် ပျက်ကျမှုဖြစ်ကြောင်း The Defenstar သတင်းက ဖော်ပြခဲ့သည်။

ပျက်ကျသည့်လေယာဉ်အမျိုးအစားကို ဖော်ပြရန် ပါကစ္စတန်လေတပ်က ရှောင်လွှဲခဲ့သော်လည်း ရရှိသည့် ဓာတ်ပုံများအရ ပါကစ္စတန်လေတပ်ရှိ F-16 ၊ Mirage နှင့် J-7 လေယာဉ်များနှင့် မတူညီဘဲ JF-17 သာ ဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၅ ရက်က ပုံမှန်လေ့ကျင့်ပျံသန်းစဉ် Attock ခရိုင်၊ Pindigheb ဒေသအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေသူရဲသည် ဘေးကင်းစွာခုန်ထွက်နိုင်ကြောင်းလည်း သိရသည်။ ပျက်ကျခြင်းအကြောင်းရင်းကို ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု ပါကစ္စတန်လေတပ်က ထုတ်ပြန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

မတ်လအတွင်းက စစ်ရေးပြပွဲသရုပ်ပြရန် ပျံသန်းစဉ် ပါကစ္စတန်လေတပ်မှ F-16 တစ်စင်း ပျက်ကျခဲ့ပြီး အုပ်မှူး Nauman Akram သေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီ ၂၁ ရက်ကလည်း လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ယင်းလမှာပင် မိုင်းရပ်ဂျ်တိုက်လေယာဉ်တစ်စင်းလည်း လာဟိုး မူလ်တန် ကားလမ်းအနီး ပျက်ကျခဲ့သည်။ ယင်းပျက်ကျမှု နှစ်ခုစလုံးတွင်လည်း လေသူရဲများ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့သည်။

ဇန်နဝါရီအစောပိုင်းကလည်း မီယန်ဝါလီဒေသအနီးတွင် ပါကစ္စတန်လေတပ်မှ တရုတ်လုပ် FT-7 လေ့ကျင့်ရေးဂျက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ရာ လေယာဉ်ပါ လေသူရဲနှစ်ဦးလုံး သေဆုံးခဲ့ရသည်။ (SBM)

Leave a Comment

You cannot copy content of this page