International News

နိုဝင်ဘာလအတွင်းမှာ စျေးကွက်အတွင်း ရရှိနိုင်တော့မည့် တရုတ်ကိုဗစ်ကာကွယ်ဆေး

တရုတ်ကာကွယ်ဆေးဟာ အစောဆုံး နိုဝင်ဘာလအတွင်းမှာ ရနိုင်ပါတယ်။ တရုတ်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး CDC ရဲ့ chief biosafety expert (ဇီဝအန္တရာယ်ကင်းရှင်းရေးကျွမ်းကျင်သူခေါင်းဆောင်) ဖြစ်သူ Guizhen Wu က မနေ့က တနင်္လာနေ့ညပိုင်းမှာ TV အင်တာဗျူးမှာ ပြောသွားတာဖြစ်ပါတယ်။

တရုတ်မှာ နောက်ဆုံးအဆင့် Phase 3 ရောက်နေတဲ့ ကာကွယ်ဆေး (၄) ခုရှိပါတယ်။ အဲ့ဒီထဲက သုံးခုကို မရှိမဖြစ်လုပ်သားတွေကို ဇူလိုင်လကတည်းက အရေးပေါ်ချပေးခဲ့ပြီးပါပြီ။ အဲ့ဒီသုံးခုဟာ Sinopharm နဲ့ Sinovac တို့ရဲ့ ကာကွယ်ဆေးတွေပါ။

စတုတ္ထတစ်ခုဖြစ်တဲ့ CanSinovကဆေးကိုလည်း တရုတ်စစ်တပ်မှာသုံးဖို့ ဇွန်လမှာ အတည်ပြုခဲ့ပါတယ်။ တရုတ်ကာကွယ်ဆေးဟာ တရုတ်ပြည်သူလူထုလက်ထဲ နိုဝင်ဘာ (သို့) ဒီဇင်ဘာမှာ အဆင်သင့်ချပေးနိုင်မယ်လို့ Guizhen Wu ကပြောသွားတာပါ။ သူမကိုယ်တိုင် ဧပြီလကတည်းကထိုးထားတာ ဘာပုံမှန်မဟုတ်တဲ့လက္ခဏာမှ မတွေ့ရဘူးလို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့် သူမ ဘယ်ကာကွယ်ဆေးကိုထိုးခဲ့သလဲ ထည့်မပြောသွားပါဘူး။

Sinopharm ကတော့ သူ့ကာကွယ်ဆေးဟာ ဒီနှစ်ကုန်မှာရမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လကဆိုထားတာပါ။ ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရမှုနဲ့ Covid ကိုကာကွယ်နိုင်စွမ်းတကယ်ရှိဖို့ လိုအပ်ပါတယ်။ Chinese Standard နဲ့ Western Standard ကတော့ ကွာခြားပါလိမ့်မယ်။

အနောက်တိုင်းက ကာကွယ်ဆေးထုတ်နေတဲ့ ကုမ္ပဏီတွေကတော့ ဘယ်လောက်ပဲနိုင်ငံရေးဖိအားနဲ့အလျင်လိုလို Scientific Study Standards ကို တစ်ပြားသားမှ အထိမခံဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။ အဲ့ဒီကုမ္ပဏီကြီးတွေဟာ ကာကွယ်ဆေးထုတ်လုပ်မှုသမိုင်းကြောင်းရှည်ကြာစွာ ရှိထားကြသူတွေဖြစ်ပါတယ်။

တရုတ်ကာကွယ်ဆေးတစ်မျိုးမျိုး (သို့) လေးမျိုးအထိဟာ နောက်ထပ် ၂ လ ၃ လ အတွင်းမှာ စျေးကွက်ထဲရောက်ရှိလာပါတော့မယ်။ WHO ရဲ့အသိအမှတ်ပြုမှုကို စိတ်ဝင်စားစွာစောင့်ကြည့်နေပါတယ်။ အနောက်အုပ်စုကကာကွယ်ဆေးဟာလည်း ဒီနှစ်ကုန် (သို့) ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ရလာမယ့်သဘောရှိပါတယ်။

Chinese Standards နဲ့ Western Standards ကွာခြားမှုကိုတော့ ကိုယ့်ဘာသာချိန်ထိုးကြရမှာဖြစ်ပါတယ်။

Richard Myo Thant

Leave a Comment

You cannot copy content of this page