International News

တရုတ် ကိုဗစ်ကာကွယ်ဆေးရဲ့ ထိရောက်မှုက (၅၀.၄) ရာနှုန်းပဲရှိကြောင်း ဘရာဇီးပညာရှင်တွေ ထုတ်ပြန်

တရုတ်ပြည်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ (၅၀.၄) ရာနှုန်းရှိတယ်လို့ ဘရာဇီးသုသေသနပညာရှင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မနေ့က ထုတ်ပြန်ကြေညာချက်အရဆိုရင် FDA ကလက်ခံနိုင်တဲ့ အာနိသင်ထိရောက်မှု ၅၀ ရာနှုန်းကို ၀.၄ ကျော်တယ်ဆိုရုံလေး ဖြစ်နေပါတယ်။ အခုလို ထိရောက်မှုရာနှုန်းက တစ်ဝက်ပဲရှိတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ထုတ်ပြန်ကြေညာချက် ထွက်လာအပြီးမှာ လောလောဆယ်ဘရာဇီးမှာ စိတ်ပျက်တဲ့အသံတွေထွက်လာပါတယ်။

ဘရာဇီး Butantan biomedical center ရှိသိပ္ပံပညာရှင်တွေရဲ့ ထုတ်ပြန်ချက်ထွက်ဖို့က (၃) ကြိမ်တိုင် နှောင့်နှေးခဲ့ပါတယ်။ တရုတ် Sinovac နဲ့ စာချုပ်ချုပ်ထားတဲ့အထဲက confidentiality clause လျှို့ဝှက်ထိန်းသိမ်းရမယ့် စာပိုဒ်ကြောင့်လို့ ဆိုပါတယ်။ အရင်တုန်းက တခါ ၇၈ ရာနှုန်း ထိရောက်မှုရှိတယ်လို့ ကြေညာဖူးပါတယ်။

Richard Myo Thant (13-1-2021)

Leave a Comment

You cannot copy content of this page