Knowledge

ကိုဗစ်ကာလမှာတောင် နိုင်ငံတကာစံနှုန်းများနဲ့ တကယ့်ရွှေနိုင်ငံ ဖြစ်နေတဲ့ မြန်မာပြည်

ငွေမဲ ကို နိုင်ငံတကာ စီးပွားရေးစစ်တမ်း စံနှုန်းတွေက ရှာမတွေ့နိုင်။

ကျွန်တော်မိတ်ဆွေ ဂျပန်ကြီးက ပြောတယ်.. မင်းတို့မြန်မာပြည်ကို ရွှေနိင်ငံ ရွှေနိင်ငံ ဆိုပြီ ခေါ်ကြတာ အခု ကိုဗစ်ကာလမှာ သဘောပေါက်လာပြီ ပြောပါတယ်..

ကျွန်တော်က ပြန်မေးတာပေါ့ ဘာကြောင့်လဲ ဆိုပြီ.. သူကပြောပါတယ်.

၂၀၂၀ ခုနှစ် နိင်ငံတကာမှာ စီးပွါးရေးတွေ ကျပြီ နယ်ပယ်အသီးသီးကလုပ်ငန်းရှင်တွေ ဒုက္ခရောက်ရပြီ ဝန်ထမ်းတွေလည်း အလုပ်ပြုပ်ပြီ ဒုက္ခရောက် ခက်ခဲနေကြရပါတယ်.ဂျပန်မှာ ဆိုလည်း နှစ်ပေါင်းရာချီ ရာဇဝင်ရှိတဲ့ လုပ်ငန်းတွေတောင် ပြုပ်လဲပြီ ဖျက်သိမ်းလိုက်ရတာတွေမနည်းဘူးလို့ ပြောပါတယ်.

ကမ္ဘာ့နိင်ငံကြီး များစွာက အစိုးရအသီးသီးကလည်း မိမိတို့ရဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ မပြုပ်လဲရေး အလုပ်အကိုင်မဆုံးရှုံးရေးအတွက် အဖက်ဖက်ကထောက်ပန့်ကူညီဆောင်ရွက်နေတဲ့ ကြားက ပြိုလဲကျဆုံးသွားတဲ့ လုပ်ငန်းတွေများစွာရှိကြပါတယ်..

ကမ္ဘာ့နိင်ငံကြီးအသီးသီးက ပြည်သူတွေလည်း မလိုအပ်တာတွေ အပိုပစ္စည်းတွေ ဝယ်မသုံးကြလို့ ထုက်လုပ်သူ လုပ်ငန်းရှင်တွေမှာလည်း ဒုက္ခရောက်ပြီ များစွာ ဆုံးရှုံးကြာ မင်းလည်း နိင်ငံတကာ စီးပွါးရေးသတင်းတွေဖတ်လို့ သိတယ်မဟုက်လားမေးတော့..

ကျွန်တော်လည်း သိရှိကြောင်းပြန်ပြောပါတယ်..

သူကထပ်ပြောပါတယ်.. မြန်မာပြည်က လုပ်ငန်းရှင်တွေ အလုပ်လုပ်နေသူစီးပွါးရေးလုပ်ငန်းရှင်တွေကို ဘာမှထိထိရောက်ရောက် ကူညီပန့်ပိုးတာမတွေ့ရမကြားရသည့်အပြင် လုပ်ငန်းရှင်စီးပွါးရေးသမားတွေဆီက ပြန်အလှူခံပြီ ကိုဗစ်ကာကွယ်ရေးတွေ လုပ်နေတာ မြင်ရကြားရတော့ သူအနေနဲ့ အလွန်လေးစားမိပါကြောင်း ပြောပြပါတယ်..

နောက်ပြီတော့ နိင်ငံတကာ ကားကုမ္မဏီတွေမှာ ကားတွေမရောင်းရလို့ စိတ်ညစ်နေကြပေ့မဲ့ မြန်မာပြည်မှာက ဝယ်မယ်ဆိုရင်တောင် ချက်ချင်းမပေးနိင်ဘူး.စောင့်ရတဲ့အထိ ကားတွေရောင်းနေရတာ တွေ့ရကြောင်း FB ပေါ်မှာကြည့်လိုက်ရင်လည်း ကားတွေက sold out sold out နဲ့ အခုမဝယ်ရင် နောင်နောင်တရမယ်ဆိုတဲ့ပုံစံမျိုး ရောင်းနေကြရတာ တွေ့ရကြောင်း,ဒါတောင် အခွန်သက်သာခွင့်နဲ့ ဝယ်ယူခွင့်ရမဲ့ ဝန်ထမ်းပါမစ်ကို ချပေးမယ်ပြောထားသည့်တိုင်း ရောင်းဝယ်ဖောက်ကား အရောင်းအဝယ်ကောင်းနေတာ ကြည့်ပြီ မြန်မာပြည်သူပြည်သားတွေ တအားချမ်းသာကြောင်း သိလာရတယ်လို့ ပြောပါတယ်..

ဒါတောင် ကိုဗစ်ကြောင့် ဘယ်မှသွားမရ,သုံးမရတဲ့ အခြေအနေဖြစ်တော့ ပိုအံ့ဩမိကြောင်းပြောပြပါတယ်.. ထပ်ပြီတော့ သူကပြောပါသေးတယ်..

အခုဆို FB မှာ ခေတ်စားနေတဲ့ ဆံပင်ရှည်ရှည် ဝဝခန့်ခန့်ကြီးနဲ့ ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်က အပြောချိုချိုနဲ့ ကျောက်မြတ်ရတနာတွေ ကို FB ပေါ်ကနေ မျက်မြင်ပစ္စည်းမကြည့်ပဲ on line ကရောင်းနေတာ တစ်ရက်တစ်ရက်ကို ဒေါ်လာ ၃-၄ သိန်းဖိုးရောင်းနေတာ တွေ့ရတော့ ပိုပြီတော့ အံ့ဩသင့်ခဲ့ကြောင်း,မြန်မာပြည်က လူတွေအတွက် ကိုဗစ် ကာလမှာတောင် ဒီလို ဝယ်နိင်သုံးနိင်တယ် ဆိုရင် ကိုဗစ်သာ မရှိလို့ လုပ်ငန်းတွေပုံမှန် လုပ်နေတယ် ဆိုရင် ဘယ်လောက်တောင် အရောင်းအဝယ် ကောင်းလိုက်မှာလဲ ဆိုတာ မမှန်းနိင်ကြောင်း ဒါကြောင့်လည်း ရွှေနိင်ငံ ရွှေနိင်ငံ လို့ ခေါ်ဆိုကြတာ တဖြည်းဖြည်း နားလည်လာကြောင်း ပြောပြပါတယ်..

ဒါနဲ့ ကျွန်တော်က သူကို ပြန်မေးပါတယ်..

ဒါဆို ကျွန်တော်တို့ နိင်ငံက ဘာကြောင့် မဖွံဖြိုး မတိုးတက်ပဲ ကမ္ဘာ့ စီးပွါးရေး အနိမ့်နိင်ငံတွေထဲမှာ ရောက်နေတာလည်း မေးတော့ နိင်ငံသာ ဆင်းရဲပေ့မဲ့ လူတွေမဆင်းရဲကြောင်း သာမာန်ပြည်သူတွေ ဆင်းရဲပေ့မဲ့ တာဝန်ရှိသူတွေ မဆင်းရဲကြောင်း လူအများက အဆင်မပြေပေ့မဲ့ လူတစုမှာ ထားစရာမရှိအောင် ချမ်းသာကြောင်း ပြောပြပါတယ်..

သူကပြောပါသေးတယ် မြန်မာပြည်လို ရွှေနိင်ငံ မှာ နိင်ငံတကာ စီးပွါးရေး တွက်နည်းတွေက အသုံးမတည့် နားလည်ရခက်ကြောင်းလည်း ထပ်မံပြောဆိုပါတယ်..

ကျွန်တော်အနေနဲ့လည်း သူရဲ့စကားကို အပြည့်အဝထောက်ခံမိပါတယ်..

အခွန်ငွေများစွာ ရရှိနေတဲ့ မော်တော်ယာဉ်လောကကိုပဲ ကြည့်ပါ တစ်နှစ်တစ်ကြိမ် ပေါ်လစီ ပြောင်းတယ်.နောက်တစ်နှစ်မှာ ဘာပေါ်လစီနဲ့ ဆောင်ရွက်မယ်,ချမှတ်မယ်ဆိုတာ အထူးလျီု့ဝှက်ချက်နဲ့ လုပ်ငန်းရှင်စီးပွါးရေးအဖွဲ့အစည်း လုံးဝမပါဝင်ပဲ ဌာနဆိုင်ရာက တဖက်သက် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်လုပ်ဆောင်နေမူအတွက် မော်တော်ယာဉ်လုပ်ငန်းနယ်ပယ် ကို အခြားဘယ်နိင်ငံက လုပ်ငန်းရှင်မှ မလုပ်ဆောင် မရှင်သန်နိင်တဲ့ လုပ်ငန်းကို မြန်မာပြည်က လုပ်ငန်းရှင်တွေက လုပ်ဆောင်နေတာကြည့်ပြီ မြန်မာပြည်က အခြားနိင်ငံထက် ထူးခြားတဲ့ အချက်တွေပါပဲ..

ကျွန်တော်တို့ မြန်မာပြည်ကတော့ တကယ့် ရွှေနိင်ငံပါပဲ..

Thein aung Chen Via win htay

Leave a Comment

You cannot copy content of this page