Knowledge

မြန်မာပြည်က သေဆုံးကိုဗစ်လူနာတွေဟာ စင်ကာပူထက် သက်တမ်းတိုနေရတဲ့ အကြောင်းအရင်း

စင်ကာပူမှာ လူ ၅ သောင်းကျော် ကူးစက်ခံရပြီး ၂၇ ယောက်ပဲသေဆုံးပါတယ်.. မြန်မာကတော့ ၄ ထောင်ကျော်ကို အယောက် ၆၀ သေဆုံးနေပါတယ်…

သူများနိုင်ငံတွေမှာ အသက် ၈၀, ၉၀ ကျော်တွေသေဆုံးပေမဲ့ မြန်မာမှာတော့ ၅၀, ၆၀ ကျော်တွေသေဆုံးပါတယ်.. အစားအသောက်အနေအထိုင်တွေကြောင့်ပါ.. ကပ်ကြီးပြီးရင်ပြောင်းလဲကြပါစို့.. အစိုးရအနေနဲ့ ကိုဗစ်ကို အခွင့်ကောင်းယူပြီး လူတွေရဲ့ စားသောက်နေထိုင်ပုံတွေပြောင်းဖို့ တွန်းမယ်ဆို ဘယ်လောက် အကျိုးရှိလိုက်လေမလဲ။

နောင် နှစ် ၂၀ မှာ ဆီးချို သွေးတိုး နှလုံး ကင်ဆာနဲ့ အဝလွန်တာတွေ ဘယ်လောက်တောင် လျော့သွားလိုက်မလဲ။ အသက်ရှည်တဲ့မြန်မာနိုင်ငံသားတွေ ဘယ်လောက်တောင် များလာလိုက်မလဲ။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှအသက် ၆၇ လောက်ကနေ ပျမ်းမျှအသက် ၇၅ လောက်ဖြစ်ဖို့ဆိုတာ ဒီအချိန် တွန်းရမယ့်အချိန်ပဲ။

အချိုစားတာမကောင်းဘူး ဆီများများစားတာမကောင်းဘူး အချိုမှုန့်ရှောင်ပါ အငန်ရှောင်ပါ ငရုတ်သီးမှုန့် အရောင်တင်မှုန့်တွေရှောင်ပါ အသင့်စားမုန့်ထုတ်တွေမစားပါနဲ့ ရေခဲရိုက်နဲ့ ဓါတုဆိုးဆေးသုံး အစားအစာတွေမစားပါနဲ့ ကြာရှည်ခံ အစားအစာတွေမစားပါနဲ့ လတ်ဆတ်သော အသီးအရွက်နဲ့ အသားငါးတွေ စုံလင်အောင်စားပါ ဆန်ကြမ်းစားပါ ကိုယ်အလေးချိန်ထိန်းပါ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ အိပ်ချိန်မှန်မှန်အိပ်ပါ ကျန်းမာသောဘဝကို တည်ဆောက်လျှင် ကိုဗစ်ကို ကြောက်ရန် မလိုပါ။ ဒါမျိုးလုပ်စမ်းပါ။ ကိုဗစ်တင်မကဘူး ကျန်တဲ့ရောဂါတွေပါ တစ်နိုင်ငံလုံးလျော့သွားမယ်။ (ကျန်းမာရေး)

Leave a Comment

You cannot copy content of this page