News

ကိုဗစ်ကာလအတွင်း ပိုက်ဆံ ချေးငွေ အတင်းပြန်တောင်းသည့် ငွေချေးလုပ်ငန်းများကို အရေးယူမည်

ကိုဗစ်ကာလအတွင်း ချေးငွေအတင်းပြန်တောင်းသည့် အသေးစားချေးငွေလုပ်ငန်းများကိုအရေးယူမည်ဖြစ်ကြောင်း အသေးစားငွေရေးကြေးရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်ကာလအတွင်းစီးပွားရေးလုပ်ငန်းများလည်ပတ်မှု ကျဆင်းနေချိန်ကာအတွင်း အသင်းဝင်များမှ ပြန်လည်ပေးဆပ်ရမည့် ချေးငွေနှင့်အတိုးအရင်များကို အတင်းအကြပ်မကောက်ခံကြရန်နှင့် အသင်းဝင်များမှ ပေးဆပ်နိုင်မည့်အချိန်ကိုညှိနှိုင်း၍ ကောက်ခံရန် ထပ်မံအကြောင်းကြားသည်ဟု စာအမှတ် (ကက -၁/၆ ၊ ရ၈၅/ ၂၀၂၀) ဖြင့် အောက်တိုဘာလအတွင်းကတည်းက ကော်မတီမှ ထုတ်ပြန်ထားသည် ။

ယင်းကို တိကျစွာလိုက်နာကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပါစီမံခန့်ခွဲရေးနည်းလမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းထုတ်ပြင်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကာလအခြေအနေတွေကြောင့် အသင်းဝင်တွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်မှုအားနည်းနေတာကြောင့် အတိုးနဲ့အရင်းကို အတင်းအကြပ်ကောက်ခံတာမျိုးမလုပ်ဖို့နဲ့ ပြန်ပြီးပေးဆပ်နိုင်မယ့်အချိန်ကို ညှိနှိုင်းပြီးမှကောက်ခံကြဖို့ အကြောင်းကြားလိုက်တာပါ။

ကိုဗစ်ကာလ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် ဒေသန္တရအမိန့်တွေကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီးတော့ လူစုလူဝေးနဲ့ ချေးငွေထုတ်တာ၊ ကောက်ခံတာ၊ စုငွေလက်ခံတာ၊ အသင်းဝင်လက်ခံတာနဲ့ ငွေကြေးအသိပညာပေးတဲ့လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားဖို့ ၂၀၂၀ ဧပြီလ (၆) ရက်နေ့က တခါ ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၉၃) ဖွဲ့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် (၂၅၂) မြို့နယ်၊ ကျေးရွာပေါင်း (၃၀၀၀၀) ကျော်မှာ အသင်းသားဦးရေ (၄.၆) သန်းကျော်ကို ငွေကြေးဝန်ဆောင်မှု ပေးနေတယ်လို့ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက သိရပါတယ်။

Leave a Comment

You cannot copy content of this page