“ခရီးသွားမြွေကြီး တစ်ကောင်နှင့် ဖားမိသားစု” (ကျေးဇူးရှင် အတုတွေနဲ့ ဘဝအတွက် သင်ခန်းစာ)

“ခရီးသွားမြွေကြီး တစ်ကောင်နှင့် ဖားမိသားစု” (ကျေးဇူးရှင် အတုတွေနဲ့ ဘဝအတွက် သင်ခန်းစာ)

ဖားတွေဟာ ခရီးအဝေကြီးကို သွားရမည်ဆိုလျင် သူ့တို့ခန္ဓာရဲ့သဘာဝက ခုန်သွားမှရတာလေ ဝေးလွန်းတဲ့ခရီးကို ကြာရှည်မခုန်နိုင်ကြဘူးပေါ့.. ဒီတော့ ခရီးသွားဖို့ လမ်းကြုံမီးရထားလို ယာဉ်တခုလိုအပ်လာတယ်.. ခရီးသွားယာဉ်အကူအညီရှာကြတော့ ကူညီမည့်မိတ်ဆွေပေါ်လာတယ် အဲဒါ မြွေကြီးပဲ..

အဲဒီမြွေကြီးက ဖားမိသားစုတစ်ဆွေတစ်မျိုးလုံးကို သူ့ရဲ့ကျောကုန်းပေါ်တင်ဆောင်၍ ခရီးအဝေးကြီးကို ပို့ပေးလိုက်ပါတယ်.. အဲဒါတကယ်ပါပဲ.. အို မိတ်ဆွေ ဘယ်လိုထင်ပါသလဲ..!

သဘောအလွန်ကောင်းတဲ့ ဒီမြွေကြီးဟာ တကယ်တော့ ဖားတွေကိုသနားပြီး ခရီးပို့ပေးနေတာတော့ မဟုတ်ဘူးဗျ.. ဖားတွေဟာ သူ့ရဲ့စားနပ်ရိက္ခာတွေလေ.. ဒီတော့ သူကဖားတွေကို မောင်းမထုတ်ပဲ အသာတကြည်လက်ခံပြီး တင်ဆောင်လာခဲ့တာပေါ့..

ဗိုက်စာတဲ့အချိန်ကြ ရိက္ခာကို အဆင်သင့် ယူစားလိုက်ယုံပါပဲ။ အို ချစ်မိတ်ဆွေတို့ သတိပေးပါတယ်.. လူ့ပြည်လူလောကမှာလည်း ဤကဲ့သို့သော ကျေးဇူးရှင်ပုံစံနဲ့ ချခင်းကူညီထားတာ ပေးကျွေးထားတာ ကယ်တင်ထားတာတွေ ရှိလေတယ်.. အရာရာကို သတိ အသိနဲ့သာ ဆုံးဖြတ်ပါလော။

Leave a Reply

Your email address will not be published. Required fields are marked *