News

လူအေးကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဒဲ့ပြောပြီ

လူအေးကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဒဲ့ပြောပြီ..

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ရှမ်းပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတချို့နှင့် တွေ့အပြီး မွန်နှင့်ကယားပြည်နယ်မှာ ဆွေးနွေး‌ပွဲတွေ မအောင်မြင်ရတဲ့အပေါ်မှာ သတင်းထောက်တစ်ယောက်က မေးမြန်းတာကို ပြန်လည်ဖြေကြားချက်..

ကျွန်တော်တို့က အခုညီအကိုတွေ ပြောသလို နားထောင်ချင်တာ၊ နားထောင်ချင်တာကို သွားတယ်။ တကူးတက သွားတယ်။ တွေ့စေချင်လို့ သူတို့ပြောတာ နားထောင်ချင်လို့၊ နားထောင်ချင်တာကို တယ်လီဖုန်းဆက်ပြီးတော့ ဘယ်လိုများ ဆန္ဒများ ရှိသလဲ၊ ကျွန်တော်တို့က အလုပ်အမှုဆောင်အဖွဲ့ပါ၊ ဘာဘာညာညာ ဆိုပြီး တယ်လီဖုန်းနဲ့ လှမ်းမေးလို့ရတယ်။ သူတို့လဲ ဖုန်းထဲက လှမ်းမေးတော့ ဘာဘာညာညာ ပြောရင်လည်း ပြောမှာပေါ့။ သို့သော်လည်း သူတို့နိုင်ထားတယ်၊ သူတို့ရဲ့အနေအထားကို အသိအမှတ်ပြုလို့၊ လေးစားတဲ့အနေအထားနဲ့ အောက်ခြေကိုဆင်းပြီး ပြောတာလေ။

တချို့ဆိုရင် တချို့အဖွဲ့အစည်းတွေကြတော့ ၃၄ ပါတီ၊ ကာကွယ်ရေးဦးစီးချုပ် ခေါ်တာကြတော့ သွားတယ်။ ခေါ်တွေ့တာလေ။

ကျွန်တော်တို့က မြေပြင်ဆင်းတွေ့တာလေ၊ ခေါ်တွေ့တာမဟုတ်ဘူး။ မင်းတို့လာခဲ့စမ်းကွာ နေပြည်တော်၊ မင်းတို့လာခဲ့စမ်းကွာ ရန်ကုန်ဆိုပြီး ခေါ်တွေ့တာ မဟုတ်ဘူး။ မြေပြင်ဆင်းတွေ့တာ၊ လေးလေးစားစားနဲ့ အသိအမှတ်ပြုပြီး ပြည်နယ်အထိ၊ မော်လမြိုင်အထိ၊ လွိုင်ကော်အထိ ဆင်းပြီးတွေ့တာ။ အဲ့လို ပြောတာကို နားထောင်ချင်လို့။

ကျွန်တော်တို့ အထက်စီးက ဆက်ဆံတာလား၊ ညီလို အစ်ကိုလို လေးလေးစားစားနဲ့ ဆက်ဆံတာလား ဆိုတာ၊ မဆက်ဆံဘူးဆိုတာ အခုတွေ့ခဲ့တဲ့ ညီအကိုတိုင်းရင်းသားပါတီတွေကို မေးကြည့်ပါ။ အဲ့တာဆို သိလိမ့်မယ်နော်။ (KyawSwar)

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို

Leave a Comment

You cannot copy content of this page