Knowledge

မိမိကိုယ်ကို သိုက်ကလာတယ်လို့ သံသယရှိနေသူများအတွက် “သိုက်ဆက်များအကြောင်း”

မိမိကိုယ်ကို သိုက်ကလာတယ်လို့ သံသယရှိနေသူများအတွက် “သိုက်ဆက်များအကြောင်း”

၁။ မွေးရာပါ အစောင့်ကောင်းတွေ ပါလာတတ်သည်

၂။ အသန့်အရှင်း အလှအပ ကြိုက်တတ်သည်

၃။ မာန်ရှိပြီး မာနမရှိသူများ

၄။ အိမ်မက်ထဲ(သို့) အပြင်မှာ အစောင့်အရှောက်တွေကိုသိနိုင်မြင်နိုင်သည်

၅။ ဆိုင်းသံ ဗုံသံကြားက ဝမ်းနည်းပျော်ရွှင်သလိုလို ဖြစ်တတ်ပါသည်

၆။ အတိတ်ဘဝမှာ လင်ယောင်္ကျားသို့ ဇနီးသားသမီး ကျန်ခဲ့ရင် အိမ်ထောင်ပြုဖို့ ခဲယဉ်းတတ်ပါတယ် အိမ်ထောင်ပြုသော်လည်း သားသမီးမထွန်းကားတတ်သလို အိမ်ထောင်ရေးအဆင်မပြေကြပါ

၇။ လူချစ်လူခင် ပေါများတတ်သည်

၈။ အစွဲအလမ်း ကြီးတတ်သည်

၉။ ဘာသာရေး အလှူဒါနကောင်းမူကုသိုလ်လည်း ဝန်မလေးတတ်ပေ

၁၀။ သနားကြင်နာတတ်သလို မုန်းပြီဆိုက လှည့်မကြည့်တတ်ပေ

၁၁။ ခေါင်းတခြမ်းအမြဲကိုက်တတ်သည်

၁၂။ တစုံတခုဖြစ်ပျက်မည်ကို ကြိုသိနေတတ်ပြီး ပြောလိုက်ရင်မှန်နေတတ်သည်

၁၃။ အတိတ်ဘဝမှာ လင်ယောင်္ကျား မိန်းမ ကျန်ခဲ့သူများက အိမ်မက်ထဲလာရောက်ပေါင်းသင်း တတ်ပြီးအတွေ့အထိခံစားမူမှာ အပြင်လက်တွေ့ ထက်ပိုသာယာတတ်ကြသည်

၁၄။ အိမ်မက်ထဲ လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရဘဲ ဝိုးတဝါးသာမြင်ရတတ်သည်

၁၅။ အချို့သောသူတို့မှာတခါတရံဝင်ပူးကပ်စီးပြီး သူတို့ဖြစ်ချင်တာတွေကို ပြောပြတတ်ကြပါသည်

၁၆။ အမဲသားစားခြင်း အကုသိုလ်ဖြင့် အသက်မွေးကြလျှင် ဒုက္ခမျိုးစုံတွေ စီးပွားအိမ်ထောင်ပျက်စီးတာများသည်

၁၇။ မျက်နှာပြင်ကသူများထက်ထူးခြားတတ်ပြီးရုပ်ပြောင်းတတ်တယ်တခါတရံငေးငိုင်နေပြီး တစ်နေရာရာ တခုခုလွမ်းမောနေသလို

အထက်ပါ သိုက်ဆက်နီးသူများမှာ အကုသိုလ်ကင်းပြီးဘာသာတရား အလေးထားယုံကြည်စွာလုပ်ကြလျှင် ထူးထူးချမ်းသာသူများ ဖြစ်ကြပါလိမ့်မယ်။ ဘုရားရှိရင် နဂါးရှိတယ် သိုက်ဆက်မှန်သမျှ ဘာသာရေးသာများများလုပ်ပေးပါ။ မိမိကိုယ်မိမိ သိုက်ဆက်လို့ထင်နေမြင်နေပြီလို့ စိတ်ကယူဆနေရင် ရည်မှန်းပီးမေတ္တာပို့အမျှဝေ၊ ပဌာန်းဆက်နီးလာရင် သူတို့ကိုယ်တိုင်အသိပေး လာလိမ့်မယ်။ အဲ့ဒီအခါကျမှ ဆရာကောင်းသေချာရွေးချယ်ပြီး မေးမြန်းစေလိုပါသည်။ ပဌာန်းဆက်မှန်သမျှ မိမိသိုက်ဆက် ကိုယ်တိုင်တွေ့ရှိကြပြီး ပျော်ပျော်ပါးပါးသာသနာပြုနိုင်ကြကာ နောင်ပွင့်မည့်အရိမေတ္တယျ မြတ်စွာဘုရားကြီးအား ဦးစွာဖူးမျှော်ကြပီး ကျွတ်တမ်းဝင်နိုင်ကြပါစေ။ မိမိတို့ဝေနေကြ ၃၁ ဘုံလဲ အမျှပေးဝေပါ။

သံသရာအမျိုးတွေအတွက် အောက်ပါအတိုင်း သီးသန့်ဝေပေးပါက ထူးခြားလာလိမ့်မည်..

သီးသန့်အမျှ ပေးခိုင်းခြင်းဟာအများစု ၃၁ ဘုံလိုဝေလိုက်တော့ အများက တိုးဝှေ့လုယက်ပြီး အမျှကိုယူရတယ် တိုးနိုင်လုနိုင်သူသာရပြီး မိမိအမျိုးတွေထဲ မလုမတိုးနိုင်သူတွေမရပါဘူး။ ဒါကြောင့်မိမိသံသရာက ဆွေတော်မျိုးတော်များအတွက် သီးသန့်ပေးဝေလိုက်တော့အခြားသူများက ဝင်လုမရတော့ဘူး။ မိမိပေးသောအမျှရကြသောအခါ သူတို့မှာလဲ ကံမ္မသိဒ္ဓီဘုန်းတန်ခိုးတွေရသွားပြီး မိမိကို အရင်ထက်ပိုစောင့်ရှောက်သွားနိုင်သလို ကျွတ်လွတ်သွားနိုင်ပါသောကြောင့် သီးသန့်အမျှဝေခိုင်းခြင်းဖြစ်ပါသည်။

သံသရာအစမှ ယခုဘဝထိအောင် တော်စပ်ခဲ့ကြပြီး မကျွတ်လွတ်သေးသော ဆွေတော်မျိုးတော်များ သိုက်နန်းရှင်အပေါင်းနှင့် လက်ရှိဘဝတွင် စောင့်ရှောက်နေကြကုန်သော နာမ်လောကမှ ပုဂ္ဂိုလ်အပေါင်းတို့အားမိမိသံသရာအစမှယခုဘဝ ယခုချိန်အထိ ပြုခဲ့သော ဒါနကုသိုလ်သီလကုသိုလ် ဘာဝနာကုသိုလ်တို့အား အမျှ ပေးဝေသင့်ပါသည်။

သိုက်ဆက်မှန်ရင် အမဲသားမစားပါနဲ့ အကုသိုလ်ဖြင့် အသက်မွေးခြင်းရှောင်ပါ။ ဘာသာရေးအလေးထားလုပ် မချမ်းသာတဲ့သူ မရှိပါဘူးဗျာ။

Leave a Comment

You cannot copy content of this page