News

ကိုဗစ်စင်တာများ ပိတ်သိမ်းခြင်းနှင့် ရန်ကုန် ကိုဗစ် အခြေအနေ ဒေါက်တာဇော်ဝေစိုး ပြောပြီ

ကိုဗစ်စင်တာများ ပိတ်သိမ်းခြင်းနှင့် ရန်ကုန် ကိုဗစ် နောက်ဆုံးအခြေအနေ ဒေါက်တာဇော်ဝေစိုး ပြောပြီ..

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုကျဆင်းလာသည့်အတွက် ကိုဗစ် ကုသရေးစင်တာ ၁၅ ခု မှ ၇ ခုအထိ လျှော့ချပြီး Stand By အနေအထားဖြင့် ဆောင်ရွက်နေကြောင်း ကိုဗစ်ကုသရေးဌာန ဖောင်ကြီး၊ ကြီးကြပ်မှုကော်မတီ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ဒေါက်တာဇော်ဝေစိုးက..

ယနေ့ ကိုဗစ်ကုသရေးစင်တာတွေမှာ လူနာ ၁၇၃၀ ကျန်ရှိပြီ ဖြစ်ပါတယ်။ ဆိုတော့ ကုသရေးစင်တာ ၁၅ ခုကနေပြီးတော့ အခုဆိုရင် ကုသရေးစင်တာ ၇ ခုထိ လျှော့ချပြီး stand by အနေအထားဖြင့် နေနေခြင်းဖြစ်ပါတယ်။ ဖောင်ကြီး၊ ရိုးမ (၁) နဲ့ (၂) ကိုပေါင်းပြီး ရိုးမရယ်၊ အောင်မြင့်မိုရ်ရယ်၊ ဧရာဝတီစင်တာရယ်၊ fortune plaza ရယ်၊ အင်းယားရယ်၊ ရတနာဃယဆိုတဲ့ ဆရာတော်တွေကို ကုသနေတဲ့ အားလုံးစင်တာ ၇ ခုရှိပါတယ်။ စင်တာ ၇ ခု မှာလူနာ ၁၇၃၀ ကုသနေတာဖြစ်ပါတယ်။

ဒီနေ့ positive ထွက်တာဆိုရင် ၁၈၇ ယောက်ဖြစ်ပါတယ်။ မနေ့က ၁၆၈ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရန်ကုန်ဟာ ၂၀၀ အောက်ကိုရောက်လာတာ ဖြစ်ပါတယ်။ ၂၀၀ အောက်ကို ရောက်လာတာဆိုရင် တစ်ပတ်လောက်ရှိပါပြီ။ ဆေးရုံတွေမှာတော့ positive လူနာ ၅၁၀ ရှိပါတယ်။ တပ်မတော်မှာ အရပ်ဖက်က ကုသနေတာ ၁၁ ဦးပဲရှိပါတယ်။ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်မှာ ၆၀ ရှိပါတယ်။ဒါကြောင့် ယနေ့ ဆိုရင် positive ဖြစ်တဲ့လူနာ ၂၃၁၁ ဦး ရန်ကုန်မှာ ကုသနေတာဖြစ်ပါတယ်။

ယခုအချိန်သည် ရောဂါကူးစက်မှုအနေဖြင့်လည်း လျှော့ကျဆင်းလာသကဲ့သို့ ကုသမှုအနေဖြင့်လည်း နိုင်နိုင်နင်းနင်းရှိပြီး သေဆုံးမှုနှုန်းလည်း ကျဆင်းလာကြောင်း၊ လက်ရှိရန်ကုန်တိုင်းတွင် သေဆုံးမှုနှုန်းမှာ ယခင်က ၄၀ ကျော်ရှိခဲ့ရာမှ ၃၀၊ ၂၀၊ ၁၀ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ၁၀ အောက်ရောက်ရှိလာသည်မှာ (၄) ရက်ခန့် ထိရှိလာပြီး အခြေအနေတိုးတက် ကောင်းမွန်လာခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာအခြေကိုကြည့်လျှင် ကိုဗစ် ကာကွယ်ဆေးပထမဆုံးထိုးခဲ့သည့် တိုင်းပြည်များ၌ပင် လက်ရှိအချိန်မှာ အခြေအနေမြင့်တက်ဆိုးရွားနေသည်ကို တွေ့ရှိနေရသည်။

ဥပမာ ယူကေမှာ ဆိုရင် တနေ့ Positive လူ ၅ သောင်း၊ ၆ သောင်းတွေ့နေတယ်။ သေဆုံးတဲ့သူဟာလည်း ထောင်ကျော်နေတဲ့ အနေအထားဖြစ်နေပါတယ်။ အလားတူပဲ အမေရိကန်မှာလည်းပဲ တနေ့ Positive လူ ၂ သိန်း၊ ၃ သိန်းတွေ့နေပြီး သေဆုံးတဲ့သူ ထောင်နဲ့ချီ ရှိနေပါတယ်။ တရုတ်၊ ကိုးရီးယား၊ ဂျပန်အခြေအနေဟာ ယခင်ထက်များပြားနေတာကို တွေ့ရတယ်။

ဒါကြောင့် ကာကွယ် ဆေးထိုးလို့၊ ကာကွယ်ဆေးစပြီးထိုးနိုင်လို့ ကျွန်တော်တို့ ပေါ့လို့၊ လျှော့လို့၊ လျော့လို့ မရပါဘူး။ ကျွန်တော်တို့ကာကွယ်ဆေးကို မှီခိုပြီး၊ ကာကွယ်ဆေးကိုအားကိုးပြီး စိတ်ကလျှော့လိုက်လို့မရပါဘူး။ ဒါ ကြောင့် ကိုဗစ်ရဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါဆိုတာဟာ အရေးကြီးပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် နိုဝင်ဘာလ Mask Campaign လုပ်ပြီးအချိန်ကတည်းက ကိုဗစ်ရောဂါ တွေ့ရှိမှုနှုန်းကျဆင်းလာပါသည်။ လက်ရှိတွင် Yellow Campaign ဆောင်ရွက်နေပြီး Mask တပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေရန်၊ တစ်ဦးကိုတစ်ဦး အသိပေးရန်၊ သတိပေးရန် Campaign တစ်ခုအဖြစ် လူထုလှုပ်ရှားမှု အသွင်ဖြင့် လူတိုင်းလူတိုင်းပါဝင်နိုင်သည့် ၊ ပါဝင်ရန်လိုအပ်သည့်၊ ပါဝင်မှုအနေဖြင့် လှုပ်ရှားမှုဖြင့်တားဆီးရမည် ဖြစ်ပြီး New Normal, New Living, New Yangon ဟူသည့်အနေအထားမျိုးရောက်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။

Leave a Comment

You cannot copy content of this page