“လူအများစုဟာ ပကာသန ဖုံးလွှမ်းနေတဲ့ အလှအပတွေကိုပဲ ခံစားတတ်ကြတယ်” ဆိုတဲ့ လက်တွေ့စမ်းသပ်မှု
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ရဲ့ မြေအောက် ရထားဘူတာရုံ Metro Station မှာ လူတစ်ယောက်ဟာ ရထားစီးမယ့် လူတွေများလာတဲ့အချိန်မှာ မတ်တတ်ရပ်ပြီး ကမ္ဘာကျာ် တေးဂီတပညာရှင် Johann Christian Bach ရေးစပ်တီးမှုတ်ခဲ့တဲ့ Bach Pieces မြူးဇစ်ကို ၄၅ မိနစ်ကြာ တယောထိုး ဖြေဖျော်နေတယ် ။ အနက်ရောင်ကက်ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားပြီး သူ့ရှေ့မှာ ပိုက်ဆံထည့်ဖို့ ပလပ်စတစ် ခွက်တစ်လုံး ချထားတယ် ။
တယောထိုးတာ ၄၅ မိနစ်ကြာသွားပြီ ။ ဒီအချိန်အတွင်း မှာ လူ ၆ ယောက်ပဲ ခဏလေးရပ်ပြီး နားထောင်ကြတယ် ။ လူ ၂၀ လောက်ကတော့ ငွေအကြွေစေ့လေးတွေ ပစ်ထည့်သွားကြတယ် ။ စုစုပေါင်း ၃၂ ဒေါ်လာ နဲ့ ၂၅ ဆင့် ရတယ် ။ လက်ခုပ်တီး အားပေးမဲ့သူ တစ်ယောက်မှ မရှိဘူး ။ သူဟာ အဲဒီနေရာက တိတ် တဆိတ် ပြန်ထွက်သွားတယ် ။
တယောသမားရဲ့ နာမည်က ဂျောရှုဝါဘဲလ် ပါ ။ ကမ္ဘာကျော် တယောထိုး ပညာရှင်ပါ ။ သူထိုးနေတဲ့တယောဟာ ဒေါ်လာ ၃.၅ သန်းတန်ပါတယ် ။ သူ့ကို ဂျောရှုဝါ ဘဲလ်မှန်း ဘယ်သူမှ မသိကြဘူး ။
နောက်နှစ်ရက်အကြာမှာ သူဟာ ပရိတ်သတ် ၄၀၀၀ ဆန့်တဲ့ ဘော်စတွန်မြို့က ကဇာတ်ရုံကြီးမှာ တစ်ကိုယ်တော် တယောထိုး ဖြေဖျော်ပါတယ် ။ လက်မှတ် အားလုံး ရောင်းကုန်သွားပါတယ် ။ လက်မှတ်တစ်စောင်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀ ဖြစ်ပါတယ် ။
ဒါဟာ တကယ့်အဖြစ်အပျက်ပါ ။ Washington Post သတင်းစာကြီးက ကမကထလုပ်ပြီး စီစဉ်လိုက်တာပါ ။ လူတွေဟာ ခမ်းခမ်းနားနား ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေတာ မဟုတ်ရင် ခံစားတတ်ကြရဲ့လားဆိုတာကို သိချင်လို့ စမ်းသပ်ကြည့်လိုက်တာပါ ။ မခံစားတတ်ကြဘူး ဆိုတာကို သူတို့ လက်တွေ့ မြင်တွေ့လိုက်ပါပြီ ။
လူအများစုဟာ ပကာသနဖုံးလွှမ်းနေတဲ့ ခမ်းခမ်းနားနား အလှအပတွေကိုပဲ ခံစားတတ်ကြပြီး ပကာသန မပါဘဲ ရိုးရှင်းတဲ့အလှအပကို မခံစားတတ်ကြဘူး ။ မမြင်တွေ့တတ်ကြပါဘူး ။
ဗန်းမော်သိန်းဖေ (မျှဝေလိုသော အတွေးများ မှ)