Knowledge

အစိုးရဌာနတစ်ခုကို တရားစွဲလို့ ရ မရ သိချင်သူမျာအတွက် (နည်လမ်းရှိပါတယ်တဲ့)

အစိုးရဌာနတစ်ခုကို တရားစွဲလို့ရမရ သိချင်ပါတယ်တဲ့ ။

ဟုတ်ကဲ့ စွဲလို့ရပါတယ်။

မစွဲခင်တော့ ခင်ဗျားတို့ကိုတရားစွဲတော့မယ်။ ခင်ဗျားတို့နဲ့ ကျနာ်တို့ချုပ်ထားတဲ့စာချုပ်မှာ (ရှိရင်ပေါ့) ဒီလိုပါတယ်။ ဒါပေမဲ့ခင်ဗျားတို့က အဲ့အချက်ကိုမလုပ်ပေးခဲ့ဘူး။ လုပ်ပေးပါလို့အကြိမ်ကြိမ်တင်ပြတော့လဲ အမျိုးမျိုးပြောနေတယ်။ဒါကြောင့်အဲ့ဒါလုပ်ပေးဖို့ကျနော်တို့ကတော့ —- အရတရားစွဲပါတော့မယ်။ တရားစွဲမဲ့ဆိုလွှာကိုပူးတွဲပေးပို့တယ်။ ကြိုတင်သိရှိဖို့နဲ့လိုအပ်သလိုပြင်ဆင်နိုင်ဖို့ပေးပို့ပါတယ်ဆိုပြီး တရာူမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ အရ သက်ဆိုင်ရာဌာနရဲ့ သက်ဆိုင်သူ (ဝန်ကြီး / ညွှန်ချုပ်/ ညွှန်မှူး စသည်ဖြင့်) ထံ အကြောင်းကြားစာကို စာတိုက်ကျနမှတ်ပုံတင်ပြီးပို့ရပါတယ် ပီး ရက် (၆၀) စောင့်ရပါတယ်။ ကိုယ့်နို့တသ်စာကိုပြန်ကြားတတ်တာရှိသလိုမပြန်ကြားတာလဲရှိပါတယ်။

ရက် (၆၀) ပြည့်လို့မှ အကြောင်းကြားစာကတောင်းဆိုတာကိုမလုပ်ပေးရင်တော့ – စာချုပ်တဲ့နေရာ – ပစ္စည်းရှိတဲ့နေရာ – တရားပြိုင်အမြဲနေထိုင်ရာ ဒါမှမဟုတ် တရားပြိုင်အမြဲတန်းအလုပ်လုပ်ကိုင်ရာနေရာ မှာ အမှုတန်ဖိုးကိုလိုက်လို့ မြို့နယ်/ ခရိုင်/ တိုင်း/ပြည်နယ်ဒေသကြီးတရာရုံးများတွင် တရားစွဲဆိုနိုင်ပါကြောင်း ဂရုပ်တစ်ခုက တစ်ယောက်မေးထားတာကိုဖတ်လိုက်ရလို့ အတွေ့အကြုံအရ သိသမျှကိုရေးပြလိုက်ပါသည်။

အကြောင်းကြားစာမှာ ပါရမဲ့အချက်တွေကတော့ – တရားစွဲဆိုရတဲ့ အကြောင်း ။ -တရားလိုအမည်။ – အလုပ်အကိုင် – နေရပ်လိပ်စာ နဲ့ တောင်းဆိုတဲ့သက်သာခွင့် (တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၀)

အဲ့လို အကြောင်းကြားစာပေးရတဲ့ ရည်ရွယ်ချက်က – အစိုးရဌာန အနေနဲ့ ဥပဒေအရ သူ့ရဲ့တာဝန် နဲ့ အခင့်အရေးတွေကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ တရားစွဲဆိုခြင်းမပြုပဲ ပြဿနာကို ဖြေရှင်းစေနိုင်ဖို့အတွက်ပါ။ – အကြောင်းကြားစာကိုလည်း တရားစွဲဆိုရန်အကြောင်း ( cause of action) ပေါ်ပေါက်ပီးမှသာ နို့တစ်စာပေးရမှာပါ။

လေ့လာသင့်တဲ့စီရင်ထုံးတွေကတော့ -1958 BLR (HC) 87, -1960 BLR (HC) 256, – 1961 BLR (HC) 370, -1963 BLR (CC) 887, -1964 BLR (CC) 1, -1996 BLR (CC) 926, -1968 BLR (CC) 303, -1969 BLR (CC) 51, – 1970 BLR (CC) 144, -1971 BLR (CC) 177 l,,,

ဆရာမဒေါ်ခင်နုသာ

Leave a Comment

You cannot copy content of this page