International News

ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးခေါင်းစွပ်ကို ဗီယက်နမ်ကျောင်းသားတွေ တီထွင်

ရှေ့တန်းကနေ ကာကွယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးခေါင်းစွပ်ကို ဗီယက်နမ်ကျောင်းသားတွေ တီထွင်…

COVID-19 ကို ရှေ့တန်းကနေ ကာကွယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပိုမိုအဆင်ပြေစေမယ့် လုံခြုံရေးခေါင်းစွပ်တစ်မျိုးကို ဗီယက်နမ်ကျောင်းသား ၃ ဦးက တီထွင်ပြုလုပ်ခဲ့ကြပါတယ်။

အသက် ၁၄ နှစ်အရွယ် ကနေ အသက် ၁၆ နှစ်အရွယ် ကျောင်းသား ကျောင်းသူ ၃ ဦးက ဖန်တီးပြုလုပ်ခဲ့တဲ့ ခေါင်းစွပ်ဟာ ခုဆိုရင် ဆေးရုံမှာတာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အဲဒီခေါင်းစွပ်ကို Vihelm လို့အမည်ပေးထားပြီး PPE ဝတ်စုံကို အချိန်ကြာမြင့်စွာဝတ်ထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Vihelm ဆိုတာကတော့ Vietnam နဲ့ Helmet ဆိုတဲ့ ဝေါဟာရ ၂ ခုကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

PPE ဝတ်စုံတွေနဲ့ လက်ရှိအချိန်မှာ တွဲဖက်ပြီးအသုံးပြုနေရကြရတဲ့ ခေါင်းစွပ်တွေဟာ ဝတ်ဆင်သူတွေအတွက် မသက်မသာရှိလှပြီး အထူးသဖြင့် နှာခေါင်းအပေါ်ဖိစီးမှုများတယ်လို့သိရပါတယ်။ အဲဒါကြောင့် စကားပြောလို့လဲအဆင်ပြေ၊ အသက်ရှုရလဲအဆင်ပြေ၊ လုံခြုံစိတ်ချမှုလဲရှိပြီး၊ လေဝင်လေထွက်လဲကောင်းသလို၊ အကယ်၍ နှာခေါင်းများ ယားခဲ့ရင်တောင် စိတ်ချလက်ချကုပ်ပြီး အယားဖျောက်လို့ရမယ့် ခေါင်းစွပ်ကို ဗီယက်နမ်ကျောင်းသားငယ်လေး ၃ ယောက်က သူတို့အိမ်တွေမှာပဲ ရှိတဲ့ပစ္စည်းတွေနဲ့ ဒီဇိုင်းထုတ်တီထွင်ပြုလုပ်ခဲ့ကြတာပါ။

လောလောဆယ်မှာတော့ အဲဒီ Vihelm ခေါင်းစွပ်တစ်ခုကို တန်ဖိုး ကန်ဒေါ်လာ ၃၀၀ လောက်ကျသင့်နေသေးတယ်လို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page