Knowledge

ဆေးရုံဝန်းနားရောက်ရင် ကွန်တိန်နာပုံးကြီးတွေနဲ့ တွေ့ရတဲ့ Hero Home ဆိုတာ

ဆေးရုံဝန်း နားရောက်ရင် ကွန်တိန်နာပုံးကြီးတွေနဲ့ Hero Home ဆိုပြီး တွေ့ရပါလိမ့်မယ်.. အစက ဘာမှန်းတော့ မသိခဲ့ပါဘူး…

နောက်မှ သိလာရတယ်.. ကိုဗစ်-၁၉ positive လူနာတွေကို ကုသစောင့်ကြည့်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထိသွားကြတဲ့အခါ အဆောင်မပြန်ရတော့ပါဘူး.. Hero Home ဆိုတဲ့ ကွန်တိန်နာ ပုံးကြီးထဲမှာပဲနေကြရပါတယ်။ ပုံးအတွင်းမှာ သေချာပြင်ဆင်ထားပါတယ် ရေချိုးခန်း(ရေပူ/ရေအေး)၊အိမ်သာ ၊အဲကွန်း အကုန်ထည့်သွင်း တည်ဆောက်ထားပါတယ်။

Hero Home ကနေမှတဆင့် အာခေါင်တိုးပက် ယူပါတယ်။ Negative ဖြစ်ရင်တော့ သတ်မှတ်ထားတဲ့ ရက်ပြည့်ရင် အဆောင်မှာ ပြန်နေထိုင်နိူင်ပြီး positive ထွက်ခဲ့မယ်ဆိုရင် ဆေးရုံပေါ်မှာ သွားရောက် နေထိုင်ရတာဖြစ်ပါတယ်။

Hero Home (သူရဲကောင်းအိမ်) သေချာသိမှ အိမ်ကလေးကို ဖြတ်သွားတိုင်း ဦးညွှတ်မိတယ်။ အမြန်ဆုံးပြန်လည်ကောင်းမွန်ကြပါစေ။ (မင်းမင်းဦး)

Leave a Comment

You cannot copy content of this page