News

ဧရာဝတီ ကိုဗစ်စင်တာမှ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ နှုတ်ထွက်

ဧရာဝတီ ကိုဗစ်စင်တာမှ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ နှုတ်ထွက်..

“နှုတ်ဆက်ခဲ့ပါတယ် ဧရာဝတီစင်တာ၊ ငါတို့ဟာ ခရီးသွားဖော်ဖြစ်ခဲ့ရုံတင်မက လမ်းခုလတ်မှာ ဒဏ်ရာကိုယ်စီရခဲ့ကြတဲ့၊ တယောက်ဒဏ်ရာကိုတယောက်က အနာသက်သာအောင်ကူညီပေးခဲ့ကြရတဲ့ ရဲဘော်ရဲဘက်တွေပါ၊ ဒီအဖြစ်ဆိုးနဲ့ ဒီနေ့ဒီရက်တွေကို တသက်လုံး မမေ့ကြေး သယ်ဆောင်သွားကြမယ်၊

ငါတို့ အမြဲတမ်း ပြန်လာမယ်၊ လူနာတွေထိုင်ဖို့ လုပ်ထားတဲ့ ခုံတွေကို လူနာတွေကို စောင့်ရှောက်ရမယ့် ငါတို့ကိုယ်တိုင်က ပြန်မှောက်ခဲ့ရတယ်ဆိုတဲ့ ရက်စက်တဲ့နမိတ်ပုံအတွက် ထိုက်တန်တဲ့ မကောင်းဆိုးဝါး ပြုတ်ကျရေးကဗျာကို အပြီးသတ်ဆက်ရေးကြရမယ်၊ မတရားမှုကို တော်လှန်ကြ၊ ငါတို့မျိုးဆက်ရဲ့ သမိုင်းကို အဖြူသက်သက်ထားရစ်ခဲ့ကြ” ဟုရေးသားဖော်ပြခဲ့ကြသည်။

တင်မောင်ထွေး

Leave a Comment

You cannot copy content of this page