(၁) “မမြဝင်းရယ်.. လှေနံ နှစ်ဖက်နင်းမယ်ဆိုလည်း ကျုပ်ဘက်ကို ပိုပိုသာသာလေး ဖိနင်းလိုက်စမ်းပါဗျာ..။ ” (ဗိုလ်အောင်ဒင်)
(၂) “မယ်သီတာရယ် မင်းပုံရိပ်ကလေး မြင်ခဲ့ကတည်းက စွဲလမ်းခဲ့ရတာပါ..။ မင်းဘာသာ လင်ဘယ်နှယောက်ရဲ့ မယားဖြစ်နေနေ ငါဂရုမစိုက်ဘူး။ ငါလိုချင်တာ မင်းအချစ်ကိုပါ..။ သိပ်ချစ်လွန်းလို့ မင်းနှလုံးသားကိုရဖို့ ငါ အရူးတစ်ယောက်လို ကြိုးစားခဲ့တာ ကြည့်ပါဦး..။ ငါ့ဆွေတွေ ၊ မျိုးတွေ အကုန်သေ.. ငါ့တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေပြီ..၊ မင်းအချစ်ကိုရဖို့.. ငါသေပြဖို့ပဲ.. လိုတော့သလား..ဟင်..။” (ဒဿဂီရိ)
(၃) “သေစေနိုင်တဲ့ အဆိပ်တွေပါမှန်း သိသိကြီးနဲ့ ကျုပ်မရှောင်နိုင်ခဲ့တာ မင်းနှုတ်ခမ်းတွေပါပဲ ရွှေအိမ်စည်ရယ်..။” (ပရိက္ခရားမင်းသား)
(၄) “သွားပေဦးတော့ စောမွန်လှရေ.. သွားပေဦးတော့။ မင့် မမြင်နိုင်တဲ့ ဘုရင်တပါးရဲ့ အချစ်နဲ့ မျက်ရည်တွေကို ဟောဟိုက မပြီးသေးတဲ့ ရွှေစည်းခုံ ဘုရားကြီး သက်သေတည်ပြီး ဆုထားခဲ့ချင်ပါရဲ့..။ နောင်ဘဝ ဆိုတာရှိခဲ့ရင်..။” (အနော်ရထာ)
(၅) “ချစ်ခြင်းအတွက် သေခြင်းကို ရင်ဆိုင်ရမယ်ပေါ့..။ မအံ့သြပါဘူး..။ အရှင့်သားကို စချစ်မိကတည်းက ခင့်နှလုံးသားရော ဘဝတခုလုံးပါ သေဆုံးခဲ့ ပြီးသားပါပဲ..။” (ဒိုင်းခင်ခင်) (Written By Sai Min Thant)