အင်ဒိုနီးရှားတွင် သူတောင်းစားများ လမ်းပေါ်မထွက်တော့ဘဲ တစ်တော့ခ်ပေါ်ကနေ တောင်းစားနေ

တောင်းစားတဲ့အလုပ်ကို အခုအင်ဒိုနီးရှားနိုင်ငံမှာ ဒစ်ဂျစ်တယ်နှင့် သွားနေပါပြီ။ အခုဆို လမ်းပေါ်က သူတောင်းစားတွေဟာ လမ်းပေါ်ထွက်မတောင်းတော့ဘဲ တစ်ခ်တော့ခ်ပေါ် ဗွီဒီယိုကလစ်တွေတင်ပြီး လိုင်းပေါ်မှာလက်ဆောင်တွေ တောင်းနေကြပါပြီ။

အင်ဒိုနီးရှားနိုင်ငံမှာ ယခု တစ်တော့ကနေတောင်းစားတဲ့အလုပ်ဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပါတယ်။ အဲဒါကြောင့် အစိုးရဟာ အဲဒါတွေကို နှိမ်နှင်းဖို့ကြိုးစားနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လူမှုရေးဝန်ကြီးဟာ အွန်လိုင်းပေါ်ကတောင်းစားတာရော၊ လမ်းပေါ်တောင်းစာတာတွေပါ နှိမ်နှင်းဖို့ ပိုပြီးကြိုးစားဆောင်ရွက်ကြဖို့ သူ့ဝန်ထမ်းတွေကို ခိုင်းထားပါတယ်။

အဲဒီအပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူအများစု အစ္စလမ်ဘာသာဝင်တွေကလည်း ပစ္စည်းနှင့်ပိုက်ဆံတွေ တောင်းစားနေကြတာတွေကို အားပေးတာမလုပ်ကြဖို့ ပြည်သူတွေကို ပန်ကြားထားပါတယ်။ ဒါဟာ လူ့ဂုဏ်သိက္ခာကျဆင်းစေပြီး အစ္စလမ်ဘာသာနဲ့လည်း မညီညွတ်ဘူးလို့ သူတို့ကပြောပါတယ်။

ဒါပေမယ့် တစ်တော့ခ်ရဲ့ လက်ဆောင်တွေပေးကမ်းတဲ့လုပ်ဆောင်ချက် features က သူတောင်းစားတွေကို ဖြားယောင်နေတာ အတော်ကြီးမားတဲ့လှိုင်းဖြစ်နေလို့ တားဆီးတဲ့အလုပ် အနည်းငယ်ပဲ လုပ်နိုင်ပါသေးတယ်။ အဲဒီ လုပ်ဆောင်ချက် features ကို အွန်လိုင်းပေါ်က လက်ဆောင်တွေကို တကယ့်ပိုက်ဆံနှင့် လဲလှယ်နိုင်တာဖြစ်ပါတယ်။

တစ်‌တော့ခ်ထဲမှာ နောက်လိုက်ဖော်လိုဝါ အနည်းဆုံးတစ်ထောင်ရှိရင် ဗွီဒီယိုဖန်တီးသူတွေဟာ သူတို့ရဲ့ ဖော်လိုဝါတွေထံက အွန်လိုင်း အစစ်ယောင်ယောင် လက်ဆောင်တွေ virtual gifts တွေကို ရရှိနိုင်ကြပြီး အဲဒီ အစစ်ယောင်ယောင်လက်ဆောင်တွေကို တကယ့် ပိုက်ဆံအစစ်နှင့်ပြန်လဲနိုင်ကြပါတယ်။ ဒီလိုမျိုး အခြား ဆိုရှယ်ပလက်ဖောင်းတော်တော်များများမှာ လုပ်ဆောင်နိုင်ကြပေမယ့် တစ်တော့ခ်ရဲ့ လူကြိုက်များမှုက သူတောင်းစားတွေအတွက် အကောင်းဆုံးနေရာ ဖြစ်လာပါတော့တယ်။

လမ်းပေါ်ထွက်ပြီး ဖြတ်သွားဖြတ်လာတာတွေဆီက တောင်းစားမယ့်အစား တစ်တော့ခ်သူတောင်းစားတွေဟာ သနားစရာ အမူအယာတွေနှင့် ဗွီဒီယိုလေးရိုက်တင်ရုံပဲလိုအပ်ပါတယ်။ ပြီးရင် ဝင်လာမယ့်ပိုက်ဆံတွေ စောင့်ကြည့်ရုံပဲဖြစ်ပါတယ်။

တောင်းစားသူတွေထဲမှာ ခေတ်စားနေတာက အထူးသဖြင့်အသက်အရွယ်ကြီးတဲ့ မိန်းမကြီးတွေဟာ သူတို့တစ်ကိုယ်လုံးကို ရွှံတွေသုတ်လိမ်းပြီး သနားစရာတောင်းစာတဲ့ဗွီဒီယိုတွေဖြစ်ပြီး ပိုက်ဆံတွေ အများဆုံး ရကြပါတယ်။ ဘယ်လောက်လူကြည့်များလာသလဲဆိုရင် အချို့သော ရွှံရေတွေချိုးနေတာတွေက နာရီပေါင်းများစွာတောင်ကြာတတ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ဒီလို ခေတ်သစ်သူတောင်းစားတွေရဲ့ ဗွီဒီယိုတွေကိုဖြုတ်ချပေးဖို့ အစိုးရက တစ်တော့ခ်ကို တောင်းဆိုထားပါတယ်။

အင်ဒိုနီးရှားအစိုးရက နှိမ်နှင်းဖို့ကြိုးစားနေသော်ငြားလည်း တစ်တော့ခ်ပေါ်က တောင်းစားနေတာတွေဟာ ဆက်ပြီး ရှိနေဦးမယ့်အခြေအနေရှိနေပါတယ်။ ဒီလိုပုံစံဟာ တောင်းစားသူတွေဆီ တိုက်ရိုက်ရောက်ရှိတဲ့နည်းလမ်းဖြစ်တယ်လို့ ပေးကမ်းသူတွေက ယုံကြည်နေကြလို့ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယမြောက်တစ်တော့ခ်အသုံးဆုံးနိုင်ငံဖြစ်နေတာပါ။ ယခုအထိ အင်ဒိုနီးရှားမှာ တစ်တော့်သုံးသူ ၉၉.၁ သန်းရှိနေတာ ဖြစ်ပါတယ်။ (YMG)

Leave a Reply

Your email address will not be published. Required fields are marked *