International News

အိန္ဒိယမှာ ဇီကာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှု တကျော့ပြန်လာပြီ

အိန္ဒိယနိုင်ငံ ကန်ပါမြို့မှာ ကလေးငယ် ၁၇ ဦးအပါအ၀င် လူ ၈၉ ဦးမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက နို၀င်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာပေါ်တွင် ၁၉၄၇ ခုနှစ်မှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ဇီကာဗိုင်းရပ်စ်ဟာ ၂၀၁၅ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံမှာ ကပ်ရောဂါအသွင်မျိုး ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေပြီး ပြန့်ပွားမှုကိုထိန်းချုပ်ဖို့အတွက် ကျန်းမာရေး၀န်ကြီးဌာနက အဖွဲ့တွေဖွဲ့ထားကြောင်း အိန္ဒိယနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ဥတာပရာဒေ့ရ်ှပြည်နယ် ကန်ပါခရိုင်မှ ဆေးဘက်ဆိုင်ရာ အကြီးအကဲ နီပေါဆင့်ရ်ှက ပြောပါတယ်။

လက်ရှိမှာ ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦးကို ဆေးရုံမှာ အထူးကြပ်မတ်ကုသနေရတယ်လို့ဆိုပါတယ်။

မကြာသေးမီနှစ်တွေအတွင်း အိန္ဒိယနိုင်ငံပြည်နယ်အချို့မှာ ဇီကာဗိုင်းရပ်စ်ကူးစက်မှုများရှိခဲ့ပေမယ့်လည်း ဥတာပရာဒေ့ရ်ှပြည်မှာတော့ ပထမဆုံးအကြိမ်ကူးစက်မှုဖြစ်တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

ပြည်နယ်အတွင်းမှာ ပထမဆုံးဇီကာဗိုင်းရပ်စ်ကူးစက်မှုကို ကန်ပါမြို့မှာ အောက်တိုဘာ ၂၃ ရက်က စတင်တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ကူးစက်ခံရသူအရေအတွက် မြင့်တက်လာခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Leave a Comment

You cannot copy content of this page