News

ခုန်ပျံကျော် ကူးစက်ပြီး မာယာများလွန်းလှတဲ့ ကိုဗစ်ရဲ့ ဖြစ်ပုံ (အတော်တော့ထူးဆန်းတယ်)

ခုန်ပျံကျော် ကူးစက်ပြီး မာယာများလွန်းလှတဲ့ ကိုဗစ်ရဲ့ ဖြစ်ပုံ (အတော်တော့ထူးဆန်းတယ်)

ကိုဗစ်ကလည်း နည်းနည်းတော့ စားတယ်။ ဟိုတလောက မြေညီထပ်မှာ နာရေးဖြစ်တယ်။

အဲ့တော့ သမီးနဲ့ သမက်က နေပြည်တော်ကပြန်လာတယ်။ ရက်လည်ပြီးတော့ နေပြည်တော်ကိုပြန်အ၀င်မှာ ကိုဗစ်စစ်တော့ သမီးမှာ ပိုးတွေ့တယ်။ သူ့‌ယောက်ျားမှာတော့ ပိုးမတွေ့။ တတိုက်လုံးကလည်း မိသားစုလိုတွေနေကြတာ။ ကျနော်တို့လည်း လန့်။ ကလေးငယ်လေးရှိတော့ စိုးရိမ်တာပေါ့။

အဲ့လိုနဲ့ သမီးမှာ ပိုးတွေ့ပြီးနောက်တရက် ရန်ုကုန်မှာ ကျန်ခဲ့တဲ့ မိသားစု ခြောက်ယောက်လည်း ကျူ၀င်။ ကလေးငယ်လေးပါတော့ ဟိုတယ်ကျူ၀င်ရတာပေါ့လေ။ သုံးယောက်တခန်း ကျူ၀င်ကြတာ။ အဲ့မှာကျူမှာတော့ နှစ်ယောက်ပိုးထပ်တွေ့တယ်။ ထူးဆန်းတာက ဟိုတယ်တခန်းစီမှာနေတဲ့ တယောက်စီမှာတွေ့တာ။ အသက်ကြီးပိုင်းတွေပါ။ ကျန်တဲ့လူတွေမှာ ပိုးမတွေ့။

နာရေးဖြစ်တုန်းကလည်း လမ်းထဲကလူတွေလည်း ၀င်ထွက်သွားလာနေကြတာပါပဲ။ အဲ့ရက်ပိုင်း မိုးတွေသည်းလွန်းလို့ ကျနော်တော့ နာရေးလိုက်မပို့ဖြစ်ဘူး။ တလမ်းလုံးလည်း အကောင်းပဲ၊ ဘာမှ မဖြစ်ကြပါဘူး။ ဘယ်က ကူးလိုက်မှန်းလည်း မသိဘူး။ တိုက်လည်း လော့ဒေါင်းတောင်မဖြစ်လိုက်ဘူး။

အခုတော့လည်း မြေညီထပ်က လူတွေလည်း အေးဆေးဖြစ်၊ တလမ်းလုံးလည်းပျော်ရွှင်။ ဟိုတယ်ခနဲ့ ဘာညာကတော့ သိန်း ၂၀ ကျော်ကုန်သွားတယ်။

Zayya Sopyay

Leave a Comment

You cannot copy content of this page