International News

ဘရာဇီးနိုင်ငံမှာ နေအိမ်အတွင်း သေဆုံးတဲ့ ကိုဗစ်လူနာ အရေအတွက် များလာနေ

ဘရာဇီးနိုင်ငံမှာ နေအိမ်အတွင်း သေဆုံးတဲ့ ကိုဗစ်လူနာ အရေအတွက် များလာနေ..

ဘရာဇီးနိုင်ငံမှာ ကိုဗစ် ကူးစက်မှုအသစ်တိုးနေချိန် ဆေးရုံတွေက လက်ခံနိုင်တဲ့ လူနာအရေအတွက်ထက်ပိုနေတဲ့ ကိုဗစ်လူတွေကို လက်မခံနိုင်တော့တာကြောင့် နေအိမ်မှာသေဆုံးတဲ့ ကိုဗစ်လူနာတွေ ပိုများလာနေပါတယ်။

ဘရာဇီးနိုင်ငံမှာ အမေဇုံနပ်စ်ပြည်နယ်ဟာ ကိုဗစ်ကပ်ဘေး အဆိုးဆုံးခံစားရတဲ့ ပြည်နယ်တွေထဲက တခုပါ။ ဒီပြည်နယ်အတွင်း ဆေးရုံတွေက လူနာတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ် ကူးစက်ခံလူနာတွေလို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက် တရက်တည်းမှာ ဘရာဇီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူအသစ်ဦးရေ ၆၄,၀၀၀ ကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူ ၁,၁၁၀ ဦးရှိတယ်လို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကိုဗစ်စကတည်းက ခုထိ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ဒသမ ၂ သန်းနီးပါး ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ တရားဝင် ဦးရေ ၂၀၅,၀၀၀ နီးပါးအထိ တိုးလာပြီးဖြစ်လို့ ကမ္ဘာ့တတိယမြောက် အဆိုးဆုံး ကိုဗစ်ကပ်ဘေးသင့်နိုင်ငံ ဖြစ်နေပါတယ်။

Leave a Comment

You cannot copy content of this page