International News

ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ဧရာမကျောက်တုံးကြီး

ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ဧရာမကျောက်တုံးကြီး..

ဗီယက်နမ်နိုင်ငံမှာ မကြာသေးမီက ခွဲစိတ် ကုသခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦး၏ ဆီးအိမ်မှ ဖယ်ရှားပစ်လိုက်သည့် ဧရာမ ဆီးအိမ်ကျောက်တုံး၏ ပုံများသည် လူမှုမီဒီယာများတွင်ပျံ့နှံ့ခဲ့သည်။

ဗီယက်နမ်နိုင်ငံ သေးငုယင်ရှိ ဖြူဘင် အထွေထွေရောဂါကု ဆေးရုံ အရေးပေါ်ခန်းတွင် ဖြစ်ပွားခဲ့သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်နှင့် ပတ်သတ်၍ ဗီယက်နမ် မီဒီယာ အများအပြားကလည်း တင်ပြခဲ့ကြသည်။

ဆေးရုံတွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် CT scan က ထိုအမျိုးသမီး၏ ဗိုက်ထဲတွင် အလေးချိန် ၄၀၀ ဂရမ်နှင့် ၁၀-စင်တီမီတာကျော်သော ကျောက်တုံးကြီးကို ဖော်ပြခဲ့သဖြင့် အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဆေးရုံများတွင် အတော်လေးရှားပါးသော ဖြစ်ရပ် ဖြစ်ခဲ့သည်။

တူရကီနိုင်ငံ Urology ဂျာနယ်၏ ၂၀၁၄ ခုနှစ် ဖြစ်ရပ်မှန် အစီရင်ခံစာအရ ၁၀၀ ဂရမ်ကျော်လေးသည့် ကျောက်တုံးကြီးများသည် ဖယ်ရှား ပစ်ခဲ့ရသည့် ဖြစ်ရပ်ပေါင်း ၈၅ ခုထက် မနည်းပါခဲ့ပြီး ယခု ဂရမ် -၄၀၀ ကိုမူ ဆေးဘက်ဆိုင်ရာ ထူးဆန်းမှု တစ်ခုအဖြစ် သတ်မှတ်ထားသည်။

သို့သော် ၂၀၁၆ ခုနှစ်က တရုတ် ဆရာဝန်များသည် ၅၄ နှစ်အရွယ် အမျိုးသား လူနာတစ်ဦး၏ ဆီးအိမ်မှ ၁,၀၄၈ ဂရမ်ရှိသော ကျောက်တုံးကြီးကို ဖယ်ရှားပေးခဲ့ဖူးပြီး တရုတ်နိုင်ငံ၏ မှတ်တမ်းတွင် အကြီးဆုံး ဖြစ်ခဲ့ဖူးသည်။ (မင်းသုတဟန်)

Leave a Comment

You cannot copy content of this page