News

စစ်တပ်ပိုင် မြဝတီဘဏ် ကြာကြာတောင့်မခံနိုင်တော့ပဲ ပြိုလဲမည့် အခြေအနေ ကြုံတွေ့နေရပြီ

စစ်တပ်ပိုင် မြဝတီဘဏ် ကြာကြာတောင့်မခံနိုင်တော့ပဲ ပြိုလဲမည့် အခြေအနေ ကြုံတွေ့နေရပြီ..

မြန်မာစစ်တပ်က ပိုင်ဆိုင်၍ ဦးပိုင်က ဦးစီးလုပ်ကိုင်နေသည့် မြဝတီဘဏ်အနေနှင့် ငွေစုထားသူများ ယခုပုံစံအတိုင်း ငွေဆက်လုပ်ထုတ်နေမည်ဆိုပါက တလနီးပါးပင် တောင့်ခံနိုင်တော့မည်မဟုတ်ဟု ဘဏ်ဝန်ထမ်းများက ဖုန်းဆက်၍ ပြောပါသည်။

“တလတောင် မဟုတ်ဘူး။ ဒီအတိုင်းသာဆို တပတ်တောင် ခံပါ့မလား မသိပါဘူး” ဟု မြဝတီဘဏ်ဝန်ထမ်းတွေက ဆိုသည်။

မြဝတီဘဏ်မှာ ဦးပိုင်ဟု လူသိများသည့် (မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) က ဦးစီးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအနက် တခုအပါအဝင်ဖြစ်ပြီး တပ်မတော်သားများနှင့် ၄င်းတို့၏မိသားစုဝင်များ အထူးအားထားရသည့် ဘဏ်တခုဖြစ်သည်။

ဘဏ်ပြိုလဲနိုင်ခြေရှိနေသည်ကို ဘဏ်ဝန်ထမ်းများကလည်း စိုးရိမ်နေကြပြီး အပေါ်ပိုင်းတွင် တတ်သိပညာရှင်များ နည်းပါးသည့်အတွက် ယခုကြုံတွေ့နေရသည့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲရှိနေကြသည်ဟု သိရသည်။

ဘဏ်များသည် ကာစတန်မာများက ၎င်းတို့ထံ စုဆောင်းထားသည့် ငွေများအားလုံးကို ငွေတိုက် (Vault) အတွင်း သိမ်းဆည်းပေးထားခြင်း မဟုတ်ဘဲ ငွေချေးခြင်း၊ ကျန်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်လုပ်ခြင်းများတွင် ငွေကိုလှည့်၍ အသုံးပြုလေ့ရှိကြသည်။

စုငွေများကို ဆက်တိုက်ထုတ်ယူပါက ဘဏ်တွင်ရှိနေသည့် ငွေမလုံလောက်မှု ဆက်တိုက်ဖြစ်လာနိုင်ပြီး ဘဏ်ပြိုလဲသည်အထိ ဖြစ်လာနိုင်သည်။

တရားမဝင် အာဏာသိမ်းမှုရဲ့ အကျိုးဆက် တပ်ပိုင် မြဝတီဘဏ် ပိုက်ဆံ ပြန်မပေးနိုင်တော့လို့ ဒီနေ့ (၁၉/၂/၂၀၂၁) ရန်ကင်း (မြဝတီဘဏ်) က စပြီး ပိတ်လိုက်ပါပြီ၊ မြဝတီဘဏ်မှာ ပိုက်ဆံ အပ်ထားတဲ့ လူတွေ ကံကောင်းကြပါစေ..။

Leave a Comment

You cannot copy content of this page