ကျောင်းမြန်မြန် ပြီးတိုင်း အလုပ်မရနိုင်သလို အလုပ်ရတိုင်းလည်း ပြည့်စုံတဲ့ ဘဝတခု မရနိုင်ပါဘူး၊ စဉ်းစားဆင်ခြင်စရာပါပဲ..
၂၁ နှစ်မှာ ဘွဲရပြီးတော့ ၂၇ ရောက်တာတောင် အလုပ်မရသေးတဲ့သူတွေကို ရှိပါတယ်။ ၂၅ နှစ်ရောက်မှ ဘွဲ့ရပေမဲ့ အလုပ်တန်းရသွားတဲ့သူတွေကိုလဲ မြင်ဖူးပါတယ်။ တက္ကသိုလ်မတက်ရပေမယ့်လဲ ဝါသနာပါတဲ့အလုပ်ကို ၁၈ နှစ်မှာပဲ ရှာတွေ့သွားတဲ့သူတွေကိုလဲ ရှိပါတယ်။
တက္ကသိုလ်ပြီးသွားတဲ့နောက်မှာ လစာကောင်းကောင်းရတဲ့အလုပ်ကို လုပ်နေရပေမယ့် မပျော်တဲ့သူတွေကိုလဲ အများကြီးတွေ့ဖူးမှာပါ။ ကိုယ့်ဝါသနာကို နှစ်အတော်ကြာ လိုက်ရှာပြီးတော့မှ တွေ့သွားတဲ့သူတွေကိုလဲ မြင်ဖူးပါတယ်။ အသက် ၁၆ နှစ်မှာတော့ ကိုယ့်ရည်ရွယ်ချက်ကို သေချာပေါက် အကောင်အထည်ဖော်မယ်ဆိုပြီး ၂၆ နှစ်ရောက်တော့ စိတ်ပြောင်းသွားတဲ့သူမျိုးလဲ ရှိတယ်။
ကလေးတွေရနေပေမယ့် အိမ်ထောင်မပြုသေးတဲ့သူတွေလဲ ရှိသလို အိမ်ထောင်ရှိပေမယ့် ကလေးရဖို့ ၈ နှစ် ၁၀ နှစ်လောက် စောင့်နေရတဲ့သူတွေကိုလဲ ရှိပါတယ်။ ကိုယ့်ချစ်သူအပေါ် သစ္စာမရှိပဲ တခြားသူတွေကို ချစ်နေကြတဲ့စုံတွဲတွေလဲ မြင်ဖူးပါတယ်။ အရမ်းချစ်ကြပေမယ့် ဝေးကွာနေကြတဲ့သူတွေကိုလဲ အများကြီးပါပဲ။
ကျွန်တော် ဆိုလိုတာကတော့ ဘ၀မှာ ဘယ်အရာကိုမဆို ကိုယ့်အချိန်နဲ့ကိုယ်စီ ဖြတ်သန်းနေကြတာပါ။ သင့်သူငယ်ချင်တချို့က သင့်ရှေ့ရောက်နေပြီလို့ ခံစားနေရမယ်။ တချို့က နောက်မှာ ကျန်ခဲ့တယ်လို့ တွေးနေလိမ့်မယ်။ ဒါပေမယ့် အားလုံးက သူ့လမ်းကြောင်းနဲ့သူပါ။ သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင် အချိန်တွေရှိသလို သင့်မှာလည်း ဒီအတိုင်းပါပဲ။ စိတ်ရှည်သည်းခံပါ။
ကမ္ဘာကျော် စာရေးဆရာမ J.K Rowing ဟာ ၃၂ နှစ် ရောက်မှ ထုတ်ဝေသူ ၁၂ ယောက်က ငြင်းပယ်ခံရပြီးနောက် Harry Potter ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ Alibaba ကို JackMa ဟာ ၃၅ နှစ်ရောက်မှ စတင်ခဲ့တာပါ။ Morgan Freeman ဟာ ၅၂ နှစ်ရောက်မှ ရုပ်ရှင်လောကမှာ ထင်ရှားကျော်ကြားလာခဲ့တာပါ။ Virgin ကို Richard Branson ဟာ ၃၄ နှစ်ရောက်မှ တည်ထောင်နိုင်ခဲ့ပါတယ်။
သင့်အနေနဲ့ ၂၅ နှစ်မှ ဘွဲ့ရလည်း အောင်မြင်မှုပါပဲ။ အသက် ၃၀ ရောက်လို့ လက်မထပ်ဖြစ်ရင်လဲ သင်ပျော်နေရင် အဆင်ပြေတာပါပဲ။ အသက် ၃၅ ရောက်မှ မိသားစုဘ၀ ရလည်း သာယာတာပါပဲ။ တခြားသူတွေ ဖြတ်သန်းနေတာတွေကြည့်ပြီး သင်အလောတကြီး လုပ်စရာမလိုပါဘူး။ သင်တို့အနေနဲ့ သင်တို့ဘဝတွေကို အဓိပ္ပါယ်ပြည့်စုံအောင် သင်တို့ကိုယ်တိုင် ဖန်တီးရမှာပါ။