Knowledge

ဘုရားဌာပနာ ဖေါက်တဲ့သူတွေအတွက် ရှေးဘုရင်တွေရဲ့ ကြောက်စရာ ကျိန်စာကြီးများ

ဘုရားဌာပနာ ဖေါက်တဲ့သူတွေအတွက် ရှေးဘုရင်တွေရဲ့ ကြောက်စရာ ကျိန်စာကြီးများ..

(ဆန်းကျော်စွာဝင်း)

“မနူဟာဘုရား ကျိန်စာ”

“ငါ့အလှူကောင်းမှုကို ဖျက်ဆီးသောသူကား သိဉ္ဇိုးစသော ငရဲကြီးရှစ်ထပ်၌ ကျက်စေ၏ ကမ္ဘာလောင်သော်လည်း မလောင်ရာသော စကြဝဠာ၌ရှိသော ငရဲကြီးရှစ်ထပ်သို့ ကျက်စေ၏ ငရဲသစ်ငုတ် ဖြစ်စေ၏။”.. မနူဟာမင်းကြီး (သထုံနန်းကျဘုရင်)

“ထိလုကုန်းအနီးဘုရား ကျိန်စာ”

“ငါ့မြေကိုခိုးသော ယောက်ျားလည်းကောင်း မိန်းမလည်းကောင်း သေခဲ့သော် အထူအရပ် (၆၀) သွား အလျားအနံ (၆၀) သွားသော ကျောက်ဖျာကြီးအတွင်း ခါးနစ်လျက် ရေလည်းမရ အစာလည်းမရ လျှာငါးလံထွက်လျက် ခံစေသတည်း”.. စတုရင်္ဂဗိဇယ်လင်မယား

“နားတောင်းတပ်ဘုရား ကျိန်စာ”

“ငါ့ကောင်းမှုကို ဖျက်သောသူကား အမျိုးခုနစ်ဆက် ညက်ညက်ပြုန်းတီးပျက်စီးစေသော် အဝီစိအထဲ ငရဲကွ၍ ချွတ်လည်း မကျွတ်တတ်သည့် ငရဲသစ်ငုတ်လျင် ဖြစ်စေသတည်း ငါ့ကောင်းမှုကို ချီးပင့်သောသူကား ငါနှင့်ထပ်တူလျှင် ရကြပါစေသတည်း”.. ဝေဠုဝတီမိဘုရား (နရပတိစည်သူမိဘုရား)

တုရင်တောင်ဂူဘုရား ကျိန်စာ”

“ဤ ငါပြုသောကောင်းမှုကို ဖျက်သောသူကား လေးသောင်းမြေပုံလုံးမျှ ကြုံမကလျှင် အဝီစိမည်သော ငရဲကြီးတွင် ကျက်စေသတည်း အကမ္ဘာသောဘုရားလည်း မဖူးရစေသတည်း စားချင်လျက် မစားရတတ် သောက်ချင်လျှက် မသောက်ရတတ် ဘုရားတကာ မချွတ်နိုင်သော ခြောက်ပြိတ္တာကြီးလျှင် ဖြစ်စေသတည်း”.. မိဖုရား အိုဝ်ပြည့်သင်

Leave a Comment

You cannot copy content of this page