လက်ထပ်လက်စွပ်ကို မောင်းကွင်းပဲ လုပ်ရခြင်း အဓိပ္ပါယ်နှင့် မောင်းကွင်း လက်စွပ်ရဲ့ သင်္ကေတ..
မောင်းကွင်းရဲ့ သင်္ကေတက ဘာလဲ သိလား.. (infinity love) အဆုံးအစမရှိတဲ့ ချစ်ခြင်းတဲ့..
လက်ထပ်လက်စွပ်က မောင်းကွင်းဘဲ သုံးရတာ.. လက်ထပ်လက်စွပ် ဆိုတာ ဆင်တူ ဖြစ်နေရုံနဲ့ ဒီတိုင်းစွပ်လို့ မရဘူးနော်.. သူ့မှာလည်း စည်းကမ်းလေးတွေရှိတယ်.. မောင်းကွင်းရဲ့ အဓိကရည်ရွယ်ချက်က ပြောင်ချောလေး အဖုအထစ်မရှိဘူး.. အိမ်ထောင်ရေးမှာအဖုအထစ်မရှိ အနှောင့်အယှက်မရှိအောင် ဆိုတဲ့သဘောမျိုး.. လက်ထပ်လက်စွပ်ကို မောင်းကွင်းဆင်တူဝတ်ရတယ်.. သူများတွေ စိန်လက်စွပ် ဆင်တူဝတ်ကြ အော်ဒါမှာကြတာ အသိတွေထဲမှာ မြင်ဖူးတော့ မောင်းကွင်း မဝတ်ကြဖူးလားလို့ စဉ်းစားမိတယ်..
Proposal လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ကိုကတော့ ကိုယ်တတ်နိုင်သလောက် စိန်အရည်အသွေး အကြီးအသေး ကြိုက်သလို ရွေးပြီး Propose လို့ရတယ်။ အဲတာ ယောက်ျားလေးကပဲ ပေးရတာနော်။ ပြီးစိန်ပါရမယ်နော်။
လက်ထပ်တဲ့အခါ ယောက်ျားလေး လက်သူကြွယ်မှာ မောင်းကွင်း တစ်ခုဘဲစွပ်ရပြီး မိန်းကလေး လက်သူကြွယ်မှာ မောင်းကွင်းရယ် Proposal Diamond Ring (စိန်လက်စွပ်) ရယ်နှစ်ကွင်းထပ်ပြီး စွပ်ရပါတယ်တဲ့။ စေ့စပ်လက်စွပ်ပါထပ်ရှိတဲ့ သူတွေကတော့ သုံးကွင်း စွပ်ပေါ့..
ခရစ်ယာန်တွေကတော့ မောင်းကွင်းကို ရွှေနဲ့လုပ်ပါတယ်.. သဘောကတော့ ရွှေဆိုတာ အဖိုးတန်တယ်.. မောင်းကွင်းဆိုတာက အဆုံးအစ မရှိတဲ့ ချစ်ခြင်း.. စေ့စပ်လက်စွပ်ကိုတော့ စိန် ၁ လုံး၊ ၃ လုံး၊ ၅ လုံးနဲ့ ကြိုက်သလိုလုပ်လို့ရပါတယ်.. ၁ လုံးကတော့ Love ဆိုတဲ့သဘောပါ၊ ၃ လုံးကတော့ I love You, ၅ လုံးကတော့ I love you so much ဆိုပြီး ၀တ်ပါတယ်။
ကိုယ်တွေကတော့ မောင်းကွင်းရဲ့ ဗိုက်သားမှာ နံမည် တစ်ယောက် တစ်လုံးရယ် မင်္ဂလာရက်ရယ် ထည့်ကြတယ်.. (Respectfully to Unknown Original Writer)