“လောကမှာ ငွေလား ဂုဏ်လား ရာထူးလား”

“လောကမှာ ငွေလား ဂုဏ်လား ရာထူးလား.”

သမီးလေးက အသက်မှ ၂၃ နှစ်ရှိသေး။ ကိုယ်ဝန်ရလာတယ်။ အမေလုပ်သူ ဒေါသအကြီးကြီး ထွက်ရပြီ၊။ “ကောင်မ.. အဲ့ဒါ ဘယ်နွားလက်ချက်လဲ.. အခုဖုန်းဆက်စမ်း အဲ့ကောင်ကို”

ကောင်မလေး ဖုန်းဆက်တယ်။ နာရီဝက်လောက်ကြာတော့ သူတို့အိမ်ရှေ့ကို Rolls Royce တစ်စီး ဆိုက်လာတယ်။ သားသားနားနားဝတ်စားထားတဲ့ အသက်ကြီးကြီးလူတစ်ယောက် ကားပေါ်က ဆင်းလာတယ်။ သူက ပြောတယ်။ “မရည်ရွယ်ပဲ ကိုယ်ဝန်ရသွားတာ စိတ်မကောင်းပါဘူး.. ဒါပေမယ့် ကျနော် သူ့ကို လက်ထပ် ဖို့လည်း မဖြစ်နိုင်ဘူး..

အဲ့ဒါကြောင့် သူ သမီးလေးမွေးခဲ့ရင် ကုန်တိုက်ကြီး ၂ ခု၊ ဥယဉ်အိမ်ရာ ၂ ခုနဲ့ ဒေါ်လာ ၂ သန်း ပေးပါ့မယ်.. သားလေးမွေးရင်တော့ စက်ရုံ ၂ ရုံနဲ့ ဒေါ်လာ ၅ သန်း ပေးပါ့မယ်.. ဒီလို ကျနော် တွေးထားပါတယ်.. တကယ်လို့ ကလေး ပျက်ကျသွားရင်တော့ ဘာလုပ်ပေးသင့်သလဲဆိုတာ ကျနော်မသိသေးဘူး.. ဘာလုပ်သင့်လဲဆိုတာ ငါ့ညီမကြီး ပြောကြည့်လေ”

အမေလုပ်သူက.. ကမန်းကတန်း ပြန်ဖြေတယ်။ “မတော်လို့ ကိုယ်ဝန်ပျက်ကျ သွားရင်လည်း..နောက်တစ်ကြိမ် ထပ်ကြိုးစားပေးပါလားဟင်” တဲ့ တေဇမ်း.. (ပြန်လည်မျှဝေသည်)

Leave a Reply

Your email address will not be published. Required fields are marked *