Reading

“လောက” – မကြာခင်ပြီးဆုံးမယ့် လူ့ဘဝကို အထင်းသား ဖော်ပြနေတဲ့ ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်

“လောက”

ရှေးဟောင်း ရုရှားပုံပြင်တစ်ပုဒ်က စရမယ်…

ကြက်သမားတစ်ယောက်မှာ ကြက်ခြင်းကြီး တစ်ခုရှိသတဲ့… အဲ့ဒီကြက်ခြင်းကြီးထဲမှာ ကြက်တွေအမြေက်အများ ပြွတ်ကျိတ်နေအောင် ထည့်ထားတယ် ကြက်တစ်ကောင်ခြင်း ကြပ်ညပ်နေလို့ အသက်ရှူရခက်လောက်အောင်ဖြစ်ကြတယ် အထူးသဖြင့် အောက်မှာပိနေတဲ့ ကြက်တွေပဲ.. သူတို့တစ်တွေ အသက်ရှူရကြပ်တဲ့အခါ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိတ်တွန်းထုပ်ပြီး ခေါင်းဝင်လို့ အသက်ရှူကြရတယ်..

ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်.. အဲ့ဒီအတွက် မွတ်သိပ်တဲ့ဝေဒနါနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်.. အဲဒီလို တစ်ကောင့်ခန္ဓာကို တစ်ကောင် နင်းရင်း ထိုးဆိတ်နေကြတဲ့ကြားက ကြက်မတစ်ကောင်များတွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော.. အဲ့ဒီလိုနဲ့ ကြက်ခြင်းကြီးထဲကကြက်တွေဟာ အုတ်အော်သောင်းနင်းနဲ့ ဆူညံပွက်လောရိုက်နေကြတော့တယ်.. အဲ့ဒီအချိန်ကြက်သတ်သမား ရောက်လာတယ်…

လက်နဲ့နီးရာတစ်ကောင်ချင်းစီကိုနှိုက် လည်ပင်းကနေကိုင်ပြီး ခြင်းထဲကထုပ်သတ်တယ်.. တစ်ကောင်ခြင်းစီ ထုပ်သတ်လိုက် နားလိုက်နဲ့ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ.. ဓားနဲ့ခုတ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေတော့တယ်.. ခဏနေတစ်ကောင်ထုပ်သတ်လိုက် နောက်ခဏနေ နောက်တစ်ကောင်ထုပ်သတ်လိုက်နဲ့.. ဒါပေမဲ့ ခြင်းတောင်းထဲမှာ ကြက်တွေအများကြီး ကျန်ပါသေးတယ်.. ကျန်ခဲ့တဲ့ကြက်တွေက တစ်ကောင် လျော့သွားရင် လျော့သွားတဲ့အလျောက် ဝမ်းသာကြတယ်.. ” ငါတို့ကို ထိုးနေ ဆွနေတဲ့ သကောင့်သားတွေ သွားရှာပြီ.. ငါတို့အသက်ရှူချောင်ပြီ ငါ့ကြက်မကို လုနေတဲ့ပြိုင်ဘက် အေပေးလေးတွေ ခုတော့ဘာတတ်နိုင်သေးလဲ သေကုန်ပီ ” ဆိုပြီး ဝမ်းသာအဲလဲ ဖြစ်ကြတယ်..

ကျန်ရှိတဲ့ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန်ဖြစ်ကြတယ်.. ထိုးကြဆိတ်ကြလုနေကြတယ် ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန်နေကြတယ်.. အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းထဲက ကြက်တွေအားလုံးဟာကြက်သတ်သမားရဲ့ ဓားစာဖြစ်ကုန်ကြတယ်.. အဲ့ဒီအခါ တစ်ကောင်နဲ့တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေမရှိတော့ဘူး အသက်ရှူမဝတာတွေ မရှိတော့သလို အသက်ရှူမဝတဲ့ အကောင်တွေလည်း မရှိကြတော့ဘူး အတင်းကာရော အလိုက်ခံ လုယက်နေကြတဲ့ ကြက်မတွေ မရှိတော့သလို မွန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေ မရှိကြတော့ဘူး.. ကြက်ခြင်းကြီးတစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာကျန်ခဲ့တယ်.. ဘာသံမှမကြားရတော့ဘူး ငြိမ်ဝပ်လို့…

ဒီရှရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်.. လောကဟာ ဘာလဲ ဘယ်လိုဟာမျိုးလဲ.. လောကမှာဘယ်အရာတွေရှိသလဲ.. ဒီမေးခွန်းတွေထက် ကျိန်းသေတာက လောကအတွင်းမှာ ရှိရှိသမျှ အရာအားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ်စောင့်မျှော်နေကြတယ်.. ခဏတိုင်းခဏတိုင်းမှာ အရာတိုင်းသတ္တဝါတိုင်း တစ်ခုပြီးတစ်ခု တစ်ကောင်ပြီးတစ်ကောင် သေမင်းရဲ့လက်မှာ သတ်ဖြတ်လည်စင်းခံနေကြရတယ်.. ဒါကိုပဲ လည်စင်းမခံရသေးတဲ့ကြက်တွေ အလှည့်မရောက်သေးတဲ့ကျန်လူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ.. သေသွားတဲ့သူတွေအတွက် ဝမ်းသာအဲလဲ နေရာလုကြ အသက်ရှူဝဖို့ ထိုးဆိတ်နေကြဆဲပဲ.. လိုချင်တဲ့အရာတွေ တစ်ခုပြီး တစ်ခုနောက်ကိုလိုက်ရင်း အပြိုင်အဆိုင်လုယက်နေကြဆဲပဲ..

တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်ခေါ်သွားမဲ့ လက်တန်ရှည်ကြီးဟာ ဘယ်သူ့မဆိုအပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ် တစ်ဦးနဲ့တစ်ဦး အရင်သွားမဲ့သူနဲ့ နောက်သွားမဲ့သူ အရှေ့နဲ့နောက်သာ ကွာခြားလိမ့်မယ်.. ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့လက်ချက်နဲ့ အသက်ထွက်ကြရမယ်.. အဲဒီမတိုင်ခင်ကြား မိမိအသက်ရှူဝဖို့ မိမိဂုဏ်သိက္ခာတက်ဖို့ မိမိအထင်ကြီးခံရဖို့ မိမိလိုရာရဖို့ ပြိုင်ဆိုင်နေဆဲ ညှင်းဆဲနေဆဲ တိုက်ခိုက်ပုတ်ခတ်နေကြဆဲပဲ.. မိမိရှေ့မှောက် သွေးအလိမ်းလိမ်းဖြစ်နေရတဲ့တိုင် လျော့သွားတဲ့သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ.. နောက်ဆုံးမှာတော့ ဒီသူတွေအားလုံးပဲ သေမင်းရဲ့လက်အောက် လည်စင်းပြီး ရောက်သွားကြတော့တာပါပဲ..

ဆရာပါရဂူရဲ့ ခြင်းတောင်းထဲကကြက်ကို ဖတ်ရှုရင်း.. ပြန်လည်မျှဝေ ပေးပါသည်..

Leave a Comment

You cannot copy content of this page