မနေ့ကညနေ ၇ နာရီ ၄၀ မိနစ်မှာ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ကနေ စင်ကာပူသို့ပျံသန်းဖို့ပြင်နေတဲ့ Scoot လေကြောင်းလိုင်း ခရီးစဉ်အမှတ် TR933 ပေါ်မှာ ပါဝါဘဏ့် (Power Bank) မီးထလောင်ခဲ့တဲ့အတွက် လူ (၂) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Scoot လေယာဉ်ဟာ Taoyuan လေဆိပ်ဂိတ်ပေါက်ကနေထွက်ခွာလာပြီး ပြေးလမ်းပေါ်မှာပျံတက်ဖို့ မောင်းနှင်လာနေစဉ်မှာပဲ မီးထလောင်ခဲ့တာဖြစ်ပါတယ်။ မိနစ်ပိုင်းကလေးနောက်ကျခဲ့ရင် လေယာဉ်ပြေးလမ်းပေါ်မှာပျံတက်ဖို့အရှိယူနေစဉ်သာဖြစ်ခဲ့ရင် အတော်ကသိကအောက်နိုင်မယ့်ကိစ္စဖြစ်ပါတယ်။
ပါဝါဘဏ့်တွေကိုသုံးစွဲရင် သတိထားရပါတယ်။ လေယာဉ်ဝမ်းဗိုက်ထဲ Check-in အဖြစ်ထည့်ပေးလိုက်မယ့် ခရီးဆောင်အိတ်တွေထဲကို ပါဝါဘဏ့်ထည့်မပေးရပါဘူး။ လေယာဉ်ပျံသန်းနေစဉ် အခုလိုမီးထလောင်ခဲ့ရင် အခြားခရီးဆောင်အိတ်တွေကိုပါမီးလောင်ပြီးအန္တရာယ်ကြီးပါတယ်။
ပါဝါဘဏ့်ဖောင်းကြွနေရင်၊ သုံးစွဲစဉ်မှာအရမ်းပူတတ်ရင် မသုံးစွဲသင့်ပါ။ ပါဝါဘဏ့်တွေဟာ အပူလွန်ပြီးမီးလောင်မှုမကြာခဏဖြစ်တတ်ပါတယ်။ ပါဝါဘဏ့်ကို အိမ်မှာအားသွင်းထားပြီး အပြင်မသွားသင့်ပါ။ အပူလွန်ပြီးမီးထလောင်တတ်ပါတယ်။
အခုလိုပါဝါဘဏ့်လို့ပြောတာက အားသွင်းလက်နှိပ်ဓာတ်မီးကနေ လျှပ်စစ်ဆိုင်ကယ်တွေ အထိပါပါတယ်။ အထူးသဖြင့် ဒရုန်းဘက်ထရီတွေကို အားသွင်းထားချိန်မှာ အနီးမှာတစ်ယောက်စောင့်ကြည့်ပေးဖို့လိုပါတယ်။ ဒရုန်းဘက်ထရီတွေဟာ mAh အရမ်းများတဲ့အတွက် ပိုမိုဂရုစိုက်ဖို့လိုပါတယ်။ ထပေါက်ကွဲခဲ့ရင် အတော်အန္တရာယ်များတာပါ။
အခုဖြစ်စဉ်မှာ ထိုင်ဝမ် Taoyuan လေဆိပ် လေယာဉ်ခရီးစဉ်တွေထိခိုက်မှုမရှိခဲ့ပါ။ လေဆိပ်ကသိသိခြင်း လေယာဉ်ဆီကို မီးသတ်ကားတွေစေလွှတ်ပေးခဲ့ပါတယ်။
အခုဖြစ်စဉ်မှာ ပါဝါဘဏ့်ပိုင်ရှင်နဲ့အဖော်တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ Scoot လေကြောင်းလိုင်း ခရီးစဉ်အမှတ် TR933 ကတော့ အချိန်ပြန်ပြောင်းပြီး ခရီးစဉ်ဆက်ခဲ့ရပါကြောင်း။ (Richard Myo Thant)