Knowledge

စရီမာရီယာမန် ဘုရားကျောင်းက (၄၀) သားကျော် ရွှေဆွဲကုံးကြီး အတုဖြစ်သွားတဲ့ ကိစ္စနဲ့ ထပ်တူ နိယာမ

စရီမာရီယာမန် ဘုရားကျောင်း မယ်တော့် လည်ပင်းက (၄၀) သားကျော် ရွှေဆွဲကုံးကြီး အတုဖြစ်သွားတဲ့ကိစ္စနဲ့ ထပ်တူ နိယာမ..

(မင်းဒင်)

ကျွန်တော်ကြီးပြင်းခဲ့တဲ့ လှိုင်မြို့နယ်က စရီမာရီယာမန်မှာ ဘုရားကျောင်းကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်တုန်းက မယ်တော့် လည်ပင်းမှာ ပူဇော်ထားတဲ့ လေးဆယ်သားကျော် ရှိတဲ့ ရွှေဆွဲကုံးကြီးကို ‌ဂေါပကတွေက လူမသိအောင် ပေါင်သုံးပြီး ဦးဖိုးချမ်းနဲ့ အစားထိုးထားပါသတဲ့။

ဒီလိုနဲ့ တစ်ဆင့်စကား ပေါက်ကြားရာကနေ သမာသမတ်ရှိသူတွေက မယ်တော့် ဆွဲကြိုးကို စစ်ကြည့်‌တော့ အတုကြီးဖြစ်နေပါလေရော။

ဒီတော့မှ ဂေါပကလူကြီးတွေကို ခေါ်စစ်တော့ သူတို့ စီးပွားရေးအခက်အခဲကြောင့် မယ်တော့်ဆီက ခွင့်တောင်းပြီး ပေါင်သုံးထား ပါတယ်တဲ့။ မယ်တော်က သဘောတူလို့ ဘာတစ်ခွန်းမှ မပြောပါဘူးတဲ့။ နောက်တော့ မယ်တော့်ကို အတိုးလည်း ပေးထားပါတယ်တဲ့။

အခုလည်း ဘုရားအလှူငွေတွေ ထုတ်သုံးဖို့ ဘုရားတွေကို လျှောက်ထားကြည့်တော့ ဘာတခွန်းမှ ပြန်မမြွက်ပါဘူး။ အတိုးလည်း ပေးထားတယ်ဆိုပဲ။

(ကွန်မြူနစ်ခေါင်းဆောင်ဆိုတဲ့ သခင်သန်းထွန်းက ဥပမာစကား အဖြစ်သာ ပြောခဲ့တာ အခုတော့ လက်တွေ့အကောင်အထည်ဖော်သူတွေက အမျိုးဘာသာ သာသနာကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူ့တိရစ္ဆာန်တွေ)

ကောင်းပါ့ခင်ဗျာ။ သာဓု သာဓု သာဓု

Leave a Comment

You cannot copy content of this page