News

လုံခြုံလိုက်တဲ့ မြန်မာပြည် နယ်စပ်ရေးရာနှင့် ရာနဲ့ချီတဲ့ လိုင်စင်မဲ့ အနီရောင် တရုတ်ကားများ

လုံခြုံလိုက်တဲ့ မြန်မာပြည် နယ်စပ်ရေးရာနှင့် ရာနဲ့ချီတဲ့ လိုင်စင်မဲ့ အနီရောင် တရုတ်ကားများ..

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလို တစ်စီးစ နှစ်စီးစ နဲ့ လိုင်စင်မဲ့ တရုတ်မော်တော်ယာဉ်တွေက အရင်က မသိသာပေမယ့် အခုဆိုရင် အစီး​ရေ ရာနဲ့ချီ ဝင်ရောက်လာပြီ ဖြစ်လို့ လွယ်ဂျယ်-ဗန်းမော် လမ်းမှာ ဆိုရင်ဖြင့် လိုင်စင်မဲ့ယာဉ် (တရုတ်ကား အနီရောင်) များ တစ်လမ်းလုံးတွေ့နေရသည်မှာ မျက်မြင်သက်သေပဲ ဖြစ်ပါတယ်။

အစကနဦးမှာ ဒေသခံ တိုင်းရင်းသားများ မိမိချွေးနည်းစာဖြင့် ဝယ်ယူပြေးဆွဲခြင်းမှာ မသိသာလှသော်လည်း ယခုအခါ အင်အားကြီး ငွေကြေးတောင့်တင်းသော သူဌေးများ ပါဝင်လာခြင်းကြောင့် ဗန်းမော်-လွယ်ဂျယ်ဟာ တရုတ်လိုင်စင်မဲ့ ယာဉ်များကိုသာ အသုံးပြုပြီး ကုန်စည်ပို့ဆောင်ခြင်းကိုသာ အသုံးပြုနေပါသဖြင့် တရားဝင်မှတ်ပုံတင်ထားသော လိုင်စင်ရှိယာဉ်များ လုပ်ငန်းအခက်အခဲ ရှိခြင်းများ ကြုံတွေ့နေရပါသည်။

ဒေသခံ လိုင်စင်ရှိယာဉ်ပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရပါသဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ် (တရုတ်ကား အနီရောင်) များကို တားဆီး အရေးယူ ဖမ်းဆီးပေးပါရန် အသနားခံ တောင်းဆိုလိုက်ပါတယ် တာဝန်ရှိ လူကြီးမင်းများ ခင်ဗျား။

ရဲကျော်သူ / ဗန်းမော်ပွင့်သစ်

Leave a Comment

You cannot copy content of this page