Knowledge

YBS စီးရင် လိုက်နာရမည့် လူ့ကျင့်ဝတ်များနှင့် ခါးပိုက်နှိုက်တို့၏ လုပ်ပုံကိုင်ပုံများ

YBS စီးရင် လိုက်နာရမည့် လူ့ကျင့်ဝတ်များ ရေးပါမယ်၊ လက်ခံသူယူပါ လက်မခံရင်ကျော်ပါ။

၁။ ကားမလာခင် ပိုက်ဆံကြိုထုတ်ပါ၊ အကြွေမရှိလျှင် ကြိုလဲထားပါ။ ၂။ မိမိ၏ ဝန်စီများကို ကျစ်လစ်ကိုင်‌ဆောင်ပါ၊ ဥပမာ၊ ထီး၊ အထုတ်၊ စသည်၊ မရမ်းမိ မတိုက်မိစေရန်ဖြစ်သည်။

၃။ အထဲရောက်လျှင် body ကို တစောင်းတိုး၍ဝင်ပါ၊ လမ်းတောင်းပါ၊ နဲနဲတိုးပါမယ်၊ sorry ပါ ဘာညာ တခုခုလေးပြော၍ဝင်ပါ၊ ကတိုကရိုက်နှင့် အတင်းဇွတ်မတိုးပါနှင့်။

၄။ မိမိစီးနေစဉ်အတွင်း ထိုင်ခုံမရပါက လက်တန်းကိုထိန်းနိုင်သည့်အနေထားကိုင်ထားပါ။ သတိရှိပါ။ ကားဘရိတ်အုပ်လျှင် ဟန်ချက်ပျက်၍ တပါးသူသို့ ထိခိုက်နိုင်ပါသည်၊ စကားများနိုင်ပါသည်။ အချို့ sensitive လူများရှိသည်။

၅။ အဲကွန်းကားဖြစ်သည့် YBS ဆိုလျှင် တတ်နိုင်သမျှ အနံ့ဆိုးထွက်သော အစားအစာများကို တတ်နိုင်သမျှ ထုတ်ပိုးပါ။ တချို့မိန်းကလေးများ လက်ဖက်ဗူးများ ဖွင့်းစားခြင်း ရှမ်းခေါက်ဆွဲဖွင့်ခြင်းများ ကြုံဖူး၍ဖြစ်သည်၊ အများပြည်သူ ဧရိယာတွင် မလုပ်သင့်သောအချက်ဖြစ်သည်။ အချို့နေကြာစိများစားနေကြသေးသည်။ နေကြာစေ့ကြက်သွန်ဖြူမှလည်း အနံ့ထွက်သည် အခွံများလည်း ပွကျဲနေသည်။ ရေခဲမုန့်များလည်း စားလျက်တက်လာကြသည်။ ၎င်းအရည်များအခြားသူသို့ အမှတ်တမဲ့စင်နိုင်ပါသည်။

၆။ မိမိဆင်းမည့်မှတ်တိုင်တတိုင် ကြိုထွက်ထားပါ၊ ဆင်းမည်ဟု အသံပြုထားပါ၊ အချို့ကမဆင်းပဲ အပေါက်ဝပိတ်ရပ်ထားကြ၍ဖြစ်သည်။

၇။ ဆင်းလျှင် လက်တန်းဖြုတ်ဆင်းပါ၊ လက်မဖြုတ်လျှင် နောက်လူဆင်းရခက်ပါသည်။

တတ်နိုင်သမျှ မိမိကိုယ်ကို သတိပြုဆင်ခြင်သွားလာနိုင်ကြပါစေ။ အကာအကွယ်မပါပဲ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရည်းစားများနောက်ဆုံးခုံတွင် မိမိအိမ်ကဲ့သို့ တမေ့တမောအိပ်ပျော်နေခြင်း၊ မဖွယ်မရာပြုလုပ်ခြင်းတို့သည် လုံးဝမလုပ်သင့်သော လူ့ကျင်ဝတ်များဖြစ်ပါသည်၊၊ (Slena)

ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသည့် အများပြည်သူသုံး YBS မော်တော်ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်များက ဓားကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်မှုများရှိလာကြောင်း ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများထံမှသိရပါတယ်။

ခါးပိုက်နှိုက်အများစုသည် ကားတစ်စီးလျှင် လေးဦးခန့်ပါဝင်ပြီး နှစ်ဦးသည် လူကွယ်ပေးခြင်း၊ တစ်ဦးသည် ခရီးသွားများထံမှ ပစ္စည်းများလုယက်ခြင်းနှင့် ကျန်တစ်ဦးသည် ၎င်းတို့အား အစဖော်မည့်သူကို စောင့်ကြည့်ခြင်း၊ ခရီးသွားများက ဓာတ်ပုံရိုက်ခြင်း၊ ခါးပိုက်နှိုက်ဟု အော်ဟစ်သတိပေးခြင်းများ ပြုလုပ်ပါက ၎င်းတို့တွင်အသင့်ပါလားသည့် ဓား၊ ကတ်ကြေးများဖြင့် ရန်ပြုခြင်းများကို ပြုလုပ်ကြောင်း ခါးပိုက်နှိုက်များနှင့် ကြုံတွေ့ခဲ့ရသူများကပြောပါသည်။

ထို့ပြင် ခါးပိုက်နှိုက်နှင့် အုပ်စုဖွဲ့လုယက်သူများသည် အပေါ်လိုင်းနှင့် အောက်လိုင်းနှစ်ဖွဲ့ရှိပြီး အပေါ်လိုင်းကားပေါ်တွင် အဖွဲ့တစ်ဖွဲ့နှင့် ကားမှတ်တိုင်တွင် အဖွဲ့တစ်ဖွဲ့တို့က အချိန်ကိုက်လှုပ်ရှားခြင်းဖြစ်ကြောင်း၊ ခါးပိုက်နှိုက်သူများသည် ၎င်းတို့၏ဦးထုပ်၊ လွယ်အိတ်၊ လက်ကိုင်ပုဝါများဖြင့် ခရီးသွားများ၏ အိတ်အောက်ခြေကို ထက်ခြမ်းခွဲခြင်းဖြစ်ပြီး အုပ်စုအတွင်းပါဝင်သူတစ်ဦးက ၎င်းတို့၏ပစ်မှတ်ကို အချိန်မေးမြန်းခြင်း၊ အနီးနားတွင် မခွာဘဲရှိနေခြင်းတို့ဖြင့် အနှိုက်ခံရသူကို သတိမပြုမိအောင် လုပ်ဆောင်လေ့ရှိကြောင်းလည်း နေ့စဉ် YBS စီးနင်းသည့်ခရီးသွားများထံမှ သိရပါသည်။

Leave a Comment

You cannot copy content of this page