News

လူပြန်ကယ်ဌာနတခုလုံး အလုပ်မဆင်းတဲ့ကိစ္စ နှင့် အခွင့်အ‌ရေးသမား အမေရိကန်က မြန်မာသံအမတ်

လူပြန်ကယ်ဌာနတခုလုံး အလုပ်မဆင်းတဲ့ကိစ္စ နှင့် အခွင့်အ‌ရေးသမား အမေရိကန်က မြန်မာသံအမတ်..

ဒေါက်တာသက်သက်ခိုင်ကို လူပြန်ကယ်ဝန်ကြီးပေးလိုက်တယ် တစ်ရုံးလုံး အလုပ်မဆင်းတော့ဘူး။ ပွဲကတော့ လှတယ်။ Civil Movement ရဲ့ အနှစ်က ဒါပါပဲ။ အောက်မှာ ခိုင်းရမယ့်သူမရှိရင် ထိုင်ခုံကြီး ဘာလုပ်ရမှာလဲ၊ အာဏာရှိတယ်ဆိုပြီး လက်အောက်ငယ်သားမရှိ ဘာဖြစ်မလဲ။

ငါဘုရင်ကွဆိုပြီး ဘယ်သူမှ သောက်ဖက်မလုပ်လို့ ကိုယ့်အိမ်က ခွေးနှစ်ကောင်ကိုပဲ ခိုင်းလို့ရတဲ့ အရူးလိုဖြစ်နေမှာပေါ့။ သမ္မတထိုင်တဲ့ခုံလဲ ထိုင်ချင်ရင် ယုဇနပလာဇာမှာ သွားဝယ်ပြီး အိမ်မှာ စိတ်ကြိုက်ထိုင်လို့ရပါတယ်။ That is Civil Movement ပါ။

နေ့တိုင်း ရပ်သွားမှာစိုးလို့ စောင့်ကြည့်နေတာ။ အခု အများကြီးပါလာပြီ ပညာရေးပါလာတာ အရမ်းအားရ၊ နိုင်ငံခြားရေးတွေပါလာရင် ပိုအားရမယ်။ တစ်ခုတော့ရှိတယ် အမေရိကန်သံအမတ်တဲ့ CDM လုပ်တယ်ဆိုပြီး Asylum လျှောက်သတဲ့၊ အဲ့ဒါ သက်သက် ဖျာခင်းတာ ဘာမှ နိုင်ငံအတွက်မဟုတ်ဘူး။

CDM ဆိုတာ အလုပ်ထွက်တာမဟုတ်ဘူး။ လိုချင်တာရဖို့ အစိုးရကို မကြိုက်လို့ အလုပ်မဆင်းတော့တာ၊ ကိုယ့်အစိုးရပြန်တက်တာနဲ့ အသာလေး ပုံမှန်ပြန်ဆင်းရုံပဲ၊ ပြန်လည်ပတ်ဖို့ ပြန်ကိုဆင်းပေးရမှာ။ အဲ့ဒါမှ CDM အစစ်။ နိုင်ငံရေးခိုလှုံခွင့်တောင်းတယ်ဆိုတာ ဖျာခင်းပြီး သက်သက် အခြေအနေကို အခွင့်အရေးယူတာပဲ။

CDM အရှိန်ရလာပြီဆိုတာ သေချာတယ်။ နောက်တစ်ဆင့် တက်လို့ရတယ်။ အစိုးရဝန်ထမ်းတွေတင် မဟုတ်ဘူး၊ အပြင်လူတွေပါ ပါလို့ရတယ်။ UMFCCI တို့ဘာတို့ သွားတွေ ပူးပေါင်းတယ်၊ ဝန်ကြီးရာထူးယူကြတယ်မဟုတ်လား။ သူတို့ လုပ်ငန်းတွေ အားမပေးနဲ့၊ ဆိုင်တွေ သူတို့ပစ္စည်းတွေ မရောင်းပေးနဲ့၊ သူတို့ ဝန်ထမ်းတွေ ထွက်ပစ် စတဲ့ Movement တွေ။

ကိုယ်ကစီးပွါးရေးသမားဆိုတော့ ဒါတွေဖြစ်လာရင် ဘယ်လောက်ခေါင်းကိုက်မယ်ဆိုတာ ကောင်းကောင်းသိတယ်။ အခု မိုင်တဲတို့ မြန်မာဘီယာတို့ စထိနေပြီ။ တရားမဝင်အစိုးရနဲ့ သွားပေါင်းတဲ့သူတွေကိုပါ ပက်ပက်စက်စက် လုပ်လို့ရတယ်ဆိုတာပြောတာ။

(ဒေါက်တာကျော်ကျော်စိုင်း)

Leave a Comment

You cannot copy content of this page